ဒီအချိန် မှာ ဖျားရင် တုပ်ကွေး ဖြစ်နိုင်ချေ (၁) ရာခိုင်နှုန်း၊ ကိုဗစ် ဖြစ်နိုင်ချေ (၉၉) ရာခိုင်နှုန်း ပါတဲ့ (ကိုယ့်စိတ်ကိုယ် မလိမ် ပါနဲ့ ဖျားရင် တန်းစစ်ကြပါ)

မက်ဆင်ဂျာ မှာ လာလာ ပြောကြတဲ့ ညီမလေးတွေ ရှိတယ်။ အိမ်ကလူတွေ ဖျားပေမယ့် ဆေးမစစ်ချင်တဲ့အကြောင်း၊ ဆေးရုံမသွားချင်တဲ့အကြောင်း။ မေးလိုက်တဲ့အခါ နေကောင်းပါတယ်၊ သက်သာပါတယ်ဆိုပြီး ပြောကြတယ်။ ဖော့ပြီးပြောတယ်။ ကိုယ့်ကိုယ်ကိုယ် လိမ်ကြတယ်။ အမှန်ကိုကြောက်တယ်။ လက်မခံချင်ဘူး။ လက်မခံရဲဘူး။ သေကာမှ သေရော အိမ်ထဲမှာ ပဲနေမယ်။

ဒီအချိန်မှာ ဖျားရင် ရာသီတုပ်ကွေးဖြစ်နိုင်ချေ ၁%၊ ကိုဗစ် ဖြစ်နိုင် ချေ ၉၉%

ဒီအချိန်မှာ ချောင်းဆိုး လည်ပင်းနာရင် အစားမှားလို့ ဖြစ်နိုင်ချေ ၁% (အစားမှားလို့ ချောင်းဆိုး လည်ပင်းနာဖြစ်တယ် ဆိုတာလဲ မရှိပါ။ မြန်မာပြည် မှာပဲ ရှိပါတယ်)၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်မှာ ရင်ကြပ် အသက်ရှုမဝရင် ရင်ကြပ်ရောဂါ အခံကြောင့် ဖြစ်နိုင်ချေ ၁%၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်မှာ နုံးရင် ပင်ပန်းလို့ ဖြစ်နိုင်ချေ ၁%၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်မှာ ဖျားရင် ပန်းဖျား ဖြစ်နိုင်ချေ ၁% (ဘယ်လို ပန်းဖျားလဲတော့ မသိဘူး)၊ ကိုဗစ် ဖြစ်နိုင်ချေ ၉၉%

ဒီအချိန်ဟာ တုပ်ကွေး ရာသီ မဟုတ်ပါဘူး၊ ဒီအချိန်ဟာ ကိုဗစ် ရာသီပါ။ အသက်ဉာဏ် စောင့်ပါတယ်၊ ကံကိုယုံ ဆူးပုံး မထမ်းကြပါနဲ့ ငါ့ရှင်တို့…

(ပန်းအိဖြူ)

zawgyi

မက္ဆင္ဂ်ာ မွာ လာလာ ေျပာၾကတဲ့ ညီမေလးေတြ ရွိတယ္။ အိမ္ကလူေတြ ဖ်ားေပမယ့္ ေဆးမစစ္ခ်င္တဲ့အေၾကာင္း၊ ေဆး႐ုံမသြားခ်င္တဲ့အေၾကာင္း။ ေမးလိုက္တဲ့အခါ ေနေကာင္းပါတယ္၊ သက္သာပါတယ္ဆိုၿပီး ေျပာၾကတယ္။ ေဖာ့ၿပီးေျပာတယ္။ ကိုယ့္ကိုယ္ကိုယ္ လိမ္ၾကတယ္။ အမွန္ကိုေၾကာက္တယ္။ လက္မခံခ်င္ဘူး။ လက္မခံရဲဘူး။ ေသကာမွ ေသေရာ အိမ္ထဲမွာ ပဲေနမယ္။

ဒီအခ်ိန္မွာ ဖ်ားရင္ ရာသီတုပ္ေကြးျဖစ္ႏိုင္ေခ် ၁%၊ ကိုဗစ္ ျဖစ္ႏိုင္ ေခ် ၉၉%

ဒီအခ်ိန္မွာ ေခ်ာင္းဆိုး လည္ပင္းနာရင္ အစားမွားလို႔ ျဖစ္ႏိုင္ေခ် ၁% (အစားမွားလို႔ ေခ်ာင္းဆိုး လည္ပင္းနာျဖစ္တယ္ ဆိုတာလဲ မရွိပါ။ ျမန္မာျပည္ မွာပဲ ရွိပါတယ္)၊ ကိုဗစ္ ျဖစ္ႏိုင္ေခ် ၉၉%

ဒီအခ်ိန္မွာ ရင္ၾကပ္ အသက္ရႈမဝရင္ ရင္ၾကပ္ေရာဂါ အခံေၾကာင့္ ျဖစ္ႏိုင္ေခ် ၁%၊ ကိုဗစ္ ျဖစ္ႏိုင္ေခ် ၉၉%

ဒီအခ်ိန္မွာ ႏုံးရင္ ပင္ပန္းလို႔ ျဖစ္ႏိုင္ေခ် ၁%၊ ကိုဗစ္ ျဖစ္ႏိုင္ေခ် ၉၉%

ဒီအခ်ိန္မွာ ဖ်ားရင္ ပန္းဖ်ား ျဖစ္ႏိုင္ေခ် ၁% (ဘယ္လို ပန္းဖ်ားလဲေတာ့ မသိဘူး)၊ ကိုဗစ္ ျဖစ္ႏိုင္ေခ် ၉၉%

ဒီအခ်ိန္ဟာ တုပ္ေကြး ရာသီ မဟုတ္ပါဘူး၊ ဒီအခ်ိန္ဟာ ကိုဗစ္ ရာသီပါ။ အသက္ဉာဏ္ ေစာင့္ပါတယ္၊ ကံကိုယုံ ဆူးပုံး မထမ္းၾကပါနဲ႔ ငါ့ရွင္တို႔…

(ပန္းအိျဖဴ)