ခင်ပွန်း ဆုံးပါးသွား လို့ တက္ကစီ မောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂအမျိုးသမီး

ခင်ပွန်း ဆုံးပါးသွား လို့ တက္ကစီ မောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂအမျိုးသမီး

ယနေ့ခေတ်မှာ မိန်းမသားတွေ ဟာလည်းပဲ ယောက်ကျားတွေနည်းတူ အလုပ်အကိုင်တွေ တန်းတူလုပ်ကိုင်လာကြပါတယ်..ဒါပေမယ့် မိန်းကလေး တက္ကစီမောင်းသူဆိုတာတော့ ရှားပါလိမ့်မယ်…ဒီထဲမှာမှာ ခင်ပွန်းသည်မရှိတော့လို့ တက္ကစီမောင်းပြီး မိသားစုကိုတာဝန်ယူထားတဲ့ အမျိုးသမီး တစ်ဦးဖြစ်တဲ့မမိမိပြုံးဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်….ခင်ပွန်းဆုံးပါး သွားပြီးနောက်ပိုင်းမှာ တက္ကစီမောင်းခဲ့ပြီးတော့ကလေးတွေကို ရှာကျွေးလာတာ ၆ နှစ်ခန့်ရှိပြီလို့ သိရပါတယ်

အမျိုးသားတက္ကစီမောင်းသူတွေများတဲ့ထဲမှာ အမျိုးသမီး တစ်ယောက်အနေနဲ့ တက္ကစီမောင်းရတာ လွယ်တော့မလွယ်ပါဘူး…ဒါပေမယ့် မိမိသားသမီးတွေအတွက် အခက်အခဲတွေ ဘယ်လောက်ရင်ဆိုင်ရပါစေ သမ္မာအာဇီဝအလုပ်ကို လုပ်နိုင်တဲ့မမိမိပြုံးရဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာပါ…

ဒါကြောင့် ပရိသတ်ကြီးတို့လည်း မိန်းမသားပေမဲ့ တက္ကစီမောင်းပြီး ဘဝကို ကျော်ဖြတ်နေ တဲ့ မမိမိပြုံး ကို ချီးကျူးအားပေး စကားလေးတွေ ဆိုခဲ့ကြပါအုံးနော်..

Credit Jeeptoolay
Source Duwun

Add a Comment

Your email address will not be published. Required fields are marked *

one × 3 =