ဒီကလေးကို မြင်ဖူးနေပါတယ်လို့ မှတ်တာ၊ လမ်း ၃၀ ထိပ်က ပလုံးအိတ်တွေ ကြားက မိသားစုတွေထဲမှာ မြင်ဖူးနေတာပါ ၊ဟိုနေ့က ရွှေဆိုင်ကြော်ငြာလေးတွေ့တော့၊ အော် ဒီကလေးကံကောင်းလိုက်တာလို့တွေးနေမိသေးတာ။ဒါပေမယ့် ဒီနေ့ မြို့ထဲသွားဖြစ်တော့ ဘာမြင်လိုက်ရလဲဆိုတော့ အဲ့ကလေးကို အဲ့ လမ်း ၃၀ ထိပ်မှာပဲ ရယ်ရယ်မောမောနဲ့ အရင်တိုင်းလေးပဲ ပြန်တွေ့မိတယ်။
အဝတ်အစားခပ်နွမ်းနွမ်းလေးနဲ့ပါပဲ၊ တဆက်တည်းမှာပဲ ဆက်လျှောက်လာရင်း အရင်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ကချေသည် သားအမိ နှစ်ယောက်ကို ၃၄ လမ်းထိပ်မှာတွေ့လိုက်တယ်၊ ဒဿဂီရိ သီချင်းနဲ့ဘောက်လေးဖွင့်ပြီးကနေတာ၊ ဘာမှမပြောင်းလဲဘူးအရင်အတိုင်းပဲ၊ ဖုန်းနဲ့ ဗီဒီယို ရိုက်နေတဲ့သူတွေတော့ များသား၊ အဲ့လိုပါပဲ လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ မြေအိုးလေးတွေကို ၆ လုံးပတ် လုပ်တီးနေတဲ့ မိသားစုလေးလည်း စျေးထဲ တခါခါ ပြန်ပြန် ရောက်လာတယ်။
အဆိုကောင်းအတီးကောင်းတဲ့ မျက်မမြင်လင်မယား ကိုလည်း အရင် ပုံစံအတိုင်း မပြောင်းလဲဘဲ တွေ့နေမိတုန်းပဲ။ အရင်တုန်းကတော့ လိုင်းပေါ်မှာ ပေါ်ပင်ဖြစ်သွားရင် သူတို့ဘဝလေးတွေ အဆင်ပြေသွားပြီထင်တာ၊ တကယ်အဆင်ပြေသွားတာက သူတို့ဘဝတွေကို ရိုက်ပြ ဗျူးပြတဲ့ အကောင့်တွေ၊ ပေ့တွေကပဲ အဆင်ပြေသွားကြတာ၊ သူတို့ဘဝလေးတွေကတော့ အရင်တိုင်းပဲ ဖျော်ဖြေနေရတုန်းပဲ။
crd
zawgyi
ဒီကေလးကို ျမင္ဖူးေနပါတယ္လို႔ မွတ္တာ၊ လမ္း ၃၀ ထိပ္က ပလုံးအိတ္ေတြ ၾကားက မိသားစုေတြထဲမွာ ျမင္ဖူးေနတာပါ ၊ဟိုေန႔က ေ႐ႊဆိုင္ေၾကာ္ျငာေလးေတြ႕ေတာ့၊ ေအာ္ ဒီကေလးကံေကာင္းလိုက္တာလို႔ေတြးေနမိေသးတာ။ဒါေပမယ့္ ဒီေန႔ ၿမိဳ႕ထဲသြားျဖစ္ေတာ့ ဘာျမင္လိုက္ရလဲဆိုေတာ့ အဲ့ကေလးကို အဲ့ လမ္း ၃၀ ထိပ္မွာပဲ ရယ္ရယ္ေမာေမာနဲ႔ အရင္တိုင္းေလးပဲ ျပန္ေတြ႕မိတယ္။
အဝတ္အစားခပ္ႏြမ္းႏြမ္းေလးနဲ႔ပါပဲ၊ တဆက္တည္းမွာပဲ ဆက္ေလွ်ာက္လာရင္း အရင္လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ကေခ်သည္ သားအမိ ႏွစ္ေယာက္ကို ၃၄ လမ္းထိပ္မွာေတြ႕လိုက္တယ္၊ ဒႆဂီရိ သီခ်င္းနဲ႔ေဘာက္ေလးဖြင့္ၿပီးကေနတာ၊ ဘာမွမေျပာင္းလဲဘူးအရင္အတိုင္းပဲ၊ ဖုန္းနဲ႔ ဗီဒီယို ႐ိုက္ေနတဲ့သူေတြေတာ့ မ်ားသား၊ အဲ့လိုပါပဲ လိုင္းေပၚမွာ နာမည္ႀကီးေနတဲ့ ေျမအိုးေလးေတြကို ၆ လုံးပတ္ လုပ္တီးေနတဲ့ မိသားစုေလးလည္း ေစ်းထဲ တခါခါ ျပန္ျပန္ ေရာက္လာတယ္။
အဆိုေကာင္းအတီးေကာင္းတဲ့ မ်က္မျမင္လင္မယား ကိုလည္း အရင္ ပုံစံအတိုင္း မေျပာင္းလဲဘဲ ေတြ႕ေနမိတုန္းပဲ။ အရင္တုန္းကေတာ့ လိုင္းေပၚမွာ ေပၚပင္ျဖစ္သြားရင္ သူတို႔ဘဝေလးေတြ အဆင္ေျပသြားၿပီထင္တာ၊ တကယ္အဆင္ေျပသြားတာက သူတို႔ဘဝေတြကို ႐ိုက္ျပ ဗ်ဴးျပတဲ့ အေကာင့္ေတြ၊ ေပ့ေတြကပဲ အဆင္ေျပသြားၾကတာ၊ သူတို႔ဘဝေလးေတြကေတာ့ အရင္တိုင္းပဲ ေဖ်ာ္ေျဖေနရတုန္းပဲ။
crd