မဆုံးခင် အချိန်လေး မှာ ခင်ပွန်း ဖြစ်သူ အတွက် စာလေးတစ်စောင် ရေးပေးခဲ့တဲ့ အဆိုတော် မီးမီးခဲ

ပြည်သူ ချစ် တေးသံရှင် မီးမီးခဲ ကတော့ အောက်တိုဘာ ၁၆ ရက်နေ့က အားလုံးကို နှုတ်ဆက်ကာ ဘဝတပါးကို ပြောင်းလဲ ကွယ်လွန်ခဲ့ပါတယ်။ မီးမီးခဲကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်အများအပြား ဝမ်းနည်းစကားဆိုခဲ့ကြသလို သူမနဲ့အမှတ်တရလေးတွေကိုလည်းပြောကြားခဲ့ကြတာပါယနေ့မှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူက မီးမီးခဲမကွယ်လွန်ခင် နောက်ဆုံးရေးသားခဲ့တဲ့ စာလေးကို ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” မျှော်လင့်ချက် ကင်းမဲ့ချိန် ဘေးမှာ အမြဲရှိနေပေးတဲ့ ချစ်သူ ” ဆိုပြီး ရေးသား ထားတာကို ဝမ်းနည်းစွာဖြင့် ထုတ်ပြလာတာပဲ ဖြစ်ပါတယ်။

မီးမီးခဲရဲ့ခင်ပွန်းဖြစ်သူက “အယ်တုန်းရေ အယ် ကျွန်‌တော့် အတွက် ဒီစကားလေးကို‌ နောက်ဆုံး ရေးခဲ့ပေးတယ်(မျှော်လင့်ချက်ကင်းမဲ့ချိန်မှာ ဘေးမှာ အမြဲရှိနေပေးတဲ့ ချစ်သူ) တဲ့။ အခု အယ်က ကျွန်တော့် ဘေးမှာ မရှိတော့ဘူး။ဒါပေမယ့် အယ်ကျွန်တော့် အတွက်ရေးပီးဆိုထားတဲ့ (ငါ့ရဲ့မျက်ဝန်းညို) သီချင်းလေးလိုပဲ တစ်သက်လုံး ကျွန်တော်က အယ့် ရင်ဘတ် ထဲက မျက်ဝန်းညိုပါ I LOVE YOU SO MUCH EH” လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့်ဝေမျှလာခဲ့တာဖြစ်ပါတယ်

မီးမီးခဲကတော့ ကင်ဆာရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ဖို့ အားအင်တွေပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို သူမ မဆုံးခင်မှာ စာလေးတစ်စောင်ချန်ထားခဲ့ပေးတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း မီးမီးခဲအတွက် ဆုတောင်းစကားလေး ပြောခဲ့ကြပါအုန်းနော်

zawgyi


