ဘုရင့်ညီနောင်ဂူပေါ် မှ ကျောက်တုံးကြီး ကျောင်းပေါ် ကျ၍ ဦးဇင်းတပါး ပျံလွန် တော်မူ

ဘုရင့်ညီနောင်ဂူပေါ် မှ ကျောက်တုံးကြီး ကျောင်းပေါ် ကျ၍ ဦးဇင်းတပါး ပျံလွန် တော်မူ

ကရင်ပြည်နယ် ဘားအံမြို့နယ် ဘင်ဂျီကျေးရွာ အုပ်စု ဘုရင်ညီ‌နောင် ဂူဘုရား လှိုင်ဂူဝ အနီးရှိ ကျောင်းကြီးကျောင်း တွင် သီတင်းသုံးနေသော ဦးပဇ္ဇင်းဦး ပညာ သက်တော်(၂၇)ဝါတော်(၇)ဝါသည်

ယနေ့ နံနက်ပိုင်းက ဆွမ်းခံရာ မှ ပြန်လည်ရောက် ရှိလာပြီး အနားယူနေစဉ် ဘုရင့်ညီနောင်တောင်ပေါ် အမြင့်ပေ (၃၀၀)ခန့်မှ (၁၃) ပေ ပတ်လည်ခန့် ကျောက်တုံးတလုံးမှာ ‌ကျောင်း၏‌ခေါင်မိုးပေါ်သို့ပြုတ်ကျခဲ့ရာ ဆရာတော်တွင် ဦးခေါင်း ထိပ်ပေါက် ဝဲ/ယာ လက်ကျိုးကြေ၊ ဝဲခြေသားလုံးကျိုးကြေ ဒဏ်ရာများရရှိကာ ပျံတော်မူသွားခဲ့ကြောင်းသိရပါတယ်။

ဆရာတော်သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာ ဇာတိဖြစ်ပြီး လွန်ခဲ့သော (၆)နှစ်ခန့် ကတည်းက လာရောက် သီတင်းသုံနေထိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရှိရပါတယ်။

crd : whitesone