အပျိုစင် နုနုထွဋ်ထွဋ်လေး ကို လက်ထပ် လိုက်ရလို့ စိတ်ညစ်နေတဲ့ အသက် (၁၀၀) အဖိုး ရဲ့ အဖြစ်

အပျိုစင် နုနုထွဋ်ထွဋ်လေး ကို လက်ထပ် လိုက်ရလို့ စိတ်ညစ်နေတဲ့ အသက် (၁၀၀) အဖိုး ရဲ့ အဖြစ်

အသက်(၁၀၀)နှစ် အရွယ် အဖိုးအိုတစ်ဦး ကတော့ သေခါနီး မှ ရိက္ခာယူတယ် ဆိုရမလား၊ သေခါနီး မှ ကံပေါ်တယ် လို့ ပြောရမလားမသိ အသက်(၂၀)အရွယ် အပျိုစင်နုနုလေးနဲ့ လက်ထပ်ရလို့ စိတ်ညစ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ စိတ်ညစ်တယ် ဆိုတာကလည်း အများအမြင် မှာ အဟန့်ဖြစ်အောင်လို့ ပြောပုံရကြောင်း၊ ကြိတ်ပျော်နေတာကို မြင်သာစေကြောင်း ဆွေမျိုးတစ်ဦးက ပြောပါတယ်။စုံတွဲရဲ့အမည်ကတော့ ကက်တီ နဲ့ အင်ဒိုအလန်တို့ ဖြစ်ပါတယ်။

သူတို့ဟာ အင်ဒိုနီးရှား နိုင်ငံ ဝါဂျိုမှာ နေထိုင် ကြပါတယ်။ အသက်(၂၀) ကွာခြားပေမယ့် သတို့သမီးဘက်က လက်ထပ်ဖို့ အလွန် လိုလားနေလို့ အဖိုးကတ်တီက လက်ထပ်ဖို့ ခွင့်ပြုခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ထပ်ပွဲကိုတော့ သတို့သမီး အင်ဒိုအလန်ရဲ့အိမ်မှာ နှစ်ဘက်ဧည့်တွေ ကို ဖိတ်မံပြီး ကျင်းပခဲ့တာပါ။ အဖိုးကတ်တီဟာ ဒက်ခ်ျကိုလိုနီခေတ်က စစ်သားဟောင်းကြီး ဖြစ်ခဲ့ပြီး၊ အသက်(၁၀၀)တိုင်သည်အထိ ကျန်းမာရွှင်လန်းနေတယ်လို့ ဆိုပါတယ်။

သူ့မှာ ငွေကြေး စုမိဆောင်း မိလည်း ရှိထားတဲ့ အတွက် အင်ဒိုအလန်အနေ နဲ့ အပိုင်ကွက် ဖမ်းပြီး အဖိုးကို ဖမ်းစားခဲ့တာလို့လည်း သွားပုတ်လေလွင့် ပြောခံနေရပေမယ့်၊ သူမကတော့ ဒီလိုအချစ်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူးတဲ့။ ကတ်တီဟာ သူတို့လူမှုပတ်ဝန်းကျင်မှာတော့ သြဇာညောင်းတဲ့ လူကြီး လူကောင်း တစ်ယောက် ဖြစ်ပါတယ်။

သတို့သမီးအင်ဒိုအလန်ရဲ့ ဆွေမျိုး တစ်ဦးဖြစ်တဲ့ Ayu Anggreni Muchtar ကတော့ ” ဟုတ်ပါတယ် ဂလီကိုလမ်းက သတို့သမီးအိမ်မှာ မင်္ဂလာပွဲလုပ်ပေးခဲ့တာပါ … သူတို့ ဘယ်လောက် အသက်ကွာတယ် မသိရပေမယ့် ကတ်တီက (၁၀၀)ကျော်နေပြီဆိုတာတော့ သေချာပါတယ် … သူဟာ ကိုလိုနီခေတ်က သူရဲကောင်း တစ်ယောက်ပါ “လို့ ပြောခဲ့ပါတယ်။သူက ဆလက်ပြီး ” ကောင်မလေးက အသက်(၂၀)လောက်ပဲ ရှိသေးတယ် …. “လို့ ပြောပါတယ်။ ကတ်တီကတော့မင်္ဂလာပွဲအတွက် ပေါင် (၂၇၉)တန်ဖိုးရှိတဲ့ အင်ဒိုရူပီး (၅)သန်းကျော် ကို မင်္ဂလာပွဲအတွက် သုံးခဲ့ ရတယ်လို့ သိရ ပါတယ်။ အင်ဒိုနီးရှား မှာတော့ ဒီလို အသက်ကွာခြားတဲ့ လက်ထပ်ပွဲ ဟာ ဖြစ်လေ့ ဖြစ်ထရှိပေမယ့်၊ ဖြစ်ခဲ့ရင်လည်း သတို့သမီးတွေက ငယ်ငယ် လေးတွေ ဖြစ်နေ တတ်ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

three × one =