“ပုရစ်ကြော် ကြိုက်သူတွေ အတွက် အန္တရာယ် ဖြစ်လာနေတဲ့ နောက်ဆုံးပေါ် ပုရစ် ဖမ်းနည်း”

“ပုရစ်ကြော် ကြိုက်သူတွေ အတွက် အန္တရာယ် ဖြစ်လာနေတဲ့ နောက်ဆုံးပေါ် ပုရစ် ဖမ်းနည်း”

ပုရစ်‌ကြော် စားရင်း ဝမ်းလျော ဝမ်းပျက် နေကြတယ် ပြော‌နေလို့

လျောကြ ပျက်ကြ မှာပေါ့ ဗျေ၊ ချာင်းဘေး မြစ်ဘေးက သဲ / နုန်းေ သာင်ပြင်မှာ မီးစက်နိုး မီးတိုင် ထွန်းပြီး မိုးကာ ဇလားနဲ့ ဖမ်းတဲ့ ခေတ်သစ် အထက အဲ့ဒီ ပုရစ်တွေ ဇလားထဲ ကျပြီး အပေါ်ပြန်မတက်နိုင်အောင် မိုးကာမှာ ဆပ်ပြာရည် သုတ်ပြီး ဖမ်းကြတာ (အများစု)

မိုးကာ ဇလားထဲက ဆပ်ပြာရည်တွေ အင်းဆက် အသေးလေး တွေ စားထားတဲ့ ပုရစ်က အဆင်ပြေမနေဘူးနော်

အဲ့‌တော့ သန့်ရှင်း‌နေအောင် ချီး အကုန် မဖောက်ပဲေ တာင်ပံ နဲ့ အနောက် ‌ခြေထောက် နှစ်‌ချောင်းပဲဖြုတ်စားတဲ့ အငတ်ကြီးကျတွေကတော့ဝမ်းလျောတာ ဆန်းလား

ပြီးတော့ မိုးတွင်းဆိုတာ ဘက်တီးရီယားအလွန်များတယ် ။ အဲ့ဒီမိုးပုရစ်တွေစားထားတဲ့ အင်းဆက် အသေးလေးတွေကလည်း လူတွေစားမိရင် အဆိပ်အတောက် ဖြစ်စေတယ်

ပြီးတော့ မိုးပုရစ်တွေက ပျော့တယ် အိလွယ် တယ် သေရင် နံလွယ်တယ် ကျွန်တော်တို့ ဖက်မှာ အရင်က မိုးပုရစ်ဘယ်သူမှ မစားဘူးေ။ဆာင်းပုရစ်ပဲ စားကြတယ်

အခုတော့ ဈေးကွက်ရဲ့ ငတ်ကြီးကျချက် အရ အကုန်ဖမ်းကြတော့တာပဲေ။ အာက်ပြည်အောက်ရွာတွေကအဝယ်လိုက်တော့ ဒညင်းသီးအနု‌လေး‌တွေတောင်
မရင့်သေးပဲ ခူးပြီး ပို့နေကြတာကိုး။အခုလည်း အောက်ပြည်အောက်ရွာကအသားကုန် ဝယ်လိုအားတက်တော့စားစမ်းကွာ ဆိုပြီး ဖမ်းပြီး ပိုက်ဆံရှာကုန်တော့တာပဲ

မိုးပုရစ်က စားလို့ရပါတယ်…သေချာ လုပ်ရင် ပေါ့။ အိမ်မှာ ကျွန်တော်တို့စားတဲ့လုပ်နည်းကိုင်နည်း ပြောပြမယ်

တောင်ပံချိုးတယ်၊ရှေ့‌ခြေထောက် လေးချောင်း ရဲ့ ထိပ်ဖျားလေးတွေ ဖြတ်တယ်၊အနောက်က ဆူးပါတဲ့ ‌ခြေထောက်နှစ်ချောင်းချိုးတယ်၊ဖင်ကနေ ချီးကို အကုန် ဖောက်ရတယ်

မိုးပုရစ်က ဥမှ မပါတာ ဗိုက်ထဲ အကုန်ဟောင်းလောင်းပဲ၊ ပြီးတော့ေ ခါင်း ဖြုတ်တယ် (ခေါင်းကို ဆွဲဖြုတ်လိုက်ရင် ဘူစီဖောင်း လို အစာအိမ် အိတ်ကလေး ထွက်လာတယ် အဲ့ထဲမှာ စားထားသမျှ အဓိကပဲ ခေါင်း မဖြုတ်ချင်ရင် ဂုတ်ကြားထဲက ဆွဲထုတ်လို့တော့ရတယ် ဒါပေမယ့်ပုရစ်က ဇက်ကျိုးပုံပျက်သွားတယ် )

ပြီးတော့ ရေနွေးဆူ အောင်တည်ပြီး ဆားနဲ့အရင် ပြုတ်လိုက်တယ် အဲ့တာ Main ပဲ ပြုတ်ထားတဲ့ အရည်က မည်းညစ်နေတာပဲ၊ဆယ်လိုက်တော့ ဖွေးဖွေးသန့်သန့်လေး ဖြစ်သွားတယ် အဲ့အဆင့်ထိ ရောက်နိုင်ရင်တော့ မိုးပုရစ်စားလို့ ဝမ်းကိုက်တယ် ဆိုတာ No ပါ

မနက်ရောင်းဖို့ ညကို ဖမ်း တယ် ပုရစ်တွေ ကို စုပြုံထည့် ထားတော့ အချင်းချင်း ကိုက်ပြီး အနာပေါက်တွေ ဖြစ်နေတတ်တယ် အဲ့နေရာတွေက မည်းနေတတ်တယ်

ဈေးကွက်အရတော့ အရောင်းပန်းလှအောင် ချီးသေချာ မဖောက်ပဲေ တာင်ပံနဲ့ ‌အနောက်‌ခြေပဲ ဖြုတ်တဲ့ မန်းလေးက လမ်းဘေးမှာ ကြော်ရောင်းတာတွေစားပြီး ဒေသထွက် အစားအစာကို လက်ညိုး မထိုးပါနဲ့လို့ အဲ့တာ ခင်ဗျားတို့ ငတ်လို့ ခင်ဗျားတို့ ခံရတာ

ကျွန်တော်တို့က ကိုယ်တိုင် အပင်ပန်းခံပြီး ဖမ်းတယ် (သူတို့ မီးထွန်း ထားတဲ့ ဇလား ဘေးမှာ ကျသမျှ အကုန်ကောက်လို့ရတယ်)ကိုယ်တိုင် ချီးဖောက်တယ် (ညောင်းကိုက် အီဆိမ့်နေတာပဲ)

ကိုယ်တိုင်လည်း စားမှာမို့ သန့်သန့်ရှင်းရှင်းလုပ်တယ် ကိုယ် တကူးတက ပို့ပေးတဲ့သူတွေကလည်း ကိုယ့်အပေါ် ကျေးဇူးရှိထားသူတွေမို့ပိုဂရုစိုက်ရတယ်

မိုးပုရစ်က သေးတယ် အရသာပေါ့တယ် ဥ မပါဘူးေ ဆာင်းပုရစ် လို မဆိမ့်ဘူး

မိုးတွင်းအစားအစာတွေက အဆိပ်အတောက် များတယ် အဲ့တော့ စဉ်းစားချင့်ချိန်ပြီး ‌ဖြေးဖြေးစားကြပါ

ကျန်းမာရေးက ပိုအရေးကြီးပါတယ်

Moon Egg

Add a Comment

Your email address will not be published. Required fields are marked *

3 × 1 =