စိတ်ဓာတ်ကျနေတဲ့ COVID-19 လူနာတွေပျော်ရွှင်စေဖို့အတွက် အားရပါးရ ကပြရင်း နာမည်ကြီး သွားခဲ့တဲ့ ဆရာဝန် (ရုပ်သံ)

COVID-19 လူနာများအတွက် ကခုန်ဖျော်ဖြေပေးခဲ့တဲ့ အိန္ဒိယဆရာဝန်တစ်ဦးရဲ့ ဗွီဒီယိုဖိုင်ဟာ Twitter မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရှိ Silchar Medical College မှ မျက်လုံး၊နှာခေါင်းနှင့်လည်ချောင်း (ENT) ခွဲစိတ် ဆရာဝန်ဒေါက်တာ Arup Senapati ဟာ ပုဂ္ဂိုလ်ရေး အကာအကွယ်ပစ္စည်းကိရိယာများ (PPE) ကိုဝတ်ဆင်ပြီး ကကွက်များကိုအခက်အခဲမရှိဘဲ ကပြခဲ့ပါတယ်။

Arup ရဲ့ဗွီဒီယိုကိုမျှဝေခဲ့တဲ့ဒေါက်တာ Syed Faizan Ahmad ဟာ “Arupဟာ COVID-19 လူနာများ ရှေ့မှာကခုန်ဖျော်ဖြေပေးခြင်းအားဖြင့် သူတို့အားပျော်ရွှင်မှုကိုခံစားစေတယ်” ဟုပြောကြားခဲ့ပါတယ်။

ဗွီဒီယိုမှာတော့ Arup ဟာ ၂၀၁၉ခုနှစ်ဘောလီးဝုဒ်မှာhitဖြစ်ခဲ့တဲ့”War”ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့”Ghungroo”သီချင်းကို ဟန်ချက်ညီစွာ ကခုန်နေတာကိုတွေ့ရမှာပါ။

အဆိုပါဗွီဒီယိုဟာ မျှဝေပြီး တစ်ပတ်အကြာမှာတော့ ကြည့်ရှူသူပေါင်း ၅.၃ သန်းရရှိထားပြီးဖြစ်ပါတယ်။ များစွာတဲ့လူတွေဟာ Arup ရဲ့အကစွမ်းရည်ကို ချီးကျူးခဲ့ကြပါတယ်။

အရေးကြီးဆုံးက အခုလိုခက်ခဲတဲ့အချိန်တွေမှာ သူ့ရဲတာဝန်ကိုချစ်မြတ်နိုးခြင်းကြောင့်လည်းဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူတွေက”သူဟာအရမ်းကောင်းတယ်။ဒီစမ်းသပ်မှုကာလမှာ သူနှင့် ရှေ့တန်းစစ်သည်များအားလုံးကိုဂုဏ်ပြုပါတယ်။

ကျွန်တော်တို့အားလုံး ကျေးဇူးတင်ပါတယ်။”၊”ဒီလူကိုလေးစားတယ်၊လေးလံတဲ့ အဝတ်အစားကိုဝတ်ပြီးအက ကပြခဲ့တယ်၊အေးချမ်းနေတဲ့ရာသီဥတုနဲ့ဆေးရုံမှာလုပ်နေရတယ်၊အရမ်းလေးစားတယ်။”စတဲ့ ဂုဏ်ပြုစကားများစွာကိုရေးသားပေးခဲ့ကြပါတယ်။

အခုလိုရောဂါကာလမှာ ရှေ့တန်းကနေကာကွယ်ပေးနေကြတဲ့ရှေ့တန်းစစ်သည်တွေ လည်း ဒေါက်တာ Arupလို စိတ်လွတ်ကိုယ်လွတ်ကခုန်ရင်း

စိတ်၊ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုတွေနည်းနည်းလေးဘဲဖြစ်ဖြစ် ပြေပျောက်သွားနိုင်မယ်လို့လည်း မျှော်လင့်မိသလို ရောဂါဝေသနာခံစားနေကြရတဲ့ လူနာတွေလည်း စိတ်ဓါတ်ကြံခိုင်စွာ အားတင်းထားနိုင်ပါစေလို့လည်း ဆုတောင်းနေမိပါတယ်။

Jasmine (Mckzone Daily)
Source: nextshark