ဝေဘာဂီ က ဆရာဝန် ကြီး ပြော ပြီ

ကားပေါ်မှပြုတ်ကျရင် လမ်းမှာပဲသေကြပါ။ သွားလာရင်းဓာတ်လိုက်သေလျှင် တခါတည်းမြှုပ်ကြပါ။ကားပေါ်မှ မီးစက်မီးလောင်လျှင် တခါတည်း အရိုးကောက်ကြပါ။အနီ နဲ့အစိမ်းရန်ဖြစ်ကြလျှင် တခါတည်း များများသေအောင် ခုတ်ကြပါ။ဆေးရုံဝန်ထမ်းများနှင့် volunteers များ အလှူရှင်များမှာ ကိုဗစ်တခုတည်း နဲ့အလုပ်ရှုပ် ပင်ပန်းလှပါပြီ။

သက်ဆိုင်ရာ အထက်လူကြီးများ၏ လုံးစုံကန်းနေသော မျက်လုံးများ နှင့် ပင်းနေသော နားများမှာလည်း အများရယ်စရာဖြစ်နေပါပြီ။နေရာအနှံဖွင့်ထားသော center များကိုသွားရသည့် ကျန်းမာရေး ဝန်ထမ်းများလည်း စက်ရုပ်များမဟုတ်ကြပါ။ အချိန်ကြာလာတာနဲ့ အမျှ လက်ပန်းကျသွားပါလိမ့်မည်။ အင်အားပြခြင်းများကို ဂုဏ်ယူစွာshare နေသော ငပိန်း များလည်း တွေ့ရပါသည်။

မှတ်ချက်။ ။ပင်ပန်းလွန်း၍ ရေးမိပါသည်။ ကမဝ ဝန်ထမ်းများမှာလည်း ကိုယ်တိုင်သိမှကိုယ်ချင်းစာတတ်ပါမည်။PPE ဝတ်၍ ၃နာရီလောက် icu ထဲ နေကြည့်ကြပါ။

ဒေါက်တာမေသန်း (ဝေဘာဂီ)

zawgyi

ကားေပၚမွျပဳတ္က်ရင္ လမ္းမွာပဲေသၾကပါ။ သြားလာရင္းဓာတ္လိုက္ေသလွ်င္ တခါတည္းျမႇဳပ္ၾကပါ။ကားေပၚမွ မီးစက္မီးေလာင္လွ်င္ တခါတည္း အ႐ိုးေကာက္ၾကပါ။အနီ နဲ႔အစိမ္းရန္ျဖစ္ၾကလွ်င္ တခါတည္း မ်ားမ်ားေသေအာင္ ခုတ္ၾကပါ။ေဆး႐ုံဝန္ထမ္းမ်ားႏွင့္ volunteers မ်ား အလႉရွင္မ်ားမွာ ကိုဗစ္တခုတည္း နဲ႔အလုပ္ရႈပ္ ပင္ပန္းလွပါၿပီ။

သက္ဆိုင္ရာ အထက္လူႀကီးမ်ား၏ လုံးစုံကန္းေနေသာ မ်က္လုံးမ်ား ႏွင့္ ပင္းေနေသာ နားမ်ားမွာလည္း အမ်ားရယ္စရာျဖစ္ေနပါၿပီ။ေနရာအႏွံဖြင့္ထားေသာ center မ်ားကိုသြားရသည့္ က်န္းမာေရး ဝန္ထမ္းမ်ားလည္း စက္႐ုပ္မ်ားမဟုတ္ၾကပါ။ အခ်ိန္ၾကာလာတာနဲ႔ အမွ် လက္ပန္းက်သြားပါလိမ့္မည္။ အင္အားျပျခင္းမ်ားကို ဂုဏ္ယူစြာshare ေနေသာ ငပိန္း မ်ားလည္း ေတြ႕ရပါသည္။

မွတ္ခ်က္။ ။ပင္ပန္းလြန္း၍ ေရးမိပါသည္။ ကမဝ ဝန္ထမ္းမ်ားမွာလည္း ကိုယ္တိုင္သိမွကိုယ္ခ်င္းစာတတ္ပါမည္။PPE ဝတ္၍ ၃နာရီေလာက္ icu ထဲ ေနၾကည့္ၾကပါ။

ေဒါက္တာေမသန္း (ေဝဘာဂီ)