ပေါ့ပါးတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ငေးမောစရာကောင်း လောက်အောင် ညှို့အားပြင်းပြင်း ဖမ်းစားထား တဲ့ သွန်းဆက်

မင်းသမီးချောလေး သွန်းဆက်ဟာ အနုပညာလောကမှာ ကြိုးစား အားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထား နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ကြော်ငြာတွေကိုလည်း ရိုက်ကူးထားပါသေးတယ်။လတ်တလောမှာ အနုပညာအလုပ်တွေကို ကပ်ရောဂါကြောင့်ခေတ္တရပ်နားထားခဲ့ပြီး မိသားစုနဲ့ အတူ ပျော်ပျော် ရွှင်ရွှင် ဘဝကိုဖြတ်သန်း နေထိုင်နေရတာပဲဖြစ်ပါတယ်။

သွန်းဆက် က ဖြူဖွေးနုဖက်နေတဲ့ အသားရေလေးတွေကို ပိုင်ဆိုင် ထားသလို ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို အသည်းယားစရာကောင်းတဲ့ tiktok ဗီဒီယိုလေးတွေအပြင် ချစ်စရာပုံရိပ်လေးတွေလည်း ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ပရိသတ်တွေ အသည်းတွေ တဖြုတ်ဖြုတ်ကြွေသွားစေမယ့် အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးထဲမှာတော့ သွန်းဆက် က ပေါ့ပါးတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး စွဲမက်စရာကောင်းလောက်အောင် ဖြူဖွေးနုဖက်နေတဲ့ အတွင်းသားလေးတွေ ပေါ်လွင်ကာ ညှိုးအားပြင်းပြင်း ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း သွန်းဆက် က ” အပြင်တွေ ကိစ္စမရှိပဲနဲ့ ခဏခဏမထွက်နဲ့နော် …နေကောင်းကျန်းမာအောင်နေနော် … အပြင်ထွက်ရင်လဲ Mask တပ်ဖို့မမေ့ပါနဲ့နော် … ဒီကောင်မလေး စိတ်ပူနေတယ် သိလားယူ “ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ သွန်းဆက်ရဲ့ အလန်းစားပုံလေးတွေကို ကြည့်ရှု့လို့ရအောင် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Photo Credit – Thun Sett’s Facebook Page

Source – Thun Sett’s Facebook Page

zawgyi




