ကိုဗစ်ကူးစက် ပြီးသွားလို့ ပေါ့စနေတဲ့ သူတွေကို ပဲခူးတိုင်း က အသက် (၇၃) နှစ် အဘိုးအို က သတိပေးလိုက်ပြီ

ပဲခူးတိုင်းဒေသကြီးတွင် အသက် ၇၃ နှစ်အရွယ် အဘိုးအို တဦး ကိုဗစ် ဒုတိယအကြိမ် ကူးစက်ခံရ ပဲခူး တိုင်းဒေသကြီး မြို့နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ကဝမြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ည ထုတ်ပြန်ချက်အရ ကို‌ဗစ်ရောဂါသက်သာပျောက်ကင်းပြီး သိပ်မကြာသေးတဲ့ အမျိုးသားကြီးတစ်ဦး ရောဂါပိုး ထပ်မံ စစ်ဆေး‌ တွေ့ရှိခဲ့ တယ်လို့ ဝေါမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရှိရပါတယ်။

“ကိုးလပိုင်းမှာ သက္ကလဆေးရုံမှာ ပေါ့စတစ်လူနာနဲ့ ကွန်တက်ရှိလို့ စစ်ရာက ကိုဗစ် ပိုးတွေ့တယ်။ ကိုးလပိုင်းထဲမှာ ဆေးရုံကဆင်းရတယ်။ အခုတစ်ခါ သူအိမ်မှာနေနေတုန်း အိမ်မှာလူတစ်ဦးရောဂါပိုးတွေ့လို့ ကွန်တက်အနေနဲ့ ထပ်စစ်ရတာမှာ မနေ့က ပိုးထပ်တွေ့တာပါ “ လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်ကပြောပါတယ်။ အဆိုပါအမျိုးသားကြီးမှာ အသက် ၇၃ နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအ ပတ်ခန့်က သက္ကလဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာနဲ့ ထိတွေမှု ရှိခဲ့လို့ စစ်ဆေးခဲ့ရာက ရောဂါပိုး ကူးစက်ခံခဲ့ပြီး နှစ်ပတ်ကျော်အကြာမှာ နက်ဂတစ်အဖြေထွက်လို့ဆေးရုံမှ ဆင်းခွင့်ရခဲ့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံမှ စက်တင်ဘာ နောက်ဆုံးပတ်ခန့်မှာ ဆင်းခွင့်ရရှိခဲ့တဲ့ အဲဒီအမျိုးသားကြီးကို နေအိမ်မှာ အသွား အလာကန့်သတ်ထားရှိပြီး သိပ်မကြာမီ မိသာစုဝင်တစ်ဦး အနံ့မရသဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ထိတွေ့မှု ရှိထားသူ အသက် ၇၃ နှစ်အရွယ် ကိုဗစ်ပိုးကူးစက်ခံရဘူးသူကို ပြန်လည်စစ်ဆေးရာမှ အောက်တိုဘာ ၁၉ ရက်နေ့က ဒုတိယအကြိမ်ကူး စက်ခံခဲ့ရခြင်းဖြစ်တယ်လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပါတယ်။ ကိုဗစ် ဒုတိယလှိုင်းကာလ ဩဂုတ်လခန့်မှ ယနေ့အထိ ကဝမြို့နယ် သက္ကလ စံပြတိုက်နယ်ကျေးရွာ အပါအဝင် ရပ်ကွက်ကျေးရွာများမှာ ကိုဗစ် ရောဂါပိုးအတည်ပြုလူနာ ၁၉၄ ဦးရှိခဲ့ပြီး လတ်တလော ကုသမှုခံယူနေရသူ ၃၁ ဦးသာရှိတယ်လို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အချက်လက်တွေအရ သိရပါတယ်။

ကဝမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက်နေ့က ကိုဗစ် အတည်ပြုလူနာ များမှာ အတည်ပြုလူနာသစ် ၁၄ ဦးမှာ ရွှေပေါက်ပင်‌ကျေးရွာနေသူ ၈ ဦး၊ သက္ကလစံပြကျေးရွာနေ ၂ ဦး၊ဈေးဖလုံ၊အေးရွာ၊တဲစုနဲ့ခမွန်ကံကြီးတို့မှ ၁ ဦးစီဖြစ်ပြီး ဒုတိယအကြိမ် ရောဂါပိုးထပ်မံကူးစက်ခံရသူ အမျိုးသားကြီးမှာ ခမွန်ကံကြီး ကျေးရွာနေသူ ဖြစ်တယ်လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပါတယ်။

zawgyi

ပဲခူးတိုင္းေဒသႀကီးတြင္ အသက္ ၇၃ ႏွစ္အ႐ြယ္ အဘိုးအို တဦး ကိုဗစ္ ဒုတိယအႀကိမ္ ကူးစက္ခံရ ပဲခူး တိုင္းေဒသႀကီး ၿမိဳ႕နယ္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားမႈ အမ်ားဆုံးျဖစ္တဲ့ ကဝၿမိဳ႕နယ္မွာ ေအာက္တိုဘာ ၁၉ ရက္ေန႔ည ထုတ္ျပန္ခ်က္အရ ကို‌ဗစ္ေရာဂါသက္သာေပ်ာက္ကင္းၿပီး သိပ္မၾကာေသးတဲ့ အမ်ိဳးသားႀကီးတစ္ဦး ေရာဂါပိုး ထပ္မံ စစ္ေဆး‌ ေတြ႕ရွိခဲ့ တယ္လို႔ ေဝါၿမိဳ႕နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွ စုံစမ္းသိရွိရပါတယ္။

“ကိုးလပိုင္းမွာ သကၠလေဆး႐ုံမွာ ေပါ့စတစ္လူနာနဲ႔ ကြန္တက္ရွိလို႔ စစ္ရာက ကိုဗစ္ ပိုးေတြ႕တယ္။ ကိုးလပိုင္းထဲမွာ ေဆး႐ုံကဆင္းရတယ္။ အခုတစ္ခါ သူအိမ္မွာေနေနတုန္း အိမ္မွာလူတစ္ဦးေရာဂါပိုးေတြ႕လို႔ ကြန္တက္အေနနဲ႔ ထပ္စစ္ရတာမွာ မေန႔က ပိုးထပ္ေတြ႕တာပါ “ လို႔ ကဝၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာေမာင္ေမာင္ခ်စ္ကေျပာပါတယ္။ အဆိုပါအမ်ိဳးသားႀကီးမွာ အသက္ ၇၃ ႏွစ္အ႐ြယ္ရွိၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလ ပထမအ ပတ္ခန႔္က သကၠလေဆး႐ုံႀကီးမွာ ကိုဗစ္ပိုးေတြ႕လူနာနဲ႔ ထိေတြမႈ ရွိခဲ့လို႔ စစ္ေဆးခဲ့ရာက ေရာဂါပိုး ကူးစက္ခံခဲ့ၿပီး ႏွစ္ပတ္ေက်ာ္အၾကာမွာ နက္ဂတစ္အေျဖထြက္လို႔ေဆး႐ုံမွ ဆင္းခြင့္ရခဲ့သူတစ္ဦး ျဖစ္တယ္လို႔ သိရပါတယ္။

ေဆး႐ုံမွ စက္တင္ဘာ ေနာက္ဆုံးပတ္ခန႔္မွာ ဆင္းခြင့္ရရွိခဲ့တဲ့ အဲဒီအမ်ိဳးသားႀကီးကို ေနအိမ္မွာ အသြား အလာကန႔္သတ္ထားရွိၿပီး သိပ္မၾကာမီ မိသာစုဝင္တစ္ဦး အနံ႔မရသျဖင့္ ကိုဗစ္ပိုးစစ္ေဆးရာ ေရာဂါပိုးေတြ႕ရွိခဲ့ရသျဖင့္ ထိေတြ႕မႈ ရွိထားသူ အသက္ ၇၃ ႏွစ္အ႐ြယ္ ကိုဗစ္ပိုးကူးစက္ခံရဘူးသူကို ျပန္လည္စစ္ေဆးရာမွ ေအာက္တိုဘာ ၁၉ ရက္ေန႔က ဒုတိယအႀကိမ္ကူး စက္ခံခဲ့ရျခင္းျဖစ္တယ္လို႔ ကဝၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရွိရပါတယ္။ ကိုဗစ္ ဒုတိယလႈိင္းကာလ ဩဂုတ္လခန႔္မွ ယေန႔အထိ ကဝၿမိဳ႕နယ္ သကၠလ စံျပတိုက္နယ္ေက်း႐ြာ အပါအဝင္ ရပ္ကြက္ေက်း႐ြာမ်ားမွာ ကိုဗစ္ ေရာဂါပိုးအတည္ျပဳလူနာ ၁၉၄ ဦးရွိခဲ့ၿပီး လတ္တေလာ ကုသမႈခံယူေနရသူ ၃၁ ဦးသာရွိတယ္လို႔ ပဲခူးတိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနမွ အခ်က္လက္ေတြအရ သိရပါတယ္။

ကဝၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလ ၁၉ ရက္ေန႔က ကိုဗစ္ အတည္ျပဳလူနာ မ်ားမွာ အတည္ျပဳလူနာသစ္ ၁၄ ဦးမွာ ေ႐ႊေပါက္ပင္‌ေက်း႐ြာေနသူ ၈ ဦး၊ သကၠလစံျပေက်း႐ြာေန ၂ ဦး၊ေဈးဖလုံ၊ေအး႐ြာ၊တဲစုနဲ႔ခမြန္ကံႀကီးတို႔မွ ၁ ဦးစီျဖစ္ၿပီး ဒုတိယအႀကိမ္ ေရာဂါပိုးထပ္မံကူးစက္ခံရသူ အမ်ိဳးသားႀကီးမွာ ခမြန္ကံႀကီး ေက်း႐ြာေနသူ ျဖစ္တယ္လို႔ ကဝၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရွိရပါတယ္။