ကိုဗစ်ကာလာ မှာ အရမ်းဝလာလို့ စိတ်မညစ်ပါနဲ့ အိမ်မှာပဲလုပ်လို့ရတဲ့ ဆေးနည်းလေး ဒါနပြုပါရစေ

ရှောက်ရွက် ၇ ရွက်၊ ကွမ်းရွက် ၃ ရွက် ၊သကြား ၂ဇွန်း၊ ဆား ၁ဇွန်းလျော့လျော့ (ထမင်းစားဇွန်းနဲ့) ရေအပြည့်ဖြည့်ပြီး ၁၀ ရက်ထား ၊ ပြီးရင် အရွက်တွေ ဖယ်ထားပြီး

အစာမစားခင်အကြမ်းပန်းကန်တစ်ခွက် သောက်ပေးယုံဘဲ(အခန်းအပူချိန်ထဲဘဲထားရန်)အရွက်တွေမဖယ်ထားလဲဘာမှမဖြစ်ပါ ရာသီဥတုအရမ်းပူနေတော့ အရမ်း ချဉ် စူး သွားမှာစိုးလို့၊ကိုယ်သောက်နိုင်ရင်ရပါတယ်

ရေခဲသေတ္တာထဲထည့်ထားရင်တော့ အချဉ်ဓါတ်က ထပ်မထွက်တော့ဘဲ ပိုသောက် ကောင်းပါတယ် 2005 /2006 ခုနှစ်လောက် မေမေ အရမ်းဝနေတုန်းက (ဆိုက္ကား ပေါ် ထိုင် တာတောင် မဆန့်ဘူး) ခြေထောက်ကလည်း ဘယ်ပြန် ညာပြန်ကျိုးထားတော့

ဖေဖေ့ညီမ တစ်ယောက်ကနေ ဒီနည်းလေး ပေးခဲ့တာ၊(အဲ့အချိန်တုန်းက ကို ယ်တွေက မလိုအပ်ဘူး ဂျပိန်လေး ၊ လေတိုက်နေလို့ လိုက်ကာလွင့်တာနဲ့ ကုလားထိုင်လေးနဲ့ လိုက်ကာကိုဖိထိုင်တာ ကိုယ်ပါ လိုက် ရွေ့တယ်)မေမေက ဇွဲရှိတယ်

ပုံ မှန်လေးသောက်ပေးတာ တကယ်ဘဲ ကိုယ်ရည်စစ်သွားတယ် (ကြာတဲ့လတော့ မမှတ်မိ) ၊ အာ့နဲ့ ကိုယ်က စဥ့်အိုးတွေနဲ့ ဖော်ပြီး ဘုန်းကြီးကျောင်း တချို့ ကိုလှူတယ်

(ဘုန်းဘုန်းတွေက လေ ရတယ် ၊ အညောင်းအညာ ပြေတယ် ၊တရားမှတ်လို့ ကောင်းတယ် ဆိုပြီး အမြဲမှာတယ်) ကုသိုလ်ရတာပေါ့နော် ၊ အရသာလေးကလည်း သံပု ရာရည်လိုလေး(ကိုယ်တော့ကြိုက်) ရုံးဝန်ထမ်းလုပ်နေချိန် ဆိုတော့အပိုငွေလေးဝင်အောင် ဆိုပြီး

1Ltr ရေသန့်တစ်ဗူးစာ ကို ၂၀၀ ကျပ်နဲ့ ရောင်းတယ်၊ အား ပေး ကြပါတယ်၊ ရုံးကတချို့ လူကြီးကတော် တွေဆို ပိုက်ဆံမပေးဘဲ မှာ မှာသောက် တာ၊

ကိုယ်ကလည်း လူကြီးကတော်ဆိုတော့ တောင်းရမှာ အားနာတာလေ၊ ပစ္စည်းသာကုန်တာ ငွေကမပေါ်လာ ၊ ကွမ်းရွက် တို့ သကြားတို့ကဈေးကြီး လာတာနဲ့ စိတ်နာ ပြီးဆက်မလုပ်တော့တာ

ခုထိ😂(ပြောတော့ပြောရှာပါတယ် သူ့ရှောက်ရည်လေးက သောက်လို့ ကောင်းလိုက်တာ၊ လေက အထက်မတက်ဘဲ အောက်ကဘဲ ထွက် တာ ၊ဝမ်းလည်းမှန်လို့ နေလို့ကောင်းတယ် ပေါ့နေတာဘဲ ဆိုဆိုပြီး)

(မနက်ရုံးသွားရင် စက်ဘီးခြင်းလေးထဲ ထည့်ယူသွားတာ လမ်းမှာဖိတ်သေးတာ အချဉ်ဓါတ်နဲ့ဆိုတော့ လဲလိုက်ရတဲ့ ခြင်း မရေတွက်နိုင်ဘူး) အမြတ်တွေ အမြတ် တွေ လူလည်းအချဉ်နံ့တွေစွဲလို့ဆပ်ပြာလုပ်ရတာ အညောင်းမိ နေလို့မကောင်းတာနဲ့

ခုမှ ပြန်လုပ်သောက်တာ ၂ပုလင်းတော့ကုန်ပြီ၊ ၁၀ရက် ထားရတာ ဆိုတော့ ရ က်လေးခြား ခြား ပြီး မပြတ်အောင် လုပ်ထားတယ်၊ဝမ်းမှန်ပြီး လေ ကတော့ အသားကုန်လည်တာ …စိတ်နာလို့မရောင်းဘူးနော်၊ ကြို ပြောထားတာရှောက် ရွက် နုရင်ပုပ်သွားပါတယ်အရွက်ရင့်တာဘဲသုံးရတာပါ…

စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည် ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်

Credit