“သာကူး” လို့ ခေါင်းစဉ်တပ် ဝေဖန်သူတွေ ကို တုံ့ပြန်ပြော ဆိုလာ တဲ့ နေမျိုးအောင် (ရုပ်သံ)

မင်းသား နေမျိုးအောင်ကတော့ သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေမျိုးအောင်က အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ် ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာတော့ နေမျိုးအောင်က”ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ နောက်ဆက်တွဲအဖြစ် “သာကူး” လို့ ခေါင်းစဉ်တပ် ဝေဖန်မှု တစ်ချို့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး နေမျိုးအောင်က “အနုပညာသမားအနုပညာလုပ်တာ ဘာမှားလို့ဝိုင်းဆဲတာလဲမသိဘူး။ သာကူးရအောင်လည်းဘယ်သူမှတစ်ပြားတစ်ကျပ်လာမပေးဘူး။

နှစ်တိုင်းတပ်မတော်ကားရိုက်တယ်။ NLD ကတစ်ယောက် မှလာမဆဲဘူး။ NLD ကားခုတစ်ခါပဲရိုက်ဘူးတယ်။ အားလုံးဝိုင်းဆဲကြတယ်။ အဲ့တာဘာဖြစ်လို့လဲနားမလည် ကျွန်တော့်အဖေက စစ်သား ၇ လပိုင်းကမှသေသွားတာ ညီ ၂ ယောက်က ခုလက်ရှိ စစ်တပ်ထဲမှာပါဗျ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖြေရှင်းလာခဲ့ပါတယ်။ နေမျိုးအောင်ကတော့ အနုပညာသမားပီပီ ကျရာဇာတ်ရုပ်အတိုင်း ပြောဆို သရုပ်ဆောင်ရမှာ သူ့ရဲ့တာဝန်တစ်ခုပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း

အနုပညာသမား တစ်ယောက်ဖြစ်တဲ့ နေမျိုးအောင် ကို နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

crd