အနုပညာ အလုပ်ကို လုပ်ဖို့ လုံးဝ စိတ်ကုန်သွားတဲ့ အကြောင်းရင်း ကို ပြောပြလာတဲ့ သရုပ်ဆောင် နဝရတ်
ရုပ်ရှင်သရုပ်ဆောင် နဝရတ်ကတော့ အနုပညာ လုပ်ငန်းတွေလုပ်ကိုင်ခြင်းမရှိတော့ပေမယ့် ပရိသတ်အများအပြားရဲ့ အားပေးမှုကို ရရှိနေဆဲဖြစ်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးပါ။လူမြင်ကွင်းမှာထွက်ပေါ်လာခြင်းသိပ်မရှိပေမယ့် မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ သူမအနေနဲ့ အနုပညာလောကကို လုံးဝစိတ်ကုန်သွားခဲ့တဲ့ အကြောင်းအရင်းကိုပြောပြလာခဲ့ပါတယ်။ နဝရတ်က အနုပညာအလုပ်တွေရပ်နားလိုက်ရတဲ့ အကြောင်းရင်း ကို ” လုပ်ခဲ့သမျှ လည်းကုန်ပြီပေါ့နော် ဒီ့ထက်လည်း လုပ်ပြစရာမရှိတော့ဘူး ကိုယ့်စိတ်ထဲမှာရော ရင်ထဲမှာရော ခန္ဒာကိုယ်သွေးသားထဲမှာပါ လုပ်တတ်တဲ့အရာအကုန်လုံးကို လုပ်ခဲ့ပြီးပြီ အခုကကျတော့ လုပ်သင့်တာနဲ့ လုပ်ချင်တာနဲ့ကို လုပ်နေတယ်” “၁၅ နှစ်လုံးလုံးကို ကိုယ်ကပြည့်ပြည့်၀၀ပေးပြီးပြီဆိုတော့ အခုချိန်မှာ ကိုယ့်အတွက်က အရမ်းပျော်တယ် ကျေနပ်တယ်ပေါ့နော် ပရိသတ်အတွက်က အကုန်လုံးပေးပြီးပြီဆိုတော့ ဒီအချိန်က ကိုယ့်အတွက်ကိုယ် အခုလိုမျိုး ကိုယ့်မိသားစုအတွက် ကိုယ့်အတွက် အသုံးချတယ် အချိန်ပေးရတယ် Balance ညီမျှတယ်ပေါ့နော်” လို့ဆိုလာခဲ့တာပါ။
နဝရတ်ရဲ့ အနုပညာကို အသိအမှတ် အပြုမခံရဘူးလို့ ပရိသတ်တွေက ဝေဖန်နေကြတာကိုလည်း ” ကိုယ့်ပရိသတ်အသိအမှတ်ပြုရင်ပြီးတာပဲ အနက်ရှိုင်းဆုံး ရောက်နေတယ်လို့ ယုံကြည်တယ် လက်ခံတယ် ပရိသတ်က ကိုယ့်ကိုချစ်တယ်ဆိုရင် ကျေနပ်ပါတယ်” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။ အနုပညာလောကကို စိတ်ပျက်သွားတယ်လို့ ပြောနေကြတဲ့အပေါ် မှာလည်း ” အဲ့ဒါကတော့ရှိပါတယ်။စိတ်ကုန်သွားတယ် စိတ်ပျက်သွားတယ် ဒီလိုမျိုးဆိုတော့ အော်ဒီလိုပဲလားပေါ့ ဒါက မတတ်နိုင်ဘူးလေ သူတို့စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့အတွက် ဒီလိုမျိုးအကယ်ဒမီဆိုတာက မရဘူး…. ဒါပေမယ့်လည်း အရေးမကြီးဘူးလို့လည်းထင်ပါတယ် အခုကတော့ နေသားကျသွားပါပြီ နှစ်တိုင်းနှစ်တိုငိးက Nominate လေးနှစ်လောက်ဖြစ်သွားတာ ရင်တွေလည်းခုန်ခဲ့ရတာပေါ့ ” လို့ ဖွင့်ဟလာခဲ့တာပါ။
အသိအမှတ်ပြုမခံရတဲ့အတွက် နားလိုက်တယ်လို့ ဆိုကြတဲ့အပေါ်မှာလည်း ” အဲ့လိုတော့မဟုတ်ဘူး တိုက်ဆိုင်သွားတာပါ အမေက စိတ်ကုန်သွားတာ တစ်အချက် နောက် အဖေက နေမကောင်းဖြစ်တယ် ၂ နှစ်ပေါ့နော် နောက် အမေကပြန်ဖြစ်တယ် အဲ့လိုဖြစ်သွားတာပါ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရမယ် ဆိုရင်လည်း လက်မခံတော့တဲ့အကြောင်းကို နဝရတ်က ” လုပ်ခွင့်ရမယ်ဆိုရင်လည်း လုပ်ဖို့မရှိဘူး ဘာဖြစ်လို့လည်း ဆိုတော့ စိတ်ရောလူရောပင်ပန်းတာလေ နဝရတ်ကျ အလုပ်တစ်ခုကို အရမ်း Serious ဖြစ်တယ်ဆိုတော့ ဒီလောကနဲ့က အဆင်မပြေဘူး ကိုယ်ကလုပ်ရင် အစအဆုံးကိုယ်တာဝန်ယူရတာလေ အဲ့ဒီတော့ ကိုယ်တစ်ယောက်တည်း ပင်ပန်းတယ် ဒါပေမယ့် ပင်ပန်းတာနဲ့ ပြန်ရတာနဲ့က မတန်ဘူး မတန်တဲ့အတွက် နဝရတ်က လုပ်ဖို့ စိတ်ကူးမရှိဘူး ” လို့ ပြောသွားခဲ့တာပါ ပရိသတ်ကြီးရေ နဝရတ်ကတော့ သူမအနေနဲ့ အနုပညာအလုပ်ကို လုပ်ဖို့ လုံးဝစိတ်ကုန်သွားတဲ့ အကြောင်းရင်းကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နေ်ာ…. ပရိသတ်ကြီးလည်း နဝရတ်အတွက် အားပေးစကားပြောခဲ့ကြပါအုန်းနော် …..
crd
zawgyi