ကိုဗစ် ရောဂါ ပြင်းထန်နိုင်သည့် သွေးအမျိုးအစားများ (ရှယ်ထား သင့်ပါသည်)

သွေးအမျိုးအစားအ လိုက် လူတစ်ယောက် ကို ကိုဗစ် ရောဂါ ကူးစက်နိုင်သည့်အန္တရာယ်နှင့် ယင်းရောဂါပြင်းထန်နိုင်သည့်အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ယင်းလေ့လာမှုရလဒ် ကို အောက်တိုဘာ ၁၄ ရက်က Blood Advances ဂျာနယ်တွင် ဖော်ပြထားသည်။ လေ့လာမှုတွင် သုတေသီများက ဒိန်းမတ်နိုင်ငံရှိ ကိုဗစ် ရောဂါကူးစက်သူ ၄၇၃,၀၀၀ ဦးကို အခြားလူပေါင်း ၂ ဒသမ ၂ သန်း၏ အခြေအနေများနှင့် နှိုင်းယှဉ်လေ့လာထားသည်။

ကိုဗစ် လူနာများတွင် အိုသွေးအမျိုးအစားသည် ရာခိုင်နှုန်းအနည်းငယ်သာပါဝင်ပြီး အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများ ပါဝင်နေသည့် ရာခိုင်နှုန်းပိုများကြောင်း သုတေသီများက ပြောကြားသည်။ အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများသည် ကိုဗစ် ရောဂါကူးစက်နိုင်သည့်အန္တရာယ် မြင့်မားပုံရကြောင်း မိမိတို့၏လေ့လာမှုအတွင်း တွေ့ရှိသည်ဟု သုတေသီများက ပြောကြားသည်။

ယင်းသွေးအမျိုးအစား သုံးမျိုးရှိသူများကြားတွင် ကူးစက်မှုနှုန်းမှာ အတူတူဖြစ်ကြောင်း သုတေသီများ က ပြောကြားသည်။ အခြားလေ့လာမှုတစ်ရပ်တွင် ကနေဒါနိုင်ငံရှိ ကိုဗစ် ရောဂါဒဏ်ပြင်းပြင်းထန်ထန်ခံစားနေရ ပြီး ဆေးရုံတင်ထားရသူ ၉၅ ဦးပါဝင်ပြီး ၎င်းတို့အနက် အေ၊ ဘီနှင့် အေဘီသွေးအမျိုးအစားရှိသူများ အသက်ရှူကိရိယာအသုံးပြုရန်လိုအပ်မှုပိုများကြောင်း တွေ့ရှိထားသည်။ ယင်းသွေးအမျိုးအစားရှိသူများ သည် ကျောက်ကပ်ပျက်စီးခြင်းကြောင့် သွေးသွင်းရန်လိုအပ်မှုလည်းပိုများကြောင်း လေ့လာမှုတွင်ဖော်ပြ ထားသည်။ ယခုလေ့လာမှုကို ဗြိတိန် ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့သည်။

crd

zawgyi

ေသြးအမ်ိဳးအစားအ လိုက္ လူတစ္ေယာက္ ကို ကိုဗစ္ ေရာဂါ ကူးစက္ႏိုင္သည့္အႏၲရာယ္ႏွင့္ ယင္းေရာဂါျပင္းထန္ႏိုင္သည့္အႏၲရာယ္ကို ႀကိဳတင္ခန႔္မွန္းႏိုင္ေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။ ယင္းေလ့လာမႈရလဒ္ ကို ေအာက္တိုဘာ ၁၄ ရက္က Blood Advances ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။ ေလ့လာမႈတြင္ သုေတသီမ်ားက ဒိန္းမတ္ႏိုင္ငံရွိ ကိုဗစ္ ေရာဂါကူးစက္သူ ၄၇၃,၀၀၀ ဦးကို အျခားလူေပါင္း ၂ ဒသမ ၂ သန္း၏ အေျခအေနမ်ားႏွင့္ ႏႈိင္းယွဥ္ေလ့လာထားသည္။

ကိုဗစ္ လူနာမ်ားတြင္ အိုေသြးအမ်ိဳးအစားသည္ ရာခိုင္ႏႈန္းအနည္းငယ္သာပါဝင္ၿပီး ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ား ပါဝင္ေနသည့္ ရာခိုင္ႏႈန္းပိုမ်ားေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။ ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ားသည္ ကိုဗစ္ ေရာဂါကူးစက္ႏိုင္သည့္အႏၲရာယ္ ျမင့္မားပုံရေၾကာင္း မိမိတို႔၏ေလ့လာမႈအတြင္း ေတြ႕ရွိသည္ဟု သုေတသီမ်ားက ေျပာၾကားသည္။

ယင္းေသြးအမ်ိဳးအစား သုံးမ်ိဳးရွိသူမ်ားၾကားတြင္ ကူးစက္မႈႏႈန္းမွာ အတူတူျဖစ္ေၾကာင္း သုေတသီမ်ား က ေျပာၾကားသည္။ အျခားေလ့လာမႈတစ္ရပ္တြင္ ကေနဒါႏိုင္ငံရွိ ကိုဗစ္ ေရာဂါဒဏ္ျပင္းျပင္းထန္ထန္ခံစားေနရ ၿပီး ေဆး႐ုံတင္ထားရသူ ၉၅ ဦးပါဝင္ၿပီး ၎တို႔အနက္ ေအ၊ ဘီႏွင့္ ေအဘီေသြးအမ်ိဳးအစားရွိသူမ်ား အသက္ရႉကိရိယာအသုံးျပဳရန္လိုအပ္မႈပိုမ်ားေၾကာင္း ေတြ႕ရွိထားသည္။ ယင္းေသြးအမ်ိဳးအစားရွိသူမ်ား သည္ ေက်ာက္ကပ္ပ်က္စီးျခင္းေၾကာင့္ ေသြးသြင္းရန္လိုအပ္မႈလည္းပိုမ်ားေၾကာင္း ေလ့လာမႈတြင္ေဖာ္ျပ ထားသည္။ ယခုေလ့လာမႈကို ၿဗိတိန္ ကိုလံဘီယာတကၠသိုလ္မွ သုေတသီမ်ားက ျပဳလုပ္ခဲ့သည္။

crd