ကိုဗစ်ကာလ သီတင်းကျွတ်ပွဲတော် အတွက်တော့ ဝမ်းသာစရာ သတင်းကောင်း ပဲဗျာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မှာ သတင်းကျွတ် လပြည့်ည အဝေရာ မီးပုံးပျံကွင်းကို လာရောက် လည်ပတ်ကြ မယ့် သူတွေအတွက် နှာခေါင်းစည်း (Mask) အခုရေ ၂သောင်း ပေးဝေမှာ ဖြစ်တယ်လို့ သိရပါတယ် ။တောင်ကြီးမြို့ သတင်းကျွတ် လပြည့်ည အဝေရာ မီးပုံးပျံကွင်းမှာ မီးပုံးပျံ ပညာရှင်တွေက မီးပုံးပျံတွေ လာလွှတ်ဖို့ ရှိတဲ့ အတွက်ကြောင့် စေတနာ့ ဝန်ထမ်းတွေ ပူးပေါင်းပြီး Mask တွေ ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။“ ရိုးရာပွဲဆိုတော့ လူတွေလာကြမှာပဲ။

ဦးတို့ကလဲ မလွှတ်နဲ့လို့ တားပိုင်ခွင့် မရှိဘူး။ ကျန်းမာရေး နဲ့ ပတ်သက်ရင်တော့ တတ်နိုင်သမျှ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ Mask တွေက အနည်းဆုံး ၂ သောင်းနဲ့ ၂ သောင်းခွဲလောက်တော့ လှူဖြစ်မှာပါ။ ရိုးရာပွဲကလည်း မလုပ်ဖြစ်ဘူးပေါ့။ အဲဒီအတွက် တချို့အပျော် လွှတ်ဖို့ လုပ်ထားတာရော ပြိုင်ပွဲ ဝင်ဖို့ လုပ်ထားတာ တွေရော ပါတဲ့အတွက် ဝါသနာရှင်တွေကတော့ လွှတ်ကြမှာပဲ၊ ဦးတို့က တာဝန်ရှိတဲ့သူ မဟုတ်တဲ့ အတွက် တားလို့တော့ မရဘူး။ မတ္တာရပ်ခံချင်တာက လာတဲ့အခါမှာ Mask ကို စနစ်တကျတပ်လာပြီး Mask တွေကို မချွတ်ဖို့ ပေါ့။

အဲဒါကို ကြိုတင်ပြီး မတ္တာရပ်ခံထားချင်ပါတယ် ” လို့ တရားဥပဒေ စိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောပါတယ်။တောင်ကြီးမြို့က မီးပုံးပျံ ပညာရှင်တချို့ကလည်း သတင်းကျွတ်လပြည့်ည အဝေရာမီးပုံးပျံကွင်းမှာ ရှမ်းစက္ကူနဲ့ ညမီးကြီး ၃ လုံး၊ ဆုတောင်းတဲ့ အနေနဲ့ မီးပုံးပျံ အလုံးရေ ၁၅၀၀ ခန့်လွှတ်မှာဖြစ်ပြီး ညမီးကြီးက ခန့်မှန်းခြေ ၆ လုံးခန့် ရှိတယ်လို့လည်း ဆိုပါတယ်။တာဝန်ရှိသူတွေက ခွင့်ပြုရင်ကားတွေကို ပိုးသတ်ဆေး ဖြန်းတာတွေပါ လုပ်မှာ ဖြစ်ကြောင်း၊

မီးရှူးတွေက တရားဝင် တားမြစ်ထားတာတွေ ရှိတော့ တာဝန် ရှိသူတွေ ခွင့်ပြုမပြု မသိ သေးကြောင်း၊ ဒေသန္တရ အမိန့်တွေ ထုတ်မလား ဆိုတာ လည်း မသိရသေးကြောင်း ဦးဝင်းနိုင်စိုးက ဆက်လက်ပြောကြား ခဲ့ပါတယ်။တောင်ကြီးဒေသခံ လူငယ်တချို့ကလည်း“ အခုလို Mask ဝေပေးတာကောင်းပါတယ်။ တန်ဆောင်တိုင်ဆိုတာ တောင်ကြီးမြို့မှာ နှစ်စဉ် ကျင်းပလာတဲ့ ရိုးရာပွဲ တစ်ခု ပေါ့နော်။ အဲဒီလို ရိုးရာ ပွဲက ဒီနှစ်မရှိတော့ဘူးဆိုတော့ ရင်ထဲ ဟာတာတာဖြစ်တာပေါ့။ ဒီလို သီတင်းကျွတ်ညမှာ မီးပုံးပျံ လွှတ်မယ် ဆိုတော့ ကောင်းပါတယ်။အနည်းဆုံးတော့ ရိုးရာပျောက်မသွားဘူးလေ။

ပျော်ပွဲရွှင်ပွဲ ဆိုတာထက် ရိုးရာပွဲလို ဖြစ်နေတော့ သီတင်းကျွတ် ညမှာ မီးပုံးပျံလွှတ်တာက ရိုးရာကို ထိန်းသိမ်းတဲ့ သဘောလို့ မြင်ပါတယ်။ ပွဲမဖြစ်ဘူးဆိုတဲ့ အပေါ်မှာတော့ ပြောစရာတော့ သိပ်မရှိပါဘူး။ တစ်ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကြောင့် လက်ခံပေးလို့ ရပါတယ်။ ရိုးရာထိန်းသိမ်းတဲ့ပွဲလည်း မပျက်စီးရအောင် ရောဂါကိုလည်း မပြန့်ပွားရအောင် လာလည်ကြမယ့် မိဘပြည်သူများက ကိုယ်တိုင်ကာကွယ်ပြီး လာကြရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ် ။တောင်ကြီး၊ အောက်တိုဘာ ၂၀ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ သတင်းကျွတ် လပြည့်ည အဝေရာ မီးပုံးပျံကွင်းကို

လာရောက် လည်ပတ်ကြ မယ့် သူတွေအတွက် နှာခေါင်းစည်း (Mask) အခုရေ ၂သောင်း ပေးဝေမှာ ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးမြို့ သတင်းကျွတ် လပြည့်ည အဝေရာမီးပုံးပျံကွင်းမှာ မီးပုံးပျံ ပညာရှင်တွေက မီးပုံးပျံတွေ လာလွှတ်ဖို့ ရှိတဲ့ အတွက် ကြောင့် စေတနာ့ ဝန်ထမ်းတွေ ပူးပေါင်းပြီး Mask တွေ ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။“ ရိုးရာပွဲဆိုတော့ လူတွေလာကြမှာပဲ။ ဦးတို့ကလဲ မလွှတ်နဲ့လို့ တားပိုင်ခွင့် မရှိဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ တတ်နိုင်သမျှ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

Mask တွေက အနည်းဆုံး ၂ သောင်းနဲ့ ၂ သောင်းခွဲလောက်တော့ လှူဖြစ်မှာပါ။ ရိုးရာပွဲကလည်း မလုပ်ဖြစ်ဘူးပေါ့။အဲဒီအတွက် တချို့အပျော် လွှတ်ဖို့ လုပ်ထားတာရော ပြိုင်ပွဲဝင်ဖို့ လုပ်ထားတာ တွေရော ပါတဲ့အတွက် ဝါသနာရှင်တွေကတော့ လွှတ်ကြမှာပဲ၊ ဦးတို့က တာဝန်ရှိတဲ့သူ မဟုတ်တဲ့ အတွက် တားလို့တော့ မရဘူး။ မတ္တာရပ်ခံချင်တာက လာတဲ့အခါမှာ Mask ကို စနစ်တကျ တပ်လာပြီး Mask တွေကို မချွတ်ဖို့ ပေါ့။ အဲဒါကို ကြိုတင်ပြီး မတ္တာရပ်ခံထားချင်ပါတယ် ” လို့ တရားဥပဒေ စိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောပါတယ်

။တောင်ကြီးမြို့က မီးပုံးပျံ ပညာရှင်တ ချို့ကလည်း သတင်းကျွတ်လပြည့်ည အဝေရာမီးပုံးပျံကွင်းမှာ ရှမ်းစက္ကူနဲ့ ညမီးကြီး ၃ လုံး၊ ဆုတောင်းတဲ့ အနေနဲ့ မီးပုံးပျံ အလုံးရေ ၁၅၀၀ ခန့်လွှတ်မှာဖြစ်ပြီး ညမီးကြီးက ခန့်မှန်းခြေ ၆ လုံးခန့် ရှိတယ်လို့လည်း ဆိုပါတယ်။တာဝန်ရှိသူတွေက ခွင့်ပြုရင် ကားတွေကို ပိုးသတ်ဆေး ဖြန်းတာတွေပါ လုပ်မှာ ဖြစ်ကြောင်း၊ မီးရှူးတွေက တရားဝင် တားမြစ်ထားတာတွေ ရှိတော့ တာဝန် ရှိသူတွေ ခွင့်ပြုမပြု မသိသေးကြောင်း၊ ဒေသန္တရ အမိန့်တွေ ထုတ်မလား ဆိုတာ လည်း မသိရသေးကြောင်း ဦးဝင်းနိုင်စိုးက ဆက်လက်ပြောကြား ခဲ့ပါတယ်။တောင်ကြီးဒေသခံ လူငယ်တချို့ကလည်း“ အခုလို Mask ဝေပေးတာကောင်းပါတယ်။ တန်ဆောင်တိုင်ဆိုတာ တောင်ကြီးမြို့မှာ နှစ်စဉ် ကျင်းပလာတဲ့ ရိုးရာပွဲ တစ်ခု ပေါ့နော်။ အဲဒီလိုရိုးရာပွဲက ဒီနှစ်မရှိတော့ဘူးဆိုတော့ ရင်ထဲ ဟာတာတာဖြစ်တာပေါ့။

ဒီလို သီတင်းကျွတ်ညမှာ မီးပုံးပျံ လွှတ်မယ် ဆိုတော့ ကောင်းပါတယ်။အနည်းဆုံးတော့ ရိုးရာပျောက်မသွားဘူးလေ။ ပျော်ပွဲရွှင်ပွဲ ဆိုတာထက် ရိုးရာပွဲလို ဖြစ်နေတော့ သီတင်းကျွတ် ညမှာ မီးပုံးပျံလွှတတာက ရိုးရာကို ထိန်းသိမ်းတဲ့ သဘောလို့ မြင်ပါတယ်။ ပွဲမဖြစ်ဘူးဆိုတဲ့ အပေါ်မှာတော့ ပြောစရာတော့ သိပ်မရှိပါဘူး။ တစ်ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကြောင့် လက်ခံပေးလို့ ရပါတယ်။ရိုးရာထိန်းသိမ်းတဲ့ပွဲလည်း မပျက်စီးရအောင် ရောဂါကိုလည်း မပြန့်ပွားရအောင် လာလည်ကြမယ့် မိဘပြည်သူများက ကိုယ်တိုင်ကာကွယ်ပြီး လာကြရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ် ။

Crd