စားဝတ်နေရေး အရမ်းခက်ခဲနေတဲ့ ကလေး(၄)ယောက် နဲ့ Single Mom ကို ကူညီထောက်ပံ့ပေးခဲ့တဲ့ “နှိုင်းရှင်မြင့်မိုရ်”

ပရိသတ်တို့ရေ နှိုင်းရှင်မြင့်မိုရ်ကတော့ဟာသသရုပ်ဆောင်၊ဇာတ်ပို့ဇာတ်ရန်အဖြစ်ရုပ်ရှင်ဇာတ်ကားတော်‌တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့်ပရိသတ်တွေအားလုံးနီးပါးမသိသူမရှိလောက်အောင်ပါပဲနော်။ သူမဟာအနုပညာနယ်ပယ်တူ၊ဝါသနာတူဟာသသရုပ်ဆောင်ကိုဘင်းနဲ့အိမ်ထောင်တစ်ခုထူထောင်ခဲ့ပြီး ချစ်ဖို့ကောင်းတဲ့ကလေး နှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။

နှိုင်းရှင်မြင့်မိုရ်ကတော့ရုပ်ရှင် ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကောင်းရုံ သာမကဈေးရောင်းတဲ့နေရာမှာလည်း ထူးချွန်လွန်းသူတစ်ယောက်ဖြစ်ပါတယ်ပရိသတ်တွေ ကလည်းသူမLiveလွှင့်ပြီးဈေးရောင်းတဲ့ပုံစံတွေကိုချစ်ကြတဲ့အတွက်ဘာပစ္စည်းပဲ ရောင်းရောင်းအားပေးနေကြတာဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်ရဲ့အခြေအနေတွေကြောင့်အနုပညာလုပ်ငန်းတွေ ရပ်နားထားရပေမယ့်နှိုင်းရှင်ကတော့ အွန်လိုင်းပေါ်မှာLIVEလွှင့်ပြီးလုပ်ငန်းရှင်တွေအတွက် စျေးရောင်းချပေးနေတာဆိုရင်အရမ်းကိုအောင်မြင်နေပြီပဲဖြစ်ပါတယ်။MyanmarCelebrity ကနေတင်ဆက်ပေးခဲ့တဲ့ SingleMom တစ်ဦး ဖြစ်ပြီး ကလေး ၄ယောက်နဲ့ ဘဝကိုရုန်းကန်နေတဲ့မခင်အုန်းမြင့်ရဲ့အင်တာဗျူးကိုအားလုံးပဲ သိကြမှာပါ။

ခင်ပွန်းဖြစ်သူကဖောက်ပြန်သွားခဲ့လို့ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တဲ့အဒေါ်ဖြစ်သူနဲ့ကလေး၄ယောက်ကို ရှာဖွေကျွေးမွေးနေတဲ့အာဂ အမျိုးအသီးတစ်ဦးပါ။ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေ တွေကြောင့်ဒုက္ခရောက်ရတဲ့အထဲမှာ သူမတို့မိသားစုလဲအပါအဝင်ပါပဲ။ ဒါကြောင့် သရုပ်ဆောင်နှိုင်းရှင်မြင့်မိုရ်နဲ့ သူငယ်ချင်းများအဖွဲ့ကတော့ တတ်နိုင်သလောက်သွားရောက်လှူဒါန်းခဲ့ပါတယ်။”အင်တာဗျူးလေးတက်လာကတည်းကခလေးလေးတွေ မြင်တော့အရမ်းလှုချင်နေတာဒီနေ့မနက်နိုနိုင်းလေးကို ဆေးခန်းပြရမှာမို့ လိုက်ဖို့မအားပေမယ့်နှိုင်းရှင်ရဲ့ ဆန္ဒတွေကိုသွားပီးဖြည့်ဆည်းပေးကြတဲ့ သူငယ်ချင်းတွေကိုလည်းအရမ်းကျေးဇူးတင်ပါတယ် ဆန်တအိတ်ဆီငါးပိသာကွကျဥငွေတစ်သိန်းနှိုင်းရှင်နိုင်သလောက်လှုဒါန်းတာကို ပါရမီထပ်ဖြည့်ကြတဲ့ လှိုင်ဝတီကျော်ဆန်ဆိုင်က မမမိုးသီတာရောအင်ကြင်းအယ်လာမအေးအောင် ကျေးဇူးအရမ်းတင်ပါတယ်”လို့နှိုင်းရှင်ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

crd