သိန်းသုံးသောင်းကျော် တန် ဆေးပြားများ သယ်လာတဲ့ ယာဉ်ကို ပစ်ဖမ်း၊ ယာဉ်မောင်း ထွက်ပြေး

သိန်းသုံးသောင်းကျော် တန် ဆေးပြားများ သယ်လာတဲ့ ယာဉ်ကို ပစ်ဖမ်း၊ ယာဉ်မောင်း ထွက်ပြေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ် ကား လမ်း ဂျူးလု ကျေးရွာနှင့် ပါဘော ကျေးရွာကြား၌ မေ ၃၀ ရက်က ကျပ်သိန်း(၃၂,၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် ယာဉ်ကို ဖမ်းဆီးစဉ် ယာဉ်မောင်းထွက်ပြေး လွတ်မြောက် သွားကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၉)မှ ဒုရဲမှူးမျိုးခိုင် နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မေလ(၃၀) ရက် က မိုင်းဆတ်-တာချီလိတ်ကားလမ်း ဂျူးလုကျေးရွာနှင့်ပါဘောကျေးရွာကြားတွင် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးနေစဉ်

မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အမျိုးသား တစ်ဦးမောင်းနှင်လာသော ယာဉ်အမှတ်၊ SHN-7L/ – – – – ၊TOYOTA REVO အဖြူရောင်ယာဉ်သည် စစ်ဆေးရေးအဖွဲ့အား ကိုက်(၁၀၀)ခန့်အကွာမှ မြင်တွေ့ပြီး နောက်ပြန် လှည့်မောင်းပြေးစဉ် ပိတ်ဆို့ရေး တာဝန်ကျရဲတပ်ဖွဲ့ဝင်က M-22 သေနတ်ဖြင့် (၁၄)ချက်ခန့် သတိပေးတားဆီးပစ်ခတ်ရာ

မရပ်တန့်ဘဲ ဆက်လက်မောင်းပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးရာ ဂျူးလုကျေးရွာနှင့် ၆၁၆ (“ဝ”ကျေးရွာ)ကြား တွင် မော်တော်ယာဉ်အား ရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ လမ်းယာဘက်လျှိုအတွင်း ထွက်ပြေးသွားသဖြင့် လိုက်လံ ရှာဖွေရာ တွေ့ရှိခြင်းမရှိတော့ဘဲ ထွက်ပြေးလွတ်မြောက်သွား ခဲ့ပါတယ်။

ရပ်တန့်ထားခဲ့သောမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်တွင် သေနတ်ကျည်ထိမှန်ရာ (၁၁) ချက်နှင့် ယာဉ်မောင်းထိုင်ခုံအောက် ခြေနင်းနေရာတွင် တရားခံ၏ သွေးများကျန်ရှိနေပြီး ယာဉ်နောက်ခန်းအတွင်းရှိ အပြာရောင်ပီနံအိတ်(၁၅)အိတ်အား ဖွင့်ဖောက်စစ်ဆေးရာ Y1 တံဆိပ်ပါ ဖယောင်း စက္ကူဖြင့်ထုပ် ထားသော WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀၀)ပြားစီပါ (၁၀၀)ထုပ်၊ စုစုပေါင်း ဆေးပြား နှစ်သိန်းစီပါ ပီနံအိတ်(၁၅) အိတ်၊ ငွေကျပ်သိန်းပေါင်း (၃၀,၀၀၀)တန်ဖိုးရှိ ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်။

မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသူကို မယ(ပ)၁၆/၂၀၂၀၊ မူး/ စိတ်ပုဒ်မ-၁၉(က)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

Add a Comment

Your email address will not be published.

3 × 5 =