မိန်းကလေးတိုင်း အတုယူစေချင် သိန်းပေါင်း(၆)သောင်းကျော် လှူဒါန်းပေမဲ့ ဟိတ်ဟန် မရှိနားကပ်တောင် မဝတ်တဲ့ မိန်းကလေး

နိုင်ငံတော်ရဲ့ အဆင့် အမြင့်ဆုံးအခမ်းအနားကိုတက်ပြီး ကျပ်သိန်းပေါင်း၆၅၁၆၀ လာလှူသွားတဲ့ သူနားမှာလဲ စိန်နားကပ်အပြူးကြီးမတွေ့ရသလို လည်ပင်းမှာလဲဧရာမရွှေဆွဲကြိုးအလေးကြီးမတွေ့ရပြန်ပါဘူး ။

ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပညာကို ကမ္ဘာပတ်ပြီး တစိုက်မတ်မတ် လေ့လာသင်ကြားခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ပညာရှင်တယောက်အဖြစ် ဆုတွေလည်း ရထားတဲ့သူကတော့ သမာအာဇီဝကျကျ ချမ်းသာလာတဲ့ ဘဏ်သူဌေးဦးအောင်ကိုဝင်း(ဆရာကျောင်း)ရဲ့သမီးရိုးသားတဲ့ ရှမ်းတိုင်းရင်းသူလေးဖြစ်ပါတယ် ။

သူမရဲ့နာမည်ကတော့ နန်းလောင်ခမ်းဖြစ်ပါတယ် ။ ကမ္ဘောဇဘဏ်ရဲ့ ပိုင်ရှင် ဦးအောင်ကိုဝင်းရဲ့ သမီး(၃)သီးထဲကမှ သမီးကြီး ဖြစ်ပါတယ် ။

သူ့ သမီးတွေထဲမှာ နန်းလိုင်ခမ်း Nang Lang Kham လို့ခေါ်တဲ့ တစ်ယောက်က ဗမာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်ဆုံးအလွှာ Elite အသိုင်းအဝိုင်းထဲမှာ ရေလည်ဝင်ဆန့်ပြီး နေရာယူထားတဲ့ ပညာတက် Business Woman တစ်ယောက်ဖြစ်တယ် ။

အခုမှ အသက်က ၃၀ ဘဲ ရှိသေးတယ် ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်က Tycoon လို့ခေါ်တဲ့ ( ယခင် အခေါ် ခရိုနီ ) လုပ်ငန်းရှင်သူဌေးတွေ Meeting လုပ်တိုင်း KBZ ရဲ့ Representative Chairman တစ်ယောက်အနေနဲ့ တက်တယ် ။

သူ့ အဖေက သူ့ကို လွှဲထားတယ်. . မြန်မာပြည်က နာမည်ကြီး သူဌေးတွေ ဦးဇော်ဇော် ဦးခင်ရွှေ တို့ က အစ တလေးတစားနဲ့ ဦးအောင်ကိုဝင်းရဲ့ ကိုယ်စားလှယ်အဖြစ် တစ်တန်းထဲ နေရာပေးရတယ် ။

KBZ ဘဏ်နဲ့ KBZ Group ကြီး တစ်ခုလုံးရဲ့ အကြီးတန်း ဒါရိုက်တာ ဖြစ်ပြီး ၊ Air KBZ နဲ့ MAI Airline လေကြောင်းလိုင်း နှစ်ခုရဲ့ Chairman ဥက္ကဌ ဖြစ်တယ် ။

KBZ မြန်မာ အလင်းတန်း ဖောင်ဒေးရှင်း ( BFM – Brighter Future Myanmar Foundation) ရဲ့ Founder လဲ ဖြစ်တယ် ။

2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ် ။

သူခု လက်ရှိလုပ်နေတာတွေက BFM foundation အနေနဲ့ မြန်မာပြည်အနှံ့က မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေကို အခမဲ့ လိုက်ပြီး ခွဲစိတ်ကုသပေးတယ် ။

ရေကြီးတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်နေရာချထားရေး လုပ်ငန်းစဉ်တွေ အတွက် ကျပ် သန်းပေါင်းများစွာ လှုတယ် ။ Young banker တစ်ယောက်လဲ ဖြစ်တယ် ။

ကျွန်တော် ဒါတွေ ပြောပြနေတာက သူ့ကို လော်ဘီ လုပ်ပေးနေတာမဟုတ်ဘူး ၊ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်နေတာလဲ မဟုတ်ဘူး ၊ ဒီခေတ် မိန်းကလေးတွေကို အတုယူစေချင်လို့ ပြောပြနေတာ ဖြစ်တယ် ။

သူ့ရဲ့ နေပုံထိုင်ပုံကို အတုယူစေချင်တယ် ။ အပေါ်မှာ ဒီလောက်ပြောသွားတာ သူ့အနေအထား ၊ အဆင့်အတန်း ၊ ပိုင်ဆိုင်မှုနဲ့ အသိုင်းအဝိုင်းက မြန်မာပြည်မှာ ဘယ်လိုမျိုးလဲ ဆိုတာ အားလုံး ခန့်မှန်းပြီးလောက်ပါပြီ ။

သူ့ အနေအထားနဲ့လူပြောခံရအောင်မနေဘူး အနေအထိုင် သိုသိပ်တယ်ဦးဇော်ဇော်လိုဘဲ ၊ပညာရှိတယ် ပြောရမယ်။

ခု မြန်မာပြည်မှာ ခလေးတွေ ကြိုက်နေကြတဲ့ အားကျပြီး လိုက်ဖြစ်ချင်နေကြတဲ့ မင်းသမီးပေါက်စတွေ ဘာညာ ဘလော့ဂါ တွေရဲ့ Life Style တွေက ကြည့်ရင်တော့ ဟုတ်သလိုလိုရှိပေမဲ့ ၊

တကယ့် တကယ် ကိုယ်တိုင် အရည်အချင်း တန်ဖိုးရှိပြီး ယောကျာ်းတိုင်းက လေးစားပြီး အထင်မသေးရဲတဲ့ ကိုယ်ပိုင် ပညာတန်ဖိုးမြင့်တဲ့ မိန်းကလေး တစ်ယောက် ဘဝ ကိုဘဲ ရအောင် ကြိုးစားစေချင်တယ် ။

အပေါ်ယံ ရုပ်ဝတ္ထု ပကာသန ပစ္စည်းတွေနဲ့ အနှစ်မရှိတဲ့ ခပ်ပေါပေါ ခံယူချက်တွေပေါ်မှာ လုပ်ပြနေကြတဲ့ လူငယ် မိန်းကလေး Celebrities တွေကို သွား အားမကျစေချင်ဘူး ။

Rich kid အနေနဲ့ ကြီးပြင်းလာကြတာချင်း တူပေမဲ့ ဘဝ စံချိန် စံနှုန်း Living Standard နဲ့ အတွေးအခေါ်မှာ မိုးနဲ့ မြေလောက်ကွာသွားတယ် ။

နန်းလိုင်ခမ်း အနေနဲ့ ကြွားချင်ရင် ဗမာ တစ်ပြည်လုံး ဆွံ့အသွားအောင် ကြွားပြလိုက်လို့ ရတယ် ။ ဒါပေမဲ့ လူသိ သိပ်မခံဘဲ မြန်မာပြည်ရဲ့ Driving Force တစ်ခု အနေနဲ့ ပါဝင် ပက်သက်နေတယ် ။

သူ့ရဲ့ FB မှာ သူ့ရဲ့ Activities ကိုဝင်ကြည့်လို့ရတယ် ။ သူဘာလဲ ဘယ်လမ်းလျှောက်နေတာလဲ ဆိုတာ သိရလိမ့်မယ် ။ အရမ်း Simple ဖြစ်တယ် ဘာ Personal မှတင်ထားတာတောင် မတွေ့ရဘူး ။

လူတိုင်း ကတော့ ဘဝပေး အခြေအနေတွေ တူကြမှာတော့မဟုတ်ဘူး။ ကိုယ့်ဘဝက သူများနဲ့ တန်းတူမဖြစ်ခဲ့ရင်လဲ စိတ်ဓာတ်ကျ စိတ်ပျက် အားငယ်နေဖို့ မဟုတ်ဘဲ ပိုကြိုးစားဖို့ ဖြစ်လာစေတဲ့ အကြောင်းဘဲ ဖြစ်ရမယ် ။

ကိုယ့်ဘဝပေး အခြေအနေက သူများထက် ပိုမိုသာလွန် ကောင်းမွန်ခဲ့ရင်လဲ ကိုယ့်ထက် နိမ့်ကျနေတဲ့ ဘဝတွေကို ပြန်လည် မစ ထောက်ပံ့နိုင်ဖို့ အကြောင်းဘဲ ဖြစ်ရမယ် ။

ဒီစာလေးက တစ်ယောက်ယောက်ကို Motivate ဖြစ်သွားစေတယ်ဆိုရင် ကျေနပ်ပါတယ် ။ အားလုံး တန်ဖိုးရှိစွာ အသက်ရှင်နိုင်ပါစေ ။ အခုလို အချိန်ပေး ဖတ်ရှုပေးတဲ့ အတွက်ကို အထူးကျေးဇူးတင်ရှိပါတယ် ။