သံစဉ်မောင် နဲ့ အမှုဖြစ်ခဲ့တုန်းက တစ်ဖက်က တောင်းသမျှ ပိုက်ဆံကို ပေးခဲ့ရကြောင်း ဖွင့်ဟလာတဲ့ နေဒွေး

ပရိတ်သတ်ကြီးရေ မင်းသား ချော နေဒွေး ကတော့ သံစဉ်မောင်နဲ့ အမှု ကိစ္စဖြစ်ခဲ့ ပြီး ဂျွန်လွင် ရဲ့ ဖြေရှင်းပေးမှုကြောင့် သာ ပြေလည်သွားခဲ့ ကြတာပါ။ဒါပေမယ့် ဒီကနေ့ မှာတော့ နေဒွေးက သူနဲ့ အမှုဖြစ်ခဲ့တဲ့ မိန်းကလေးက သူ့ကို နစ်နာအောင် ပြုလုပ်နေတဲ့အကြောင်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။“သတိပေး တာပါခင်ဗျ.. ကျွန်တော်နဲ့ အမှုဖြစ်ခဲ့သူတစ်ဦးဟာ ယခုချိန်တွင် ကျွန်တော်၏နံမည်ကိုအသုံးချပြီး အတန်းရှင်းယူအင်တာဗျူးများဖြေဆိုနေသည်ကို စိတ်မကောင်းစွာမြင်တွေ့နေရပါသည်။ပြသနာများကိုအပြီးသတ်ညှိုနှိုင်းခဲ့စဉ်ထဲက တစ်ယောက်နှင့် တယောက်အင်တာဗျူးများမဖြေဆိုရန်ကတိပေးခဲ့သလို ကျွန်တော်လည်းတရားဝင်အင်တာဗျူးကိုသူနဲ့ပတ်သတ်တာ လာမေးသမျှလုံးဝမဖြေဆိုခဲ့ပါ။ အမှုကိုလည်း ကျွန်တော့် ဆရာက ညှိုနှိုင်းပေးခဲ့ပေမဲ့ သူတို့ဘက်က ပိုက်ဆံတောင်းခံခဲ့လို့ကျွန်တော်ကိုယ်တိုင်လည်းအမှုကိုဆက်မဖြစ်ချင်တာကတကြောင်း

ကျွန်တော့်ဆရာကိုယ်တိုင်ကဆုံးမတာကတစ်ကြောင်း ကျွန်တော့ ဖက်ကမမှားဘဲ သူတို့တောင်းသမျှငွေကို ပေးခဲ့ပါသည်။ထိုငွေပေးခဲ့သည့်အကြောင်းကိုလည်းမည့်သည့် အင်တာဗျူးတွင်မှမဖြေရန်ကတိပေးခဲ့ပါသည် ထို့ပါသော်လည်း သူ့ဘက်မှစည်းကမ်းများဖောက်ဖျက်မှုများကြောင့်လည်ကောင်း Page အတုများမှ တိုက်ခိုက်မှုများကြောင့်လည်ကောင်း ဘာမှအကြောင်းစုံ မသိနားမလည်သော ပရိသတ်များမှဝိုင်းဝန်းဆဲဆိုရေးသားနေသည်ကိုမြင်တွေ့နေရပါသော်ကြောင့် ကျွန်တော် ကိုယ်တိုင် စိတ်မကောင်းစွာဖြင့်အားလုံးသိအောင်ပြောဆိုခြင်းဖြစ်ပါသည်ခင်ဗျား။“အမှုကိစ္စညှိုနှိုင်းပြီးစီး ချိန် နောက်ရက်တွင်လည်း သူမကကျွန်တာ့် Viber သို့ဖုန်းများလာခေါ်နေ၍ ကျွန်တော်ကိုယ်တိုင် Block ထားခဲ့ခြင်းဖြစ်ပါသည်ခင်ဗျား။ဒါကိုလည်းသူ့မိသားစုဝင်များသိစေချင်ပါသည်။ ယခုအကြောင်းအရာများကိုဖွင့်ပြောရခြင်းမှာတဖက်သားကိုထိခိုက်လိုစိတ်လုံးဝမရှိပါဖူးခင်ဗျာ။ယခု ကိုဗစ်ကာလလူတွေဒုက္ခရောက်နေချိန်မှာ အေးဆေးအလှုအတန်းလုပ်နေတဲ့ ကျွန်တော့်ကိုအဆက်မပြတ်တိုက်ခိုက်လာပါသောကြောင့် သတိပေးရခြင်းဖြစ်ပါသည်ခင်ဗျာ။

နောက်ထပ်လည်းအကြောင်းစုံ မသိဘဲ ကျွန်တော့်ကို့ ပြောဆိုရေး သားထားသော Nay Min Ko Ko အကောင့်ပိုင်ရှင်ကိုလည်း အမှုဖွင့်အရေးယူဆောင်ရွက်ပါတော့မည်ခင်ဗျာ။ နောက်တခါ ကျွန်တော်နံမည်ကိုဆက်ပြီးအသုံးချပြီးအတန်းရှင်းယူ အင်တာဗျူးဖြေဆိုမယ်ဆိုပါက တည်ဆဲဉပဒေအရဆောက်ရွက်မည်ဖြစ်ကြောင်းလေးစားစွာအသိပေး အပ်ပါသည် ခင်ဗျား။ အခြေအမြစ်မရှိသော Pageများမှသတင်းတုများအတွက်တာဝန်မယူပါခင်ဗျား Ps – စာချုပ်သက်သေကို စာနာစွာဖြင့်ထုတ်မပြတော့ပါဖူးခင်ဗျ။ လိုအပ်လာလျင်ထုတ်ပြပါမည်ခင်ဗျ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေမျှဝေခဲ့တာပါ။ပရိတ်သတ်ကြီးရေ နေဒွေး နဲ့ သံစဉ်မောင်က တော့ အခုထိကို ပြသနာတွေ ဖြေရှင်းလို့မပြီးကြသေးဘူးထင်ပါတယ်နော်။ပြသနာတေါ ဖြေရှင်းပြီး ပြန်အဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ဖတ်ရှုပေးခဲ့ ကြတဲ့ ပရိတ်သတ်ကြီးကိုကျေးဇူးတင်ရှိပါတယ်နော်။ ပရိတ်သတ်ကြီးအားလုံးလည်း ဒီကိစ္စလေးအပေါ်အမြစင်လေး မျှဝေပေးခဲ့ကြပါဦးနော်။ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

zawgyi


