ကိုဗစ် နဲ့ ကွယ်လွန်ခဲ့ တဲ့ လူတွေရဲ့အရေပြား ကို စမ်းသပ်စစ်ဆေး ကြည့်လိုက် တဲ့ အခါ

ကိုဗစ်ဗိုင်းရပ်စ်ဟာ လူ့အရေးပြားပေါ်မှာ ၉ နာရီကြာ ရှင်သန်နေထိုင်နိုင်ကြောင်း ဂျပန်သုတေသီတွေက ပြောဆိုခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အရ ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင်ဖို့ရာမှာ လက်ကို မကြာခဏဆေးကြောပေးဖို့ လိုအပ်ကြောင်း ပြသနေတယ်လို့ ၎င်းတို့က ပြောဆိုပါတယ်။ နှိုင်းယှဉ်လေ့လာချက်အရ တုပ်ကွေး ရောဂါကို ဖြစ်စေတဲ့ရောဂါပိုးဟာ လူ့အရေပြားပေါ်မှာ ၁.၈ နာရီကြာခန့်သာ အသက်ရှင်နိုင်ကြောင်းလည်း ယခုလအတွင်း Clinical Infectious Diseases ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာချက်မှာ

ဖော်ပြခဲ့ပါတယ်။ Sars-CoV-2 (ကိုဗစ်ဖြစ်စေသော ဗိုင်းရပ်စ်) က လူ့အရေပြားပေါ် ၉ နာရီကြာ အသက်ရှင်နိုင်တာကြောင့် IAV (တုပ်ကွေးရောဂါ A ဗိုင်းရပ်စ်) နဲ့ နှိုင်းစာရင် ထိတွေ့ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ် ပိုမြင့်နိုင်ကြောင်းနဲ့ ယင်းအတွက် ကူးစက်မှု အရှိန်မြင့်ကြောင်း လေ့လာမှုက ဖော်ပြပါတယ်။ သုတေသနအဖွဲ့ဟာ သေဆုံးအပြီး တစ်ရက်အကြာခန့် အလောင်းတွေရဲ့ ခွဲစိတ်နမူနာအစိတ်အပိုင်းတွေမှ အရေပြားတွေကို စုဆောင်းရယူကာ စမ်းသပ်ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်နဲ့ တုပ်ကွေးဗိုင်းရပ်စ် နှစ်ခုစလုံးဟာ လက်သန့်ဆေးတွေမှာ အသုံးပြုတဲ့ အက်သနော သုတ်လိမ်းဆေးကြောလိုက်ပါက ၁၅ စက္ကန့်အတွင်း မလှုပ်ရှားနိုင်တော့ဘူး လို့ဆိုပါတယ်။ “Sars-CoV-2 က အရေပြားပေါ်မှာ အချိန်အတော်ကြာ ရှင်သန်နိုင်တာက

ထိတွေ့ကူးစက်သွားနိုင်ခြေ ပိုမြင့်မားပါတယ်။ သို့ပေမယ့် လက်ကို သန့်ရှင်းပေးခြင်း အားဖြင့် ဒီ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။” လို့ လေ့လာမှုက ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကန့်သတ်နိုင်ဖို့ရာ လက်တွေကို ပုံမှန်ဆေးကြောပေးပါဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်ကို ယခုလေ့လာမှုက ထောက်ခံချက်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှ စတင်ပေါ်ထွက်လာခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းက လူဦးရေ သန်း ၄၀ နီးပါးကို ကူးစက်ခံထားရကြောင်း သိရပါတယ်။

crd

ကိုဗစ္ဗိုင္းရပ္စ္ဟာ လူ႔အေရးျပားေပၚမွာ ၉ နာရီၾကာ ရွင္သန္ေနထိုင္ႏိုင္ေၾကာင္း ဂ်ပန္သုေတသီေတြက ေျပာဆိုခဲ့ပါတယ္။ ေလ့လာေတြ႕ရွိခ်က္အရ ကိုဗစ္ကပ္ေရာဂါကို တိုက္ဖ်က္ႏိုင္ဖို႔ရာမွာ လက္ကို မၾကာခဏေဆးေၾကာေပးဖို႔ လိုအပ္ေၾကာင္း ျပသေနတယ္လို႔ ၎တို႔က ေျပာဆိုပါတယ္။ ႏႈိင္းယွဥ္ေလ့လာခ်က္အရ တုပ္ေကြး ေရာဂါကို ျဖစ္ေစတဲ့ေရာဂါပိုးဟာ လူ႔အေရျပားေပၚမွာ ၁.၈ နာရီၾကာခန႔္သာ အသက္ရွင္ႏိုင္ေၾကာင္းလည္း ယခုလအတြင္း Clinical Infectious Diseases ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ ေလ့လာခ်က္မွာ

ေဖာ္ျပခဲ့ပါတယ္။ Sars-CoV-2 (ကိုဗစ္ျဖစ္ေစေသာ ဗိုင္းရပ္စ္) က လူ႔အေရျပားေပၚ ၉ နာရီၾကာ အသက္ရွင္ႏိုင္တာေၾကာင့္ IAV (တုပ္ေကြးေရာဂါ A ဗိုင္းရပ္စ္) နဲ႔ ႏႈိင္းစာရင္ ထိေတြ႕ကူးစက္ပ်ံ႕ႏွံ႔ႏိုင္တဲ့ အႏၲရာယ္ ပိုျမင့္ႏိုင္ေၾကာင္းနဲ႔ ယင္းအတြက္ ကူးစက္မႈ အရွိန္ျမင့္ေၾကာင္း ေလ့လာမႈက ေဖာ္ျပပါတယ္။ သုေတသနအဖြဲ႕ဟာ ေသဆုံးအၿပီး တစ္ရက္အၾကာခန႔္ အေလာင္းေတြရဲ႕ ခြဲစိတ္နမူနာအစိတ္အပိုင္းေတြမွ အေရျပားေတြကို စုေဆာင္းရယူကာ စမ္းသပ္ခဲ့ၾကတာျဖစ္ေၾကာင္း သိရပါတယ္။ ကိုဗစ္ဗိုင္းရပ္စ္နဲ႔ တုပ္ေကြးဗိုင္းရပ္စ္ ႏွစ္ခုစလုံးဟာ လက္သန႔္ေဆးေတြမွာ အသုံးျပဳတဲ့ အက္သေနာ သုတ္လိမ္းေဆးေၾကာလိုက္ပါက ၁၅ စကၠန႔္အတြင္း မလႈပ္ရွားႏိုင္ေတာ့ဘူး လို႔ဆိုပါတယ္။ “Sars-CoV-2 က အေရျပားေပၚမွာ အခ်ိန္အေတာ္ၾကာ ရွင္သန္ႏိုင္တာက

ထိေတြ႕ကူးစက္သြားႏိုင္ေျခ ပိုျမင့္မားပါတယ္။ သို႔ေပမယ့္ လက္ကို သန႔္ရွင္းေပးျခင္း အားျဖင့္ ဒီ အႏၲရာယ္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။” လို႔ ေလ့လာမႈက ဆိုပါတယ္။ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ ကန႔္သတ္ႏိုင္ဖို႔ရာ လက္ေတြကို ပုံမွန္ေဆးေၾကာေပးပါဆိုတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ လမ္းၫႊန္ခ်က္ကို ယခုေလ့လာမႈက ေထာက္ခံခ်က္ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က တ႐ုတ္ႏိုင္ငံမွ စတင္ေပၚထြက္လာခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ အခုဆိုရင္ ကမာၻတစ္ဝန္းက လူဦးေရ သန္း ၄၀ နီးပါးကို ကူးစက္ခံထားရေၾကာင္း သိရပါတယ္။