ဓာတ်ဆားရေ သောက်တော့မယ် ဆိုရင် ဒါတွေ သတိထားပါ … (ရှယ်ထားပေးပါအုံး …)

ဓာတ် ဆားမှုန့်(Oral Rehydration Salts)ဆိုတာ၊ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အကြောင်း အမျိူးမျိူးေြ ကာင့်ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားများ လျော့နည်းခြင်းအတွက် ရေနဲ့ဖျော်ေ သာ က်တာပါ။ ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဆေးမှုန့်ပါ။

(ဘယ်လိုဓာတ် ဆားသောက်ရင် အကောင်းဆုံးလဲ)

မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ဓာတ်ဆား၊ နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိူးစုံအပြင် ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ အများ အြ ပား ရောင်းချနေပြီး တမျိူးနဲ့တမျိူး အာနိသင် သိသာစွာ ကွာခြားခြင်းမရှိပဲ အားလုံးကောင်းကြပါတယ်။ အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံ (MPF)ကထုတ်တဲ့ ဓာတ်ဆားပါ။

(ဓာတ်ဆားထုပ်ဝယ်ရင် ဘာတွေသိထားသင့်လဲ)

ဓာတ်ဆားထုပ် ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date)ပါ။ Date ကောင်းတာနဲ့တင် မပြီးပါဘူး၊ လတ်ဆတ်မှု ရှိ/ မရှိ လှုပ်ကြည့်ရပါမယ်။ က ပ်ေ နရင်(သို့) အထဲက အမှုန့် အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။

(ဓာတ်ဆားထုပ်ကို ဘယ်လိုထားသိုရမလဲ၊ ဘယ်ရေနဲ့ဖျော်ရမလဲ)

ဓာတ်ဆား တစ်ထုပ်ကို ရေကျက်အေး(သို့) ရေတစ်လီတာ/ ရေသန့်တဗူးနဲ့ ဖျော်ရမှာပါ။ သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို။ ရေခဲသေတ္တာထဲက ရေအေးနဲ့လဲ မဖျော်သင့်ပါဘူး။ ဓာ တ်ပျ ယ်သွားတတ်လို့ပါ။ ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ မထားသင့်ပါဘူး။ ဓာတ်ဆားရည်ကို ဖျော် ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ။

(တစ်နေ့ဘယ်နှစ်ထုပ်သောက်ရမလဲ၊ ဘယ်လိုလူတွေမသောက်ရဘူးလဲ)

ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုပ်သာ သုံးသင့်ပါတယ်။ ၂ ထုပ်ထက် ပိုသောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါ ဖြစ်တတ် လို့ပါ။ ဓာတ်ဆားထုပ်ကို ဆီးချိူ /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သင့်ပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေး ဆိုသလိုချွေးထွက် အလွန်များတဲ့ ယခုလိုနွေရာသီမှာ ဓာ တ်ဆားထုတ် သောက်တဲ့အခါ ဆင်ခြင်စရာလေးတွေကို ကျန်းမာရေး ဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်။

Credit-Original Poster

zawgyi

ဓာတ္ ဆားမႈန႔္(Oral Rehydration Salts)ဆိုတာ၊ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းနဲ႔ အေၾကာင္း အမ်ိဴးမ်ိဴးေျ ကာင့္ခႏၶာကိုယ္မွာရွိတဲ့ ေရဓာတ္နဲ႔ ဓာတ္ဆားမ်ား ေလ်ာ့နည္းျခင္းအတြက္ ေရနဲ႔ေဖ်ာ္ေ သာ က္တာပါ။ ယခုလို အလြန္ပူျပင္းတဲ့အခ်ိန္မွာ ေခြၽးထြက္လို႔ ဆုံးရႈံးသြားတဲ့ ေရနဲ႔ဆားဓာတ္ေတြ ျပန္လည္ျဖည့္တင္းဖို႔ အေကာင္းဆုံးေဆးမႈန႔္ပါ။

(ဘယ္လိုဓာတ္ ဆားေသာက္ရင္ အေကာင္းဆုံးလဲ)

ျမန္မာႏိုင္ငံ ေဆးဝါးလုပ္ငန္းစက္႐ုံက ထုတ္လုပ္တဲ့ဓာတ္ဆား၊ ႏိုင္ငံတကာမွ တင္သြင္းေရာင္းခ်တဲ့ ဓာတ္ဆားမ်ိဴးစုံအျပင္ ေဈးကြက္ထဲမွာ ႐ိုး႐ိုးဓာတ္ဆားမ်ား/သစ္သီးစုံဓာတ္ဆားမ်ား အမ်ား ျအ ပား ေရာင္းခ်ေနၿပီး တမ်ိဴးနဲ႔တမ်ိဴး အာနိသင္ သိသာစြာ ကြာျခားျခင္းမရွိပဲ အားလုံးေကာင္းၾကပါတယ္။ အရည္အေသြးျပည့္ဝၿပီး ၾကာရွည္အထားခံတာကေတာ့ ျမန္မာႏိုင္ငံေဆးဝါးစက္႐ုံ (MPF)ကထုတ္တဲ့ ဓာတ္ဆားပါ။

(ဓာတ္ဆားထုပ္ဝယ္ရင္ ဘာေတြသိထားသင့္လဲ)

ဓာတ္ဆားထုပ္ ဝယ္တဲ့အခါ ပထမဆုံးၾကည့္သင့္တာက သက္တမ္းကုန္ဆုံးရက္ (Expiry date)ပါ။ Date ေကာင္းတာနဲ႔တင္ မၿပီးပါဘူး၊ လတ္ဆတ္မႈ ရွိ/ မရွိ လႈပ္ၾကည့္ရပါမယ္။ က ပ္ေ နရင္(သို႔) အထဲက အမႈန႔္ အေရာင္ေျပာင္းေနရင္ လုံးဝမေသာက္သင့္ပါဘူး။

(ဓာတ္ဆားထုပ္ကို ဘယ္လိုထားသိုရမလဲ၊ ဘယ္ေရနဲ႔ေဖ်ာ္ရမလဲ)

ဓာတ္ဆား တစ္ထုပ္ကို ေရက်က္ေအး(သို႔) ေရတစ္လီတာ/ ေရသန႔္တဗူးနဲ႔ ေဖ်ာ္ရမွာပါ။ သတိထားရမွာက ေရေႏြးနဲ႔မေဖ်ာ္ရသလို။ ေရခဲေသတၱာထဲက ေရေအးနဲ႔လဲ မေဖ်ာ္သင့္ပါဘူး။ ဓာ တ္ပ် ယ္သြားတတ္လို႔ပါ။ ဓာတ္ဆားထုတ္ကို ေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာ ထားသိုရမွာျဖစ္ၿပီး၊ ေနေရာင္ျခည္ တိုက္႐ိုက္ထိေတြ႕တဲ့ ေနရာေတြမွာ မထားသင့္ပါဘူး။ ဓာတ္ဆားရည္ကို ေဖ်ာ္ ၿပီး ၂၄ နာရီအတြင္း ကုန္ေအာင္ေသာက္ရမွာျဖစ္ၿပီး ၂၄ နာရီထက္ေက်ာ္သြားတဲ့ ဓာတ္ဆားရည္ကို သြန္ပစ္ရမွာပါ။

(တစ္ေန႔ဘယ္ႏွစ္ထုပ္ေသာက္ရမလဲ၊ ဘယ္လိုလူေတြမေသာက္ရဘူးလဲ)

ပုံမွန္အားျဖင့္ ဓာတ္ဆားကို တစ္ရက္အမ်ားဆုံး ၂ ထုပ္သာ သုံးသင့္ပါတယ္။ ၂ ထုပ္ထက္ ပိုေသာက္မိရင္ ခႏၶာကိုယ္က ပိုေနမဲ့ ဆားဓာတ္ကို မစြန႔္ထုတ္ႏိုင္ပဲ ေသြးတိုးေရာဂါ ျဖစ္တတ္ လို႔ပါ။ ဓာတ္ဆားထုပ္ကို ဆီးခ်ိဴ /ေသြးတိုးရွိသူေတြ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔မွ ေသာက္သင့္ပါတယ္။ ဒါေၾကာင့္ တန္ေဆး လြန္ေဘး ဆိုသလိုေခြၽးထြက္ အလြန္မ်ားတဲ့ ယခုလိုေႏြရာသီမွာ ဓာ တ္ဆားထုတ္ ေသာက္တဲ့အခါ ဆင္ျခင္စရာေလးေတြကို က်န္းမာေရး ဗဟုသုတအေနနဲ႔ တင္ျပလိုက္ရပါတယ္။

Credit-Original Poster