ဒီနေ့ တနေ့လုံးမှ သမီးတယောက် ပဲ လာဝယ်မယ့်သူ ရှိသေးတယ် ဆိုတဲ့ ဝမ်းစာအတွက် သမ္မာအာဇီဝကျစွာ ရှာဖွေနေတဲ့ အဖွား

ဒီနေ့ တနေ့လုံးမှ သမီးတယောက် ပဲ လာဝယ်မယ့်သူ ရှိသေးတယ် ဆိုတဲ့ ဝမ်းစာအတွက် သမ္မာအာဇီဝကျစွာ ရှာဖွေနေတဲ့ အဖွား

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ကုသိုလ် ကံချင်းမတူညီကြပါဖူး။ တစ်ချို့တွေ ကံကောင်း သလောက် လူတစ်ချို့ကတော့ ကံဆိုးနေကြတယ်။

လူတစ်ယောက်ရဲ့ အိုဇာတာ ကတော့ ခန့်မှန်းရခက်ပါသည်။ ကံကြမ္မာက မျက်နှာသာ မပေးတဲ့ အတွက်အသက်ကြီးတဲ့ထိ ဝမ်းစာအတွက် သမ္မာအာဇီဝကျစွာ ရှာဖွေနေတဲ့ အဖွားတစ်ဦးရဲ့ အကြောင်းကို

Htar Thitsar အကောင့်ပိုင်ရှင် က ခုလိုဝေမျှပေးထားတာပါ။ သူမရေးသား ဝေမျှထားတာကတော ဒီလိုပါ။ဗန္ဒုလလမ်းမပေါ် ၂၅လမ်းထိပ်တဝိုက်မှာ ရောင်းနေတဲ့အဖွားပါ။

ဂေါ်ဖီပန်း ပွင့်တစ်ပွင့်ဝယ် မလို့မေးတာ ၁၀၀၀ တဲ့ ၃ပွင့်ယူပါလား ၂၅၀၀ ပဲပေးပါ ပြန်သယ် ရတာ အရမ်းလေးလို့ပါ ဆိုတော့ သမီးလည်း လေးလို့ပါဆိုတော့ ညှပ်ပေးပါ့မယ် တဲ့ ဝယ်လိုက်ပါတယ်။

လိမော်သီးလည်း ယူမလားတဲ့ ငွေမပိုတော့လို့ပါဆိုတော့ (တကယ်လည်း ကိုယ့်မှာ ၅၀၀၀တန်တစ်ရွက်ပဲရှိ တော့တာ) “ယူသွားပါလား နောက်နေ့ကြုံမှပေး သပ်သပ်လာပေးရတာဝေးရင် မလာနဲ့

သမီးမျက်နှာ ကြည့်ရတာ လိမ်မယ့်ရုပ် မဟုတ်ဘူး တကယ်ပြောတာ ယူသွား လိမ္မာတယ် တညနေလုံး အဘွားရောင်းတာ ဝယ်တာ သမီးပဲရှိလို့ လက်ဆောင်ပေးတာတဲ့ (စိတ်ထဲမကောင်းဘူးအဖွားရယ် ဘယ်လိုတောင်လဲ)

ဘယ်မှာနေတာလဲ” ဆိုပြီး လိမော်သီး တွေ ၅လုံးပါ ထပ်ထည့်ပေး လိုက်တယ် ဒီနားမှာပဲနေတာမလား လမ်းမတော်လား လသာလား “အမ်မလေး ဒလထိ ပြန်ရမှာ မသယ်နိုင်ဘူးတစ်ယောက်တည်း” ဆိုတော့

“ဒလဆိုတာ ဟိုဘက် ကမ်းလား လူပုံက တရုတ်တန်းသူရုပ် နဲ့ ဘယ်လိုတောမှာ နေတာလဲ ကလေး ဂရုစိုက်ပြန် မှောင်နေပြီ” တဲ့ ကိုယ်ကသူ့စိတ်ပူ သူက ကိုယ့်စိတ်ပူဖြစ်နေတယ်

သူငယ်ချင်းတို့ လမ်းကြုံလျှင် နဲနဲဝယ်ပေး လိုက်ကြပါနော် အသီးအနှံတွေက တကယ်လတ်ဆတ် ပါတယ် အိုင်တော့ ပိတ်ရက်၂ရက်လုံး ဂေါ်ဖီပန်းပွင့်ပဲစားတော့မယ်။

မူရင်းရေသားသူ ပိုစ်ပိုင်ရှင် Htar Thitsar အား လေးစားမူဖြင့် ခရက်ဒစ်ပေးပါတယ်။