နေပြည်တော် မှာ Q ဝင်မယ့် သူတွေ သိရမယ့် ဆောင်ရန် / ရှောင်ရန် အချက်များ

နေပြည်တော် မှာ Q ဝင်မယ့် သူတွေ သိရမယ့် ဆောင်ရန် / ရှောင်ရန် အချက်များ

ကိုယ်ဒွေလို စမ်းတစ်ဝါးဝါး မဖြစ်ရအောင် လို့ စေတနာ နဲ့ ပြောပါရစေဗျာ။ ဘာတွေလိုမလဲဆိုရင် ရန်ကုန်ကနေ ပြောင်းလာတဲ့သူတွေကိုဘဲပြောမယ်နော်

မြို့အဝင် စစ်ဆေးရေးဂိတ် မှာ ကနဦး စာရင်းသွင်းရတယ် ပြောင်းရွှေ့စာ (order) ခရီးသွားလာခွင့်စာ(mo) ပြီးရင်စာရင်းသွင်းထဲက Q ဝင်မှာလို့သာပြောလိုက် ကိုယ်ပူချိန်တိုင်းပြီးတာနဲ့ စည်ပင်ကိုလွှတ်လိုက်လိမ့်မယ်။

စည်ပင်သာတန်းသွား ဌာနက ပေးထားတဲ့ အိမ်ယာတွေ အပျိုဆောင် လူပျိုဆောင်တွေကို လုံးဝမသွားပါနဲ့ ။ Q ဝင်မဲ့သူတွေက ဒုတိယ ဂိတ်ပေါက်က နေဝင်ရတယ်နော် မီးပွိုင့်ကနေဆိုရင် ဒုတိယမြောက်ဂိတ်ကို ပြောတာ အဲ့ကနေလမ်းညွှန်လိုက်လိမ့်မယ်။

ဆေးစစ် တဲ့နေရာ ကိုရောက်ရင် ပြော ရမှာက ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရတာဖြစ်ကြောင်း ဌာနကနေ Q ဝင်ခိုင်းလို့ လာတာဖြစ် ကြောင်း ၇ ရက်သာဝင်ရန်ဖြစ်ကြောင်း ဆေစစ်ပြီးတာနဲ့ နေရမယ့် အဆောင် အခန်း ကိုသွားရပြီး ၇ ရက် Q စခန်းဝင်ရမှာဘဲ ဖြစ်ပါတယ်။

ဝါးတီးအတွက်ရော ရေသန့် စတာတွေကို ဖုန်းဆက် မှာထားလို့ရသလို လိုအပ်တာတွေကို အသိတွေကိုမှာ ပြီး အဆောင် အခန်း အမည် ပြောထားလိုက်တာနဲ့ ဂိတ်ကနေလာပို့ပေးပါ တယ်။ ထမင်းစားဖို့ (ပန်းကန်တွေ ဇွန်းတွေ ရေဖလားတွေတော့ ယူလာမှ အဆင်ပြေပါမယ်) ရေနွေးသောက်တတ်သူတွေ လိုအပ် တာလေးတွေ စီစဉ်လာပေါ့

အိပ်ဖို့အတွက်ကတော့ အိပ်ယာခင်း စောင်ခြင်ထောင် ခေါင်းအုံး ယူလာခဲ့တော့ စိတ်သန့်သန့်အိတ်ရတာပေါ့ဗျာ။ ခြင်တော့ သိပ်မတွေ့ဘူးဆိုပေမယ့် ခြင်ဆေးလေးပါယူလာခဲ့ပေါ့။ မီးကလဲ မကြာ မကြာလာပါတယ် အဲ့တော့သိပေါ့ လက်တော့လေးပါတော့ အပျင်းပြေတာပေါ့။ ဝါသနာ ပါရင် လမ်းလျှောက် ရင်း မျက်စေ့ အာရုံလေးခံစားရင်း ၇ ရက်ဆိုတာ ခနလေးပါဘဲ။

ဒါပေမယ့် ဒီနေ့မနက် ကမှ တစ်ရက် ဆိုတာကို စမှတ်တာပါ မနေ့က စရောက်ပေမယ့်လဲ ဒီနေ့မှ စတာလို့သိရပါတယ်။ ရုံးမှာတော့ တစ်နေ့ ဆိုတာ ဘယ်လိုကုန်မှန်းမသိကုန်သွား ပေမယ့်လဲ အချိန်ကိုထိုင်စောင့်နေရတာ အရမ်းကြာတယ်လို့ထင်ရသလိုပါ။

ဒါ့ကြောင့် ၂၁ ရက်ကိုမရွှေးပါနဲ့ ဂွမ်း တို့ပါတ် ယူပြီး ၇ ရက်ပဲ နေမယ်လို့ ပြောပြီး ၇ ရက် Qဘဲ ဝင်လိုက်ပါ။

Yu Wai

Add a Comment

Your email address will not be published. Required fields are marked *

three × three =