သိန်းထောင်ချီတန်တဲ့ စိန်နားကပ်ကြီး နဲ့ စိန်လက်စွပ်ကြီး လက်ဆောင် ရရှိခဲ့တဲ့ “နှိုင်းယှဥ်မြင့်မိုရ်”

Posted on

သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကျရာဇာတ်ကားတွေမှာ ပီ​ပြင်လှတဲ့သရုပ်ဆောင်ချက်များနဲ့ အတူ ကျရာဇာတ်ကောင်၊ ဇာတ်ရိုက်မှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့် ပရိတ်သတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်က “ရွှေသမီး” စိန်ရွှေရတနာဆိုင်ကနေ သိန်းထောင်ချီ တန်တဲ့ စိန်နားကပ်ကြီးနဲ့ စိန်လက်စွပ်ကြီး လက်ဆောင် ရရှိခဲ့တဲ့ အကြောင်းကိုအခုလို ပြောပြထားပါတယ်နော်။

သရုပ်ဆောင်နှိုင်းယှဥ်မြင့်မိုရ်က ရွှေသမီးက သူတို့နဲ့အလုပ်လုပ်တာ တစ်နှစ်ပြည့်တုန်း ကလည်း လက်စွပ် ငါးမူးကိုက် လင်မယားနှစ်ယောက်အတွက် 47သိန်းဖိုး လက်ဆောင်ပေးတယ်၊ ခုလည်း နှစ်နှစ်ပြည့်သွားတာကို မှတ်မိနေတယ်၊ နှိုင်းရှင်အတွက် မမနီလာက နှိုင်းရှင်ကြိုက်တဲ့ အတောင်ပံဝမ်းဆက်လေးအိမ်ကိုပို့ပေးထားတယ်။

အရမ်းကြိုက်တယ်မမနီလာ၊ အရမ်းလည်းကျေးဇူးတင်ပါတယ်၊ မိသားစုလိုအမြဲနွေးထွေးပေးလို့ ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက်ပါတယ်နော်။

crd

zawgyi




crd