ရဲဝန်ထမ်းများ ပြောပြသော ရန်ကုန် လှိုင်သာယာမြို့နယ် က ခိုးဆိုး လုနှိုက်အမှုများ နောက်ကွယ်

ရဲဝန်ထမ်းများပြောပြသော ခိုးဆိုး လုနှိုက် ပြဿနာ” လှိုင်သာယာမြို့နယ်ထဲမှာ ခိုးဆိုးလုနှိုက် တွေ များပြားနေတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်အချို့နဲ့ စကားပြောကြည့်မိတဲ့အခါ သူတို့ရဲ့ရင်ဖွင့်ချက်လေးတွေကို အများသိရှိပြီး ဝေဖန်အကြံပြု နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ ခိုးဆိုးလုနှိုက်တွေ ဘာ့ကြောင့်များနေရတာလဲ?

လှိုင်သာယာမှာ လူဦးရေ အရမ်းထူထပ်များပြားလာကြောင်း။ ယခင်က ရပ်ကွက်အလိုက် ကောက်တိုတွေ ရဲ့စာရင်းကို ပြုစုရကြောင်း၊ ခိုးဆိုးလုနှိုက် ကျူးလွန်ဖူးသူတွေရဲ့ စာရင်းတွေပါ သူတို့စီမှာရှိကြောင်း၊ ဒါပေမယ့် အခုလက်ရှိ ကျူးလွန်နေသူတွေဟာ ကျော်ကြားစာရင်းဝင်သူတွေမဟုတ်ဘဲ လူငယ်၊လူသစ်တွေဖြစ်နေကြောင်း၊ ယခင်လို ပုံစံကျူးလွန်တာမျိုး မဟုတ်ဘဲ ကြုံရင်ကြုံသလို နယ်မရှောင် နေရာမရှောင် ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်နေခြင်းကြောင့် အမှုတွေများလာရခြင်းဖြစ်ကြောင်း၊ လုယက်သူတစ်ယောက်ကို ဖမ်းမိရင် အမှုက ၄မှုမှ ၁၀မှုထိ ပေါ်ပေါက်ကြောင်း၊ ထိုလူမျိုး ၁၀ယောက်ဆိုရင်ပင် အမှု ရာကျော်သွားနိုင်ကြောင်း၊ ဧည့်စာရင်းဥပဒေမရှိတော့တဲ့အတွက် ဧည့်စာရင်းစစ်လို့မရတော့ကြောင်း ပြောင်းရွှေလုပ်သားတွေနှင့်အတူ ပြစ်မှုကျူးလွန်သူတွေပါ ပါလာတတ်ကြောင်း၊ မည်သူမည်ဝါ ခွဲခြားရန်ခက်လာကြောင်း၊ တချို့ဆိုရင် မထင်ရလောက်အောင်ရုပ်ရည်သန့်ပြန့်တတ်ကြောင်း၊ ရဲဝန်ထမ်းအင်အားမှာလည်းမလုံလောက်ကြောင်း၊ ကျူးလွန်သူအများစု ဟာ မိသားစု စားဝတ်နေရေးကိုဖြေရှင်းဖို့ထက် အလုပ်လက်မဲ့ လွယ်လွယ်ရ၊ လွယ်လွယ်သုံးဖြုံးချင်သောကြောင့်ဖြစ်ကြောင်း

ဆိုးသွမ်းရမ်းကားသူများကို ဖမ်းဆီးရာမှာ တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်များပါကြောင်း၊ တစ်ခါတစ်လေမှာ ယူနီဖောင်းဝတ်ထားသည့်တိုင် ဓားနဲ့အထိုးခံရတာလည်းရှိတတ်ကြောင်း ခုနောက်ပိုင်း ပြစ်ခတ်ဖမ်းဆီးတာမျိုးတွေရှိလာတဲ့အတွက် လူဆိုးလူမိုက်များကိုဖမ်းဆီးလို့ရပေမယ့် အပြစ်ပေးတဲ့အလုပ်ဟာ တရားရုံးကဆုံးဖြတ်တာဖြစ်ကြောင်း၊ မကြာသေးခင်က အောင်မင်္ဂလာဈေးရှေ့မှာ သိမ်သမုတ်ပွဲစောင့်ရှောက်နေတဲ့ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ မူးယစ်ရမ်းကားသူများအားတားဆီးရာတွင် တပ်ဖွဲ့ဝင်တစ်ဦးဓားထိုးခံရကြောင်း၊ ထိုအမှုကို တရားခံဘက်မှ နာမည်ကျော်ရှေ့နေများငှါးရမ်းပြီး လိုက်နေတဲ့အတွက် ထိုရှေ့နေမှ ရဲတပ်ဖွဲ့ဝင်တွေကိုပင် တရားစွဲမည့်သဘောမျိုးတရားခွင်မှာပြောဆိုခြိမ်းခြောက်နေကြောင်း၊ တချို့သောတရားစီရင်ရေးမှာ အံ့သြစရာကောင်းကြောင်း၊ ရဲတွေက လုံးထွေးဖမ်းဆီးပြီးမှ မိတဲ့တရားခံတွေဟာ တရားခွင်ကနေ ပြန်လွတ်လာကြကြောင်း၊ ပြန်လွတ်လာတာနဲ့ဖမ်းတဲ့ရဲကို အသက်အန္တရာယ်ဖြစ်အောင်ရန်ပြုတတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များမှာလည်း လူသားများဖြစ်၍ သေမည်ကိုတော့စိုးရိမ်ကြကြောင်း၊

သေမှမကြောက် ခပ်မိုက်မိုက်ရဲတပ်ဖွဲ့ဝင်များကိုတော့ အဝေးကိုရောက်အောင်နည်းအမျိုးမျိုးနဲ့လုပ်ဆောင်တတ်ကြောင်း၊ တချို့ဆိုရင် ကုံးသီးတွေနဲ့ ဝိုင်းဝန်းချောင်းမြောင်းပစ်ခတ်ပြီးထွက်ပြေးသွားတတ်ကြောင်း၊ ကြာလာတော့လည်း တပ်ဖွဲ့ဝင်တွေဟာ မသိသလိုဆောင်လာရတော့ကြောင်း၊ ဖြစ်မှ ထပြီးအရေးယူရတာတွေလုပ်ရတော့ကြောင်း၊ မှုခင်းတွေများရင်သာ ရဲတွေကိုအပြစ်တင်ကြပေမယ့် ရဲတပ်ဖွဲ့ဝင်ပြီး မှုခင်းနှိမ်နင်းဖို့ တိုက်တွန်းတဲ့သူ ရှားပါးကြောင်း၊ ကောက်တိုတွေကို တွေ့တာနဲ့ ပထမအကြိမ်သတိပေးပြီး ဒုတိယအကြိမ်မှာ ဖမ်းဆီးအရေးယူကြောင်း၊ သို့သော် လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ရန်ကိုလည်းရှောင်ရှားရသဖြင့် ထင်သလောက်မလွယ်ကူပါကြောင်း၊ နဝလီရွှေဝယ်သူများကို ချိတ်ဆက်အကူအညီတောင်းပြီး မှုခင်းကျဆင်းရေးအတွက် ရွှေတိုရွှေစ လာရောင်းရင်သတင်းပေးဖို့ စည်းရုံးပေမယ့် မိမိအကျိုးကို လက်လွှတ်ခံပြီး တရားဥပဒေစိုးမိုးရေး ဦးစားပေးကာ သတင်းပေးတဲ့သူမှာ အင်မတန်ရှားပါးကြောင်း၊

တချို့ရွှေဆိုင်ကြီးများမှာ ပြင်ပရွှေမဝယ်ပါဟု ဆိုင်းဘုတ်တပ်ထားသော်လည်း နောက်ကွယ်တွေ ပြင်ပရွှေဝယ်သူများကို ငွေထုတ်ပေးနေသူများလည်းရှိတတ်ကြောင်း၊ ထိုသူများမှာ ပါတီတစ်ခုခုရဲ့ အရှိအဝါကို အမိအရဆုတ်ကိုင်ထားတတ်ကြောင်း၊ မိမိတို့မှာ သူခိုးလက်ခံမှန်း သိသိကြီးနဲ့ ဖော်ထုတ်မရတာမျိုးတွေလည်းရှိတတ်ကြောင်း၊ သိန်းရာကျော်တန်ပစ္စည်းကို ၅သိန်းလောက်နဲ့ ရောင်းသွားတဲ့ ဖြစ်စဉ်က တရားခံများ မိလို့ သူရောင်းတဲ့နေရာလိုက်ပြတဲ့အခါ ရွှေဝယ်တဲ့ နဝလီရွှေဝင်ဆိုင်တွေဟာ မရှိတော့ကြောင်း၊ ရဲတပ်ဖွဲ့နဲ့မလုံလောက်တဲ့အတွက်ကြောင့် မြို့နယ်ထဲမှာ CCTV အကူအညီ ယူရာမှာလည်း ထိုCCTVများ ဖျက်ဆီး၊ပျောက်ရှမှု မဖြစ်စေရေး ပြည်သူတွေကိုပဲအကူအညီတောင်းခံရမှာဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်တွေဟာ ၂၄နာရီတာဝန်ထမ်းနေရတဲ့အပြင် နေ့စဉ် ပြဿ နာ ပေါင်းများစွာနဲ့ ကြုံတွေ့နေရတဲ့အတွက် စိတ်ဖိစီးမှုများကာ ပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာ၌ နားဝင်ချိုအောင် စိတ်ရှည်လက်ရှည်ပြောပြဖို့ အတော်အားနည်းသည်ကိုလည်း ဝန်ခံပါကြောင်း၊ ထို့အတွက်နားလည်ပေးစေလိုကြောင်း၊

အိပ်ရေးမဝတဲ့သူများဟာ စိတ်ဖိစီးမှုများပြီးစိတ်မရှည်တတ်တဲ့ရောဂါ ဖြစ်တတ်ပါကြောင်း ပြည်သူထဲက ပေါက်ဖွားတဲ့ တပ်ဖွဲ့ဝင်တွေဟာလည်း လူသားတွေပင်ဖြစ်လို့ မှားတဲ့အခါမျိုးတွေမှာ ဝိုင်းဝန်းဆဲဆိုကြသလို မှန်ကန်တဲ့လုပ်ရပ်တွေအတွက်လည်း အားပေးကြစေလိုကြောင်း။ မိမိပယောဂကြောင့် မှန်ကန်သောတပ်ဖွဲ့ဝင်များ မိမိမြို့နယ်အတွက် မဆုံးရှုံးစေလိုကြောင်း။ ပြောပြ သိရှိရပါသည်။ ပြည်သူအနေနဲ့ တပ်ဖွဲ့ဝင်တွေကို မှားရင်လည်းထောက်ပြ ဝေဖန်ပြီး တည့်မတ်ပေးကြဖို့၊ ကိုယ်ချင်းစာကြဖို့၊ မှန်ကန်တဲ့တပ်ဖွဲ့ဝင်တွေကိုလည်း အားပေးကူညီကြဖို့ ဒါမှသာ မိမိမြို့နယ်အတွက် မှုခင်းကျဆင်းရေးတွင် ကူညီရာအမှန်ရောက်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

လှိုင်သာယာမြို့နယ်သတင်းများ

zawgyi

ရဲဝန္ထမ္းမ်ားေျပာျပေသာ ခိုးဆိုး လုႏႈိက္ ျပႆနာ” လႈိင္သာယာၿမိဳ႕နယ္ထဲမွာ ခိုးဆိုးလုႏႈိက္ ေတြ မ်ားျပားေနတာနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕နဲ႔ စကားေျပာၾကည့္မိတဲ့အခါ သူတို႔ရဲ႕ရင္ဖြင့္ခ်က္ေလးေတြကို အမ်ားသိရွိၿပီး ေဝဖန္အႀကံျပဳ ႏိုင္ေအာင္ တင္ျပေပးလိုက္ပါတယ္။ ခိုးဆိုးလုႏႈိက္ေတြ ဘာ့ေၾကာင့္မ်ားေနရတာလဲ?

လႈိင္သာယာမွာ လူဦးေရ အရမ္းထူထပ္မ်ားျပားလာေၾကာင္း။ ယခင္က ရပ္ကြက္အလိုက္ ေကာက္တိုေတြ ရဲ႕စာရင္းကို ျပဳစုရေၾကာင္း၊ ခိုးဆိုးလုႏႈိက္ က်ဴးလြန္ဖူးသူေတြရဲ႕ စာရင္းေတြပါ သူတို႔စီမွာရွိေၾကာင္း၊ ဒါေပမယ့္ အခုလက္ရွိ က်ဴးလြန္ေနသူေတြဟာ ေက်ာ္ၾကားစာရင္းဝင္သူေတြမဟုတ္ဘဲ လူငယ္၊လူသစ္ေတြျဖစ္ေနေၾကာင္း၊ ယခင္လို ပုံစံက်ဴးလြန္တာမ်ိဳး မဟုတ္ဘဲ ႀကဳံရင္ႀကဳံသလို နယ္မေရွာင္ ေနရာမေရွာင္ ပုံစံအမ်ိဳးမ်ိဳးနဲ႔ က်ဴးလြန္ေနျခင္းေၾကာင့္ အမႈေတြမ်ားလာရျခင္းျဖစ္ေၾကာင္း၊ လုယက္သူတစ္ေယာက္ကို ဖမ္းမိရင္ အမႈက ၄မႈမွ ၁၀မႈထိ ေပၚေပါက္ေၾကာင္း၊ ထိုလူမ်ိဳး ၁၀ေယာက္ဆိုရင္ပင္ အမႈ ရာေက်ာ္သြားႏိုင္ေၾကာင္း၊ ဧည့္စာရင္းဥပေဒမရွိေတာ့တဲ့အတြက္ ဧည့္စာရင္းစစ္လို႔မရေတာ့ေၾကာင္း ေျပာင္းေ႐ႊလုပ္သားေတြႏွင့္အတူ ျပစ္မႈက်ဴးလြန္သူေတြပါ ပါလာတတ္ေၾကာင္း၊ မည္သူမည္ဝါ ခြဲျခားရန္ခက္လာေၾကာင္း၊ တခ်ိဳ႕ဆိုရင္ မထင္ရေလာက္ေအာင္႐ုပ္ရည္သန္႔ျပန္႔တတ္ေၾကာင္း၊ ရဲဝန္ထမ္းအင္အားမွာလည္းမလုံေလာက္ေၾကာင္း၊ က်ဴးလြန္သူအမ်ားစု ဟာ မိသားစု စားဝတ္ေနေရးကိုေျဖရွင္းဖို႔ထက္ အလုပ္လက္မဲ့ လြယ္လြယ္ရ၊ လြယ္လြယ္သုံးၿဖဳံးခ်င္ေသာေၾကာင့္ျဖစ္ေၾကာင္း

ဆိုးသြမ္းရမ္းကားသူမ်ားကို ဖမ္းဆီးရာမွာ တပ္ဖြဲ႕ဝင္ေတြအတြက္ အႏၲရာယ္မ်ားပါေၾကာင္း၊ တစ္ခါတစ္ေလမွာ ယူနီေဖာင္းဝတ္ထားသည့္တိုင္ ဓားနဲ႔အထိုးခံရတာလည္းရွိတတ္ေၾကာင္း ခုေနာက္ပိုင္း ျပစ္ခတ္ဖမ္းဆီးတာမ်ိဳးေတြရွိလာတဲ့အတြက္ လူဆိုးလူမိုက္မ်ားကိုဖမ္းဆီးလို႔ရေပမယ့္ အျပစ္ေပးတဲ့အလုပ္ဟာ တရား႐ုံးကဆုံးျဖတ္တာျဖစ္ေၾကာင္း၊ မၾကာေသးခင္က ေအာင္မဂၤလာေဈးေရွ႕မွာ သိမ္သမုတ္ပြဲေစာင့္ေရွာက္ေနတဲ့ရပ္ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မွ မူးယစ္ရမ္းကားသူမ်ားအားတားဆီးရာတြင္ တပ္ဖြဲ႕ဝင္တစ္ဦးဓားထိုးခံရေၾကာင္း၊ ထိုအမႈကို တရားခံဘက္မွ နာမည္ေက်ာ္ေရွ႕ေနမ်ားငွါးရမ္းၿပီး လိုက္ေနတဲ့အတြက္ ထိုေရွ႕ေနမွ ရဲတပ္ဖြဲ႕ဝင္ေတြကိုပင္ တရားစြဲမည့္သေဘာမ်ိဳးတရားခြင္မွာေျပာဆိုၿခိမ္းေျခာက္ေနေၾကာင္း၊ တခ်ိဳ႕ေသာတရားစီရင္ေရးမွာ အံ့ၾသစရာေကာင္းေၾကာင္း၊ ရဲေတြက လုံးေထြးဖမ္းဆီးၿပီးမွ မိတဲ့တရားခံေတြဟာ တရားခြင္ကေန ျပန္လြတ္လာၾကေၾကာင္း၊ ျပန္လြတ္လာတာနဲ႔ဖမ္းတဲ့ရဲကို အသက္အႏၲရာယ္ျဖစ္ေအာင္ရန္ျပဳတတ္ေၾကာင္း၊ ရဲတပ္ဖြဲ႕ဝင္မ်ားမွာလည္း လူသားမ်ားျဖစ္၍ ေသမည္ကိုေတာ့စိုးရိမ္ၾကေၾကာင္း၊

ေသမွမေၾကာက္ ခပ္မိုက္မိုက္ရဲတပ္ဖြဲ႕ဝင္မ်ားကိုေတာ့ အေဝးကိုေရာက္ေအာင္နည္းအမ်ိဳးမ်ိဳးနဲ႔လုပ္ေဆာင္တတ္ေၾကာင္း၊ တခ်ိဳ႕ဆိုရင္ ကုံးသီးေတြနဲ႔ ဝိုင္းဝန္းေခ်ာင္းေျမာင္းပစ္ခတ္ၿပီးထြက္ေျပးသြားတတ္ေၾကာင္း၊ ၾကာလာေတာ့လည္း တပ္ဖြဲ႕ဝင္ေတြဟာ မသိသလိုေဆာင္လာရေတာ့ေၾကာင္း၊ ျဖစ္မွ ထၿပီးအေရးယူရတာေတြလုပ္ရေတာ့ေၾကာင္း၊ မႈခင္းေတြမ်ားရင္သာ ရဲေတြကိုအျပစ္တင္ၾကေပမယ့္ ရဲတပ္ဖြဲ႕ဝင္ၿပီး မႈခင္းႏွိမ္နင္းဖို႔ တိုက္တြန္းတဲ့သူ ရွားပါးေၾကာင္း၊ ေကာက္တိုေတြကို ေတြ႕တာနဲ႔ ပထမအႀကိမ္သတိေပးၿပီး ဒုတိယအႀကိမ္မွာ ဖမ္းဆီးအေရးယူေၾကာင္း၊ သို႔ေသာ္ လူ႔အခြင့္အေရးလႈပ္ရွားသူမ်ားရဲ႕ရန္ကိုလည္းေရွာင္ရွားရသျဖင့္ ထင္သေလာက္မလြယ္ကူပါေၾကာင္း၊ နဝလီေ႐ႊဝယ္သူမ်ားကို ခ်ိတ္ဆက္အကူအညီေတာင္းၿပီး မႈခင္းက်ဆင္းေရးအတြက္ ေ႐ႊတိုေ႐ႊစ လာေရာင္းရင္သတင္းေပးဖို႔ စည္း႐ုံးေပမယ့္ မိမိအက်ိဳးကို လက္လႊတ္ခံၿပီး တရားဥပေဒစိုးမိုးေရး ဦးစားေပးကာ သတင္းေပးတဲ့သူမွာ အင္မတန္ရွားပါးေၾကာင္း၊

တခ်ိဳ႕ေ႐ႊဆိုင္ႀကီးမ်ားမွာ ျပင္ပေ႐ႊမဝယ္ပါဟု ဆိုင္းဘုတ္တပ္ထားေသာ္လည္း ေနာက္ကြယ္ေတြ ျပင္ပေ႐ႊဝယ္သူမ်ားကို ေငြထုတ္ေပးေနသူမ်ားလည္းရွိတတ္ေၾကာင္း၊ ထိုသူမ်ားမွာ ပါတီတစ္ခုခုရဲ႕ အရွိအဝါကို အမိအရဆုတ္ကိုင္ထားတတ္ေၾကာင္း၊ မိမိတို႔မွာ သူခိုးလက္ခံမွန္း သိသိႀကီးနဲ႔ ေဖာ္ထုတ္မရတာမ်ိဳးေတြလည္းရွိတတ္ေၾကာင္း၊ သိန္းရာေက်ာ္တန္ပစၥည္းကို ၅သိန္းေလာက္နဲ႔ ေရာင္းသြားတဲ့ ျဖစ္စဥ္က တရားခံမ်ား မိလို႔ သူေရာင္းတဲ့ေနရာလိုက္ျပတဲ့အခါ ေ႐ႊဝယ္တဲ့ နဝလီေ႐ႊဝင္ဆိုင္ေတြဟာ မရွိေတာ့ေၾကာင္း၊ ရဲတပ္ဖြဲ႕နဲ႔မလုံေလာက္တဲ့အတြက္ေၾကာင့္ ၿမိဳ႕နယ္ထဲမွာ CCTV အကူအညီ ယူရာမွာလည္း ထိုCCTVမ်ား ဖ်က္ဆီး၊ေပ်ာက္ရွမႈ မျဖစ္ေစေရး ျပည္သူေတြကိုပဲအကူအညီေတာင္းခံရမွာျဖစ္ပါေၾကာင္း၊ တပ္ဖြဲ႕ဝင္ေတြဟာ ၂၄နာရီတာဝန္ထမ္းေနရတဲ့အျပင္ ေန႔စဥ္ ျပႆ နာ ေပါင္းမ်ားစြာနဲ႔ ႀကဳံေတြ႕ေနရတဲ့အတြက္ စိတ္ဖိစီးမႈမ်ားကာ ျပည္သူေတြနဲ႔ဆက္ဆံတဲ့ေနရာ၌ နားဝင္ခ်ိဳေအာင္ စိတ္ရွည္လက္ရွည္ေျပာျပဖို႔ အေတာ္အားနည္းသည္ကိုလည္း ဝန္ခံပါေၾကာင္း၊ ထို႔အတြက္နားလည္ေပးေစလိုေၾကာင္း၊

အိပ္ေရးမဝတဲ့သူမ်ားဟာ စိတ္ဖိစီးမႈမ်ားၿပီးစိတ္မရွည္တတ္တဲ့ေရာဂါ ျဖစ္တတ္ပါေၾကာင္း ျပည္သူထဲက ေပါက္ဖြားတဲ့ တပ္ဖြဲ႕ဝင္ေတြဟာလည္း လူသားေတြပင္ျဖစ္လို႔ မွားတဲ့အခါမ်ိဳးေတြမွာ ဝိုင္းဝန္းဆဲဆိုၾကသလို မွန္ကန္တဲ့လုပ္ရပ္ေတြအတြက္လည္း အားေပးၾကေစလိုေၾကာင္း။ မိမိပေယာဂေၾကာင့္ မွန္ကန္ေသာတပ္ဖြဲ႕ဝင္မ်ား မိမိၿမိဳ႕နယ္အတြက္ မဆုံးရႈံးေစလိုေၾကာင္း။ ေျပာျပ သိရွိရပါသည္။ ျပည္သူအေနနဲ႔ တပ္ဖြဲ႕ဝင္ေတြကို မွားရင္လည္းေထာက္ျပ ေဝဖန္ၿပီး တည့္မတ္ေပးၾကဖို႔၊ ကိုယ္ခ်င္းစာၾကဖို႔၊ မွန္ကန္တဲ့တပ္ဖြဲ႕ဝင္ေတြကိုလည္း အားေပးကူညီၾကဖို႔ ဒါမွသာ မိမိၿမိဳ႕နယ္အတြက္ မႈခင္းက်ဆင္းေရးတြင္ ကူညီရာအမွန္ေရာက္မည္ျဖစ္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါသည္။

လႈိင္သာယာၿမိဳ႕နယ္သတင္းမ်ား