လမ္းေလွ်ာက္ေနသူ တစ္ဦးအေပၚ ရဟတ္ယာဥ္ ပ်က္က်

ဘရာဇီးႏိုင္ငံ၊ ေဆာေပၚလိုၿမိဳ႕ ပင္လယ္ကမ္းေျခေဒသ တြင္ ကမာၻလွည့္ ခရီးသည္ ဇနီးေမာင္ႏွံကို တင္ေဆာင္ လာသည့္ ရဟတ္ယာဥ္သည္ လမ္းေလွ်ာက္ေနသူတစ္ဦးအေပၚသို႔ ပ်က္က်ခဲ့မႈ ျဖစ္ပြားခဲ့သည္။ေဆာေပၚလိုၿမိဳ႕ရွိ ပင္လယ္ကမ္းေျခေဒသ ယူဘာတူဘာအရပ္တြင္ ကမာၻလွည့္ခရီးသည္ ဇနီးေမာင္ႏွံ ကို တင္ေဆာင္ၿပီး ရႈေမွ်ာ္ ခင္းၾကည့္ ခရီးစဥ္ထြက္ခြာစဥ္ လမ္းသြား တစ္ဦးေပၚသို႔ ပ်က္က်ခဲ့ျခင္းျဖစ္သည္။

Robinson R44 Raven II ရဟတ္ယာဥ္ အတြင္းမွ ႐ုပ္သံမွတ္တမ္းမ်ားအရ ခရီးစဥ္ထြက္ခြာၿပီး ခ်က္ခ်င္း ဆိုသလိုပင္ ေျမျပင္သို႔ ျပန္လည္ က်ဆင္းခဲ့ျခင္းျဖစ္သည္ကို ေတြ႕ရသည္။ေလယာဥ္မွႉးမွာ ထိန္းသိမ္းႏိုင္စြမ္းမရွိေတာ့ဘဲ လမ္းေလွ်ာက္ေနသူ အသက္ ၄၂ ႏွစ္အ႐ြယ္ရွိ အလက္ဇန္ဒ႐ို ေကာ္႐ိုင္ယာ လိုင္တီကို တိုက္မိ ပ်က္က်ခဲ့ရာ ေကာ္႐ိုင္ယာ လိုင္တီမွာ အခင္းျဖစ္ေနရာတြင္ ပင္ ေသဆုံးသြားခဲ့ရသည္။

ေသဆုံးသူ အလက္ဇန္ဒ႐ိုအခင္းျဖစ္ေနရာ တြင္ ႐ိုက္ကူးထားေသာ ဗြီဒီယိုမွတ္တမ္းမ်ားအရ ရဟတ္ယာဥ္မွာ ရပ္ကြက္အတြင္းရွိ လမ္းေပၚသို႔က်ေရာက္ပ်က္စီး ေနပုံကို ေတြ႕ရၿပီး ေဆးဝါးအဖြဲ႕မွာ အလက္ဇန္ဒ႐ို၏ အသက္ကို ကယ္တင္ရန္ ႀကိဳးပမ္းေနၾကပုံ ေတြ႕ရသညရဟတ္ယာဥ္ ၏တန္ဖိုးမွာ ကန္ေဒၚလာ ႏွစ္သိန္းခြဲဝန္းက်င္ခန႔္ရွိ ေဒသတြင္း သတင္းမီဒီယာ တို႔၏ ေဖာ္ျပခ်က္အရ ေလယာဥ္မႉးႏွင့္ ကမာၻလွည့္ ခရီးသည္ဇနီးေမာင္ႏွံမွာ ထိခိုက္ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့သည္ဟု ဆိုသည္။

Robinson R44 Raven II ရဟတ္ယာဥ္တစ္စင္း ကမာၻလွည့္ခရီးသည္ ဇနီးေမာင္ႏွံကို အနီးရွိ ဆန္တာကာဆာေဆး႐ုံ သို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေလယာဥ္မွႉးမွာမူ ေဆးဝါးကုသမႈခံယူရန္ လိုအပ္ျခင္းမရွိဟု သိရသည္။လက္ရွိတြင္ ရဟတ္ယာဥ္ပ်က္က်ရျခင္း၏ အေၾကာင္းရင္းကို စုံစမ္းမႈမ်ား ျပဳလုပ္ လ်က္ရွိသည္။

ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ ဘ႐ူႏို အာရာဂါအိုက ေျပာၾကားရာတြင္ “ခရီးသည္အမ်ိဳးသမီးေျပာတာကေတာ့ ရဟတ္ယာဥ္ထြက္ၿပီး တစ္မိနစ္ေလာက္အတြင္း စၿပီးပ်က္က်လာတာျဖစ္တယ္လို႔ ေျပာပါတယ္”ဟု ေျပာျပသည္။

ရဟတ္ယာဥ္ခရီးစဥ္မ်ား ျပဳလုပ္ေပးသည့္ ကုမၸဏီ Helicon က ထုတ္ျပန္ရာ တြင္ ေသဆုံးသြားသူ အလက္ဇန္ဒ႐ို၏ မိသားစုကို ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။ေသဆုံးသူ၏ဖခင္ အန္တိုနီယို ေကာ္ရီယာ လိုင္တီ နီတိုက သားျဖစ္သူမေသဆုံးမီ အခ်ိန္အနည္းငယ္အလိုတြင္ မိမိႏွင့္အတူ ရွိေန ခဲ့ေၾကာင္း ေျပာၾကားသည္။“သူနဲ႔အတူ ေကာ္ဖီေတာင္ေသာက္ခဲ့ေသးတယ္။ ၿပီးေတာ့ သားက အျပင္ထြက္သြားၿပီး ကြၽန္ေတာ္က အခန္းထဲျပန္ဝင္ၿပီး လွဲေနခဲ့တယ္”

“မၾကာခင္မွာပဲ ရဟတ္ယာဥ္အသံကိုၾကားရတယ္။ ပထမေတာ့ သမား႐ိုးက် အသံပါ။ အသံၾကားၿပီးခ်က္ခ်င္းပဲ မတူညီတဲ့အသံတစ္မ်ိဳး ထပ္ၾကားရတယ္။ ထြက္ၾကည့္ေတာ့ ေျမေပၚမွာ လူတစ္ေယာက္လဲေနတာေတြ႕လို႔ ကြၽန္ေတာ့္ရဲ႕တျခားသားတစ္ေယာက္ကို မီးသတ္ဌာန ဖုန္းဆက္ဖို႔ လွမ္းေအာ္ေျပာခဲ့ေသးတယ္။ အခင္းျဖစ္တဲ့ေနရာကို အနီးကပ္သြားၾကည့္ေတာ့ မွ ကြၽန္ေတာ့္သားျဖစ္ေနတာ ကို ေတြ႕ခဲ့ရတယ္” ဟု ေသဆုံးသူ၏ ဖခင္က ဆက္လက္ေျပာၾကားသည္။

crd : panpyoelat

unicode

ဘရာဇီးနိုင်ငံ၊ ဆောပေါ်လိုမြို့ ပင်လယ်ကမ်းခြေဒေသ တွင် ကမ္ဘာလှည့် ခရီးသည် ဇနီးမောင်နှံကို တင်ဆောင် လာသည့် ရဟတ်ယာဉ်သည် လမ်းလျှောက်နေသူတစ်ဦးအပေါ်သို့ ပျက်ကျခဲ့မှု ဖြစ်ပွားခဲ့သည်။ဆောပေါ်လိုမြို့ရှိ ပင်လယ်ကမ်းခြေဒေသ ယူဘာတူဘာအရပ်တွင် ကမ္ဘာလှည့်ခရီးသည် ဇနီးမောင်နှံ ကို တင်ဆောင်ပြီး ရှုမျှော် ခင်းကြည့် ခရီးစဉ်ထွက်ခွာစဉ် လမ်းသွား တစ်ဦးပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

Robinson R44 Raven II ရဟတ်ယာဉ် အတွင်းမှ ရုပ်သံမှတ်တမ်းများအရ ခရီးစဉ်ထွက်ခွာပြီး ချက်ချင်း ဆိုသလိုပင် မြေပြင်သို့ ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။လေယာဉ်မှှူးမှာ ထိန်းသိမ်းနိုင်စွမ်းမရှိတော့ဘဲ လမ်းလျှောက်နေသူ အသက် ၄၂ နှစ်အရွယ်ရှိ အလက်ဇန်ဒရို ကော်ရိုင်ယာ လိုင်တီကို တိုက်မိ ပျက်ကျခဲ့ရာ ကော်ရိုင်ယာ လိုင်တီမှာ အခင်းဖြစ်နေရာတွင် ပင် သေဆုံးသွားခဲ့ရသည်။

သေဆုံးသူ အလက်ဇန်ဒရိုအခင်းဖြစ်နေရာ တွင် ရိုက်ကူးထားသော ဗွီဒီယိုမှတ်တမ်းများအရ ရဟတ်ယာဉ်မှာ ရပ်ကွက်အတွင်းရှိ လမ်းပေါ်သို့ကျရောက်ပျက်စီး နေပုံကို တွေ့ရပြီး ဆေးဝါးအဖွဲ့မှာ အလက်ဇန်ဒရို၏ အသက်ကို ကယ်တင်ရန် ကြိုးပမ်းနေကြပုံ တွေ့ရသညရဟတ်ယာဉ် ၏တန်ဖိုးမှာ ကန်ဒေါ်လာ နှစ်သိန်းခွဲဝန်းကျင်ခန့်ရှိ ဒေသတွင်း သတင်းမီဒီယာ တို့၏ ဖော်ပြချက်အရ လေယာဉ်မှူးနှင့် ကမ္ဘာလှည့် ခရီးသည်ဇနီးမောင်နှံမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်ဟု ဆိုသည်။

Robinson R44 Raven II ရဟတ်ယာဉ်တစ်စင်း ကမ္ဘာလှည့်ခရီးသည် ဇနီးမောင်နှံကို အနီးရှိ ဆန်တာကာဆာဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး လေယာဉ်မှှူးမှာမူ ဆေးဝါးကုသမှုခံယူရန် လိုအပ်ခြင်းမရှိဟု သိရသည်။လက်ရှိတွင် ရဟတ်ယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို စုံစမ်းမှုများ ပြုလုပ် လျက်ရှိသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဘရူနို အာရာဂါအိုက ပြောကြားရာတွင် “ခရီးသည်အမျိုးသမီးပြောတာကတော့ ရဟတ်ယာဉ်ထွက်ပြီး တစ်မိနစ်လောက်အတွင်း စပြီးပျက်ကျလာတာဖြစ်တယ်လို့ ပြောပါတယ်”ဟု ပြောပြသည်။

ရဟတ်ယာဉ်ခရီးစဉ်များ ပြုလုပ်ပေးသည့် ကုမ္ပဏီ Helicon က ထုတ်ပြန်ရာ တွင် သေဆုံးသွားသူ အလက်ဇန်ဒရို၏ မိသားစုကို ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။သေဆုံးသူ၏ဖခင် အန်တိုနီယို ကော်ရီယာ လိုင်တီ နီတိုက သားဖြစ်သူမသေဆုံးမီ အချိန်အနည်းငယ်အလိုတွင် မိမိနှင့်အတူ ရှိနေ ခဲ့ကြောင်း ပြောကြားသည်။“သူနဲ့အတူ ကော်ဖီတောင်သောက်ခဲ့သေးတယ်။ ပြီးတော့ သားက အပြင်ထွက်သွားပြီး ကျွန်တော်က အခန်းထဲပြန်ဝင်ပြီး လှဲနေခဲ့တယ်”

“မကြာခင်မှာပဲ ရဟတ်ယာဉ်အသံကိုကြားရတယ်။ ပထမတော့ သမားရိုးကျ အသံပါ။ အသံကြားပြီးချက်ချင်းပဲ မတူညီတဲ့အသံတစ်မျိုး ထပ်ကြားရတယ်။ ထွက်ကြည့်တော့ မြေပေါ်မှာ လူတစ်ယောက်လဲနေတာတွေ့လို့ ကျွန်တော့်ရဲ့တခြားသားတစ်ယောက်ကို မီးသတ်ဌာန ဖုန်းဆက်ဖို့ လှမ်းအော်ပြောခဲ့သေးတယ်။ အခင်းဖြစ်တဲ့နေရာကို အနီးကပ်သွားကြည့်တော့ မှ ကျွန်တော့်သားဖြစ်နေတာ ကို တွေ့ခဲ့ရတယ်” ဟု သေဆုံးသူ၏ ဖခင်က ဆက်လက်ပြောကြားသည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

one × 2 =