မခို့တရို့ အမူအရာလေးတွေ နဲ့ Tik Tok ကစားထား တဲ့ မမဆောင်း ရဲ့ ဗီဒီယိုဖိုင်
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ ဆောင်းအိန္ဒြေထွန်းကတော့ ဟိုးအရင် ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။အခုချိန်ထိလည်း မမဆောင်းက အနုပညာအလုပ်တွေ လုပ်ကိုင်နေရဆဲဖြစ်ပြီး ကြော်ငြာတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်နော်။ မမဆောင်းကတော့ အခုနောက်ပိုင်းမှာဆိုရင် တဖြည်းဖြည်းနဲ့ လူချစ်လူခင်တွေပေါ များလာတာဖြစ်ပါတယ်။
‌မမဆောင်းရဲ့ စကားပြောပုံဆိုပုံလေးတွေကလည်း အရမ်း ပွင့်လင်းပြီး ရိုးသားတာကို တွေ့ရပါတယ်နော်။မမဆောင်းက မာန်မာနမကြီးတဲ့အပြင် စိတ်ထားလည်းဖြူစင်ပြီး အလှူရေစက်လက်နဲ့မကွာတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ မမဆောင်းက အိမ်ထဲမှာပဲ Liveလွှင့်ပြီး ပစ္စည်းလေးတွေကို ကြော်ငြာပေးနေတာ ဖြစ်ပါတယ်နော်။
မမဆောင်းရဲ့ အချိုးစားကျတဲ့ခန္ဓာကိုယ်လေးကလည်း အရမ် ဆွဲဆောင်မှုရှိနေတာဖြစ်ပါတယ်။မမဆောင်းက Tik Tokလေးတွေလည်း မကြာခဏဆော့ကစားပြီး အမူအရာတွေကလည်း လုံးဝမထပ်ပါဘူးနော်။အခုဆိုရင်လည်း ခြေတစ်လှမ်းကုဋေတစ်သန်းနဲ့လျှောက်လှမ်းပြီး မခို့တရို့အမူအရာလေးတွေနဲ့ Tik Tok ကစားထားတဲ့ မမဆောင်းရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။
Source& Video Credit: Saung Eaindray Tun’s Tik Tok Acc
zawgyi