ကိုရီးယားရောက် မြန်မာတစ်ဦး၏ ထူးခြား ဖြစ်စဉ် တခု

ကိုအောင်မျိုးဟိန်းက ကိုးရီးယား နိုင်ငံ အောက်ပိုင်း ဂျင်ဂျူမြို့မှာ နေထိုင်သူပါ။ ချူဆော့ ပိတ်ရက်က မဲပေးဖို့ ရောက်လာပေမယ့် လူများလို့ မပေးဖြစ်လိုက် ပါဘူး။ နောက်ရက် အလုပ်ပြန်လုပ်နေစဉ်မှာ မတော်တဆ ထိခိုက်မိပြီး ဆေးရုံတက်နေရပါတယ်။ ပေါင်ရင်းမှာ အချက် ၄၀ ကျော် ချုပ်ထားရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆိုးလ်မြို့က ဆေးရုံတက်နေသူ တဦးကို သံရုံးကနေ မဲသွားယူပေးတဲ့ ထူးခြားဖြစ်စဉ် (၁) သတင်းကို မြင်တော့ သူ့ကိုလည်း ကူညီပေးလို့ ရနိုင်မလားလို့ ပြောပါတယ်။

နောက်တော့ ဟန်းဂုရွာကနေတဆင့် ကူညီပေးဖို့ ပြောပါတယ်။ သူနေတဲ့ ဂျင်ဂျူမြို့ဟာ အသွား အပြန် ၇ နာရီလောက် ကြာမှာမို့ ဆေးရုံသို့ မဲသွားယူပေးဖို့ အဆင်မပြေပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ကိုအောင်မျိုးဟိန်း လူကိုယ်တိုင် လာရောက် မဲပေးသွားပါတယ်။ မနေ့က ဆေးရုံဆင်းတယ်တဲ့။ KTX စီးပြီး မဲလာပေးတာပါ။

ခြေထောက် ပတ်တီးနဲ့မို့ အပေါ်ထပ်တက်ဖို့ ခက် တာကြောင့် အောက်ထပ်မှာပဲ မဲပေးဖို့ စီစဉ်ပေး ကြပါတယ်။ သံအမတ်ကြီး က သူ့ရဲ့ ဒဏ်ရာအကြောင်း မေးမြန်း အားပေးပြီး၊ နိုင်ငံသားတယောက်ရဲ့ တာဝန်ကို အခုလို ခက်ခက်ခဲခဲ လေးလေးစားစား ထမ်းဆောင်တဲ့အတွက် လေးစားပါကြောင်း ဂုဏ်ပြုစကား ဆိုပါတယ်။ လမ်းကောင်းကောင်း မလျှောက်နိုင် သေးပေမယ့် မဲရုံရောက်အောက် တယောက် တည်း လာပြီး မဲတမဲကို ရအောင်ပေးသွားတဲ့ ကိုအောင်မျိုးဟိန်းကို လေးစားပါကြောင်း မှတ်တမ်းတင်ပါတယ်။

Via. Moe Thu Soe

zawgyi

ကိုေအာင္မ်ိဳးဟိန္းက ကိုးရီးယား ႏိုင္ငံ ေအာက္ပိုင္း ဂ်င္ဂ်ဴၿမိဳ႕မွာ ေနထိုင္သူပါ။ ခ်ဴေဆာ့ ပိတ္ရက္က မဲေပးဖို႔ ေရာက္လာေပမယ့္ လူမ်ားလို႔ မေပးျဖစ္လိုက္ ပါဘူး။ ေနာက္ရက္ အလုပ္ျပန္လုပ္ေနစဥ္မွာ မေတာ္တဆ ထိခိုက္မိၿပီး ေဆး႐ုံတက္ေနရပါတယ္။ ေပါင္ရင္းမွာ အခ်က္ ၄၀ ေက်ာ္ ခ်ဳပ္ထားရပါတယ္။ ေအာက္တိုဘာ ၁၂ ရက္ေန႔မွာ ဆိုးလ္ၿမိဳ႕က ေဆး႐ုံတက္ေနသူ တဦးကို သံ႐ုံးကေန မဲသြားယူေပးတဲ့ ထူးျခားျဖစ္စဥ္ (၁) သတင္းကို ျမင္ေတာ့ သူ႔ကိုလည္း ကူညီေပးလို႔ ရႏိုင္မလားလို႔ ေျပာပါတယ္။

ေနာက္ေတာ့ ဟန္းဂု႐ြာကေနတဆင့္ ကူညီေပးဖို႔ ေျပာပါတယ္။ သူေနတဲ့ ဂ်င္ဂ်ဴၿမိဳ႕ဟာ အသြား အျပန္ ၇ နာရီေလာက္ ၾကာမွာမို႔ ေဆး႐ုံသို႔ မဲသြားယူေပးဖို႔ အဆင္မေျပပါဘူး။ ဒါေပမယ့္ ဒီေန႔မွာေတာ့ ကိုေအာင္မ်ိဳးဟိန္း လူကိုယ္တိုင္ လာေရာက္ မဲေပးသြားပါတယ္။ မေန႔က ေဆး႐ုံဆင္းတယ္တဲ့။ KTX စီးၿပီး မဲလာေပးတာပါ။

ေျခေထာက္ ပတ္တီးနဲ႔မို႔ အေပၚထပ္တက္ဖို႔ ခက္ တာေၾကာင့္ ေအာက္ထပ္မွာပဲ မဲေပးဖို႔ စီစဥ္ေပး ၾကပါတယ္။ သံအမတ္ႀကီး က သူ႔ရဲ႕ ဒဏ္ရာအေၾကာင္း ေမးျမန္း အားေပးၿပီး၊ ႏိုင္ငံသားတေယာက္ရဲ႕ တာဝန္ကို အခုလို ခက္ခက္ခဲခဲ ေလးေလးစားစား ထမ္းေဆာင္တဲ့အတြက္ ေလးစားပါေၾကာင္း ဂုဏ္ျပဳစကား ဆိုပါတယ္။ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ ေသးေပမယ့္ မဲ႐ုံေရာက္ေအာက္ တေယာက္ တည္း လာၿပီး မဲတမဲကို ရေအာင္ေပးသြားတဲ့ ကိုေအာင္မ်ိဳးဟိန္းကို ေလးစားပါေၾကာင္း မွတ္တမ္းတင္ပါတယ္။

Via. Moe Thu Soe