ကိုဗစ်လူနာ ဦးကျော်သူ ကို အနီးကပ် ပြုစုစောင့်ရှောက်ဖို့အတူ လိုက်ပါ သွားတဲ့ ထွန်းကိုကို

ဦးကျော်သူ့ဇနီး မရွှေဇီး ကွက်ရေးတဲ့

အော်… ရဲဘော်ရဲဘက် စိတ်ဓါတ်ဆိုတာ တကယ်မြင့်မြတ်တဲ့ စိတ်ဓါတ်ပါလား။ အသင်းကကလေးတစ်ယောက် positive ဖြစ်လို့ ကိုကျော်သူက သူနဲ့ contact ရှိထားတဲ့အတွက် ၆ရက်မြောက်နေ့ မှာ swab test စစ်လိုက်တာ positive ဖြစ်နေပါတယ်။

အခုအချိန်အထိ ဘာရောဂါ လက္ခဏာမှ မပြပေမဲ့ အရင်က နှလုံးသွေးကြောလဲထားတာရယ်၊ ဆေးလိပ်သောက်တတ်တာရယ်၊ ဆီးချိုနည်းနည်းတက်ချင်တာရယ်တွေကြောင့် ဖြစ်နိုင်ရင် အိမ်မှာဘဲနေချင်ပေမဲ့လည်း

ဆရာကြီး ဒေါက်တာဦးညွှန့်သိန်းဆီက အကြံဉာဏ်ယူပြီး အဖက်ဖက်က အဆင်ပြေတဲ့ ဝေဘာဂီဆေးရုံကို သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီမှာ တစ်သက်လုံး အဖော်နဲ့ အပေါင်းနဲ့မှ နေတတ်တဲ့ ကိုကျော်သူ့ကို အဖော်ပြုလိုက်ဖို့ လူတစ်ယောက်လိုအပ်လာတာမှာ ထွန်းကိုကိုက သူလိုက်မယ်ဆိုပြီး အဆိုပြုပြီးလိုက်သွားလေရဲ့။

ပထမတော့ သူတို့အုပ်စုရယ် အိမ်က ကလေးရယ်တို့ကို swab test ယူပြီး positive ဖြစ်တဲ့သူလိုက်မယ်လို့ စီစဉ်နေကြတာမှာ ကိုကျော်သူက ဒီညနေဘဲသွားတော့မယ်ဆိုတော့ ထွန်းကိုကိုက ဘာမှမစစ်ရသေးခင်မှာဘဲ လိုက်သွားပါလေရော။ ကျေးဇူးတင်လိုက်တာသားရယ်။

တကဲ့ရဲဘော်ရဲဘက်စိတ်ဓါတ်ကို မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရလို့ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ နှစ်ယောက်စလုံးဘေးကင်းပြီး အများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ကြပါစေ။

ဒီကနေ့ တစ်နေကုန် သတင်းမေး ဆုတောင်းအားပေး အားဆေးတွေပေး အစားအစာတွေပို့ပေးကြတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကိုကျော်သူလည်း အားလုံးရဲ့မေတ္တာနဲ့ အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေ။ သားထွန်းကိုကိုလေးလည်း ဘေးကင်းပါစေ။

နာရေးကူညီမှုအသင်းသားအားလုံးလည်း ကပ်ဘေးက ကင်းဝေးပါစေ။ တစ်ကမ္ဘာလုံး အမြန်ငြိမ်းချမ်းပါစေ။

Myint Myint Khin Pe