အနုပညာလောကကနေ အပြီးထွက်ခွာလိုက်ရတဲ့ အကြောင်းအရင်းကို ပြောပြလာတဲ့ “မေကဗျာ”
Posted on
မေကဗျာ ဟာဆိုရင် လက်ရှိမှာတော့ အနုပညာ အလုပ်တွေထက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ အမျိုးသမီး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း ရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။,., မေကဗျာ ကတော့ အရမ်းချောမော လှပပြီးချစ်စရာကောင်းလွန်းတဲ့သမီးလေး ဂင်္ဂါမေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမူ့တွေမရှိတော့ဘဲ Live Sale တွေပဲ ဆက်တိုက် ရောင်းချနေတာကို တွေ့ရပါတယ်။
စျေးပဲရောင်းချင်တော့တာကြောင့် သရုပ်ဆောင်အဖြစ်က စွန့်လွှတ် လိုက်ပါပြီလို့ ပရိသတ်တွေကို အသိပေးထားပါတယ်။မေကဗျာ ဟာ သရုပ်ဆောင်အလုပ်ကို အပြီးတိုင် စွန့်လွှတ်လိုက်တဲ့ အကြောင်းရင်းမှန်ကို အခုလိုပဲ ရှင်းပြလိုက်ပါတယ်။ သူများတွေ နဲ့ ယှဉ်ရင် Facebook Page 2 Million Followers ဆိုတာ ဘာမှမဟုတ်ပေမယ့် ပရိသတ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ မဲဖောက်ပေးဖြစ်တာပါ။ ကိုယ့်ကို ချစ်တဲ့လူ ဒီလောက်ရှိပါလား သိခွင့်ရတဲ့ အတွက် ဝမ်းသာတယ်။
တန်ဖိုးထားတယ်။ ဇာတ်ကားက မရိုက်တာ ကြာတော့ မရိုက်ချင် တော့ဘူး။ လာပြောကြတာတွေ ရှိပေမယ့် ဆုံးဖြတ်ပြီး ဖြစ်တဲ့အတွက် ဇာတ်ကားမရိုက်တော့ပါဘူး လို့ မေကဗျာ ကပြောပြထားပါတယ်။.. အသက်အရွယ်လိုက် ဘယ်အရွယ်မှာ ဘာလုပ်မယ်ဆိုတဲ့ plan ချထားတာကြောင့်ဖြစ်ပြီး လက်ရှိရောက်ရှိနေတဲ့အရွယ်မှာ စီးပွားရေးပဲ လုပ်ချင်နေတာကြောင့် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့တာပါ။ မိသားစုရဲ့အစဥ်အဆက် စီးပွားရေးကလဲ စျေးရောင်းတာကြောင့်လဲ ပါတယ်။ ဒါအပြင် ဝါသနာကြောင့်လဲ စျေးရောင်းတာကိုပဲ လုပ်ချင်တော့တာလို့ မေကဗျာ က အင်တာဗျူးတစ်ခုမှာ ပြောထားပါတယ်။
crd
zawgyi
crd