ကိုဗစ်ကာလ အခြေခံပညာရေး အတွက် ပညာရေး ဝန်ကြီးဌာနက နည်းဗျူဟာ အသစ် စတော့မည်

အခြေခံပညာအတန်းအားလုံးအတွက် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ အောက်တိုဘာလကုန် စတင်ထုတ်လွှင့်သင်ကြားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ ညွှန်ကြာရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ “ကျွန်တော်တို့ကတော့ ရည်ရွယ်ထားတာ အတန်းအားလုံး အတွက် ပါပဲ။ မူလယ်ထက် အကုန်လုံးပါပဲ။ ဒီလကုန်စလွှင့်မှာပေါ့။စ နစ်ဟောင်းသင်ခန်းစာတွေဆို မူလရိုက်ပြီးသားတွေ ရှိနေတယ်။ အဲဒါတွေကို တော့လွှင့်နေပြီ။ myanmar education ချန်နယ်တို့ ၊ ဒါကတော့ အွန်လိုင်းဘက်မှာ လွှင့်နေပြီ။ ရေဒီယို သင်ခန်းစာတွေဆိုလည်း ရှိပြီးသားတွေ လွှင့်ဖို့လုပ်နေပြီ”ဟု ပြောပါတယ်။

ကိုဗစ် စတင်ဖြစ်ပွားသည့် အချိန် ပထမလှိုင်းတွင် ကျောင်းများပိတ်ခဲ့ပြီးနောက် ကိုဗစ် ထိန်းချုပ်နိုင်သည့်အကာအကွယ်များ စီမံထားသည် A အဆင့်ရ အခြေခံပညာအထက်တန်းကျောင်းများကို ပထမလှိုင်းတည်ငြိမ်ချိန် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်းတွင် ပြန်လည်ပိတ်ခဲ့ပါတယ်။ အခြေခံပညာဦးစီးဌာနအောက်တွင် အခြေခံပညာကျောင်းပေါင်း ငါးသောင်းကျော် ဆရာ၊ဆရာမပေါင်းသိန်းနှင့် ချီရှိကြောင်းသိရပါတယ်။

“ကျောင်းဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ မိဘတွေကတော့ အိမ်မှာ ကလေးတွေကို စာအတူလေ့ကျင့်ပေးတာ လုပ်သင့်တာပေါ့။ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေဖို့ မိဘတွေ အိမ်မှာရှိတယ်။ မိဘတွေ၊ အကိုတွေအမတွေ ဒါတွေက ပုံမှန်လေးသူ့ဘာသာ သင်ပေးရင်တော့ ကလေးက ကျောင်းသင်ခန်းစာ မပြတ်လပ်တော့ဘူးပေါ့။ နို့မို့ဆို ဒီအတိုင်းပဲ ပစ်ထားမယ်ဆိုရင် သင်ယူမှု အခွင့်အလမ်း ဆုံးရှုံးပြီးတော့ ကလေးတွေက သင်ယူချင်တဲ့စိတ်တွေ ပျောက်သွားလိမ့်မယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ လက်ရှိတွင် ကိုဗစ်ကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားရပြီး ကျောင်းသားများသင်ယူခွင့် အခွင့်အလမ်း ၄၀ ရာခိုင်ရာနှုန်းကျော် ဆုံးရှုံးပြီး ဖြစ်ကြောင်း သိရပါတယ်။

crd

zawgyi

အေျခခံပညာအတန္းအားလုံးအတြက္ ႐ုပ္ျမင္သံၾကားႏွင့္ ေရဒီယိုမွ ေအာက္တိုဘာလကုန္ စတင္ထုတ္လႊင့္သင္ၾကားမည္ ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန မွ ၫႊန္ၾကာေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။ “ကြၽန္ေတာ္တို႔ကေတာ့ ရည္႐ြယ္ထားတာ အတန္းအားလုံး အတြက္ ပါပဲ။ မူလယ္ထက္ အကုန္လုံးပါပဲ။ ဒီလကုန္စလႊင့္မွာေပါ့။စ နစ္ေဟာင္းသင္ခန္းစာေတြဆို မူလ႐ိုက္ၿပီးသားေတြ ရွိေနတယ္။ အဲဒါေတြကို ေတာ့လႊင့္ေနၿပီ။ myanmar education ခ်န္နယ္တို႔ ၊ ဒါကေတာ့ အြန္လိုင္းဘက္မွာ လႊင့္ေနၿပီ။ ေရဒီယို သင္ခန္းစာေတြဆိုလည္း ရွိၿပီးသားေတြ လႊင့္ဖို႔လုပ္ေနၿပီ”ဟု ေျပာပါတယ္။

ကိုဗစ္ စတင္ျဖစ္ပြားသည့္ အခ်ိန္ ပထမလႈိင္းတြင္ ေက်ာင္းမ်ားပိတ္ခဲ့ၿပီးေနာက္ ကိုဗစ္ ထိန္းခ်ဳပ္ႏိုင္သည့္အကာအကြယ္မ်ား စီမံထားသည္ A အဆင့္ရ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကို ပထမလႈိင္းတည္ၿငိမ္ခ်ိန္ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ကိုဗစ္ဒုတိယလႈိင္းတြင္ ျပန္လည္ပိတ္ခဲ့ပါတယ္။ အေျခခံပညာဦးစီးဌာနေအာက္တြင္ အေျခခံပညာေက်ာင္းေပါင္း ငါးေသာင္းေက်ာ္ ဆရာ၊ဆရာမေပါင္းသိန္းႏွင့္ ခ်ီရွိေၾကာင္းသိရပါတယ္။

“ေက်ာင္းဖြင့္သည္ျဖစ္ေစ၊ မဖြင့္သည္ျဖစ္ေစ မိဘေတြကေတာ့ အိမ္မွာ ကေလးေတြကို စာအတူေလ့က်င့္ေပးတာ လုပ္သင့္တာေပါ့။ သင္ယူမႈ အခြင့္အလမ္း မဆုံးရႈံးေစဖို႔ မိဘေတြ အိမ္မွာရွိတယ္။ မိဘေတြ၊ အကိုေတြအမေတြ ဒါေတြက ပုံမွန္ေလးသူ႔ဘာသာ သင္ေပးရင္ေတာ့ ကေလးက ေက်ာင္းသင္ခန္းစာ မျပတ္လပ္ေတာ့ဘူးေပါ့။ ႏို႔မို႔ဆို ဒီအတိုင္းပဲ ပစ္ထားမယ္ဆိုရင္ သင္ယူမႈ အခြင့္အလမ္း ဆုံးရႈံးၿပီးေတာ့ ကေလးေတြက သင္ယူခ်င္တဲ့စိတ္ေတြ ေပ်ာက္သြားလိမ့္မယ္”ဟု ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။ လက္ရွိတြင္ ကိုဗစ္ေၾကာင့္ အေျခခံပညာေက်ာင္းမ်ား ပိတ္ထားရၿပီး ေက်ာင္းသားမ်ားသင္ယူခြင့္ အခြင့္အလမ္း ၄၀ ရာခိုင္ရာႏႈန္းေက်ာ္ ဆုံးရႈံးၿပီး ျဖစ္ေၾကာင္း သိရပါတယ္။

crd