ပြည်သူတွေကို နိုင်ငံတော် မှ နောက်တစ်ကြိမ် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား

ပြည်သူတွေကို နိုင်ငံတော်မှ နောက်တစ်ကြိမ် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင်ထည့်သွင်း ပြောကြား လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်းမှ ကောက်နုတ်ချက် အချို့ကို ဖော်ပြ လိုက်ပါတယ်။ Stay At Home မြို့နယ်တွေရဲ့ သတ် မှတ်ချက်တွေက မပြီးသေးပါဘူး။ စီးပွားရေးအရ စက်ရုံတွေ ဖွင့်ထားပေမယ့် Stay Home က မပြီးသေးပါဘူး။ သည်းခံပြီးနေပေးကြပါအုံး။ ရန်ကုန် မှာ စပြီးတော့ ထိန်းနိုင်ပြီ။ ထိန်းနိုင်ပြီ ဆိုတာက အမြင့်ဆုံး အခြေအနေကနေ ကျဆင်း လာတာပါ။ သို့သော် တက်လိုက် ကျလိုက် ရှိနေပါတယ်။ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ဖို့ လုပ်ရ အုံးမယ်။ ရန်ကုန်၊ ပဲခူး၊ ရခိုင် နဲ့ မန္တလေးတို့မှာ ပိုးတွေ့မှုတွေ များနေသေးတယ်။ စီးပွားရေး အရ ပြည်သူတွေကို နိုင်ငံတော်က နောက်တစ်ချိန်ထပ်မံ ထောက်ပံ့ဖို့ စီစဉ်နေတယ်။ တတ်နိုင်သမျှ အမြန်ဆုံး လုပ်သွားမယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးကျန်းမာရေးဝန်ကြီးဌာနကို မေးပါ။ ကြိုတင်မဲပေးတဲ့ ပြည်သူတွေကို ကျေးဇူ တင်တယ်။ ၈ ရက်နေ့မှာ မဲပေးကြပါ။ ကြိုတင်မဲပေးလို့ရတဲ့သူတွေကလည်း မဲပေးပါ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတွေကလည်း ကိုဗစ်စည်းကမ်းတွေကို သတိပြုပြီး ဝန်းရံကြပါ။

ရောဂါကပ်ကြီးကို ကျော်အောင် အရင်ဆုံးလုပ်ရမယ်။ ကျန်းမာအောင်နေကြပါ။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။ Mask တွေတပ်ပါ။ လူစုလူဝေးကို ရှောင်ပါ။ အိမ်ကိုလာတဲ့ ဧည့်သည်တွေကို Mask တပ်ဖို့ ပြောပါ။ လက်ဆေးဖို့ပြောပါ။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကို ထပ်တလဲလဲ ပြောရတာ ဖြစ်ပါတယ်။ ကျန်းမာအောင် နေကြပါလို့မေတ္တာရပ်ခံချင်ပါတယ်။

#MyanmaPlatform #News #Domestic

zawgyi

ျပည္သူေတြကို ႏိုင္ငံေတာ္မွ ေနာက္တစ္ႀကိမ္ ေထာက္ပံ့ဖို႔ စီစဥ္ေနတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုဗစ္-၁၉ ေရာဂါျဖစ္ပြား မႈ ေနာက္ဆုံး အေျခအေနႏွင့္ စပ္လ်ဥ္း၍ျပည္သူမ်ားသို႔ အစီရင္ခံတင္ျပသည့္ မိန္႔ခြန္းတြင္ထည့္သြင္း ေျပာၾကား လိုက္တာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားတဲ့ မိန္႔ခြန္းမွ ေကာက္ႏုတ္ခ်က္ အခ်ိဳ႕ကို ေဖာ္ျပ လိုက္ပါတယ္။ Stay At Home ၿမိဳ႕နယ္ေတြရဲ႕ သတ္ မွတ္ခ်က္ေတြက မၿပီးေသးပါဘူး။ စီးပြားေရးအရ စက္႐ုံေတြ ဖြင့္ထားေပမယ့္ Stay Home က မၿပီးေသးပါဘူး။ သည္းခံၿပီးေနေပးၾကပါအုံး။ ရန္ကုန္ မွာ စၿပီးေတာ့ ထိန္းႏိုင္ၿပီ။ ထိန္းႏိုင္ၿပီ ဆိုတာက အျမင့္ဆုံး အေျခအေနကေန က်ဆင္း လာတာပါ။ သို႔ေသာ္ တက္လိုက္ က်လိုက္ ရွိေနပါတယ္။ ပိုင္ပိုင္ႏိုင္ႏိုင္ ထိန္းခ်ဳပ္ႏိုင္ဖို႔ လုပ္ရ အုံးမယ္။ ရန္ကုန္၊ ပဲခူး၊ ရခိုင္ နဲ႔ မႏၲေလးတို႔မွာ ပိုးေတြ႕မႈေတြ မ်ားေနေသးတယ္။ စီးပြားေရး အရ ျပည္သူေတြကို ႏိုင္ငံေတာ္က ေနာက္တစ္ခ်ိန္ထပ္မံ ေထာက္ပံ့ဖို႔ စီစဥ္ေနတယ္။ တတ္ႏိုင္သမွ် အျမန္ဆုံး လုပ္သြားမယ္။ ကိုဗစ္နဲ႔ပတ္သက္ၿပီးက်န္းမာေရးဝန္ႀကီးဌာနကို ေမးပါ။ ႀကိဳတင္မဲေပးတဲ့ ျပည္သူေတြကို ေက်းဇူ တင္တယ္။ ၈ ရက္ေန႔မွာ မဲေပးၾကပါ။ ႀကိဳတင္မဲေပးလို႔ရတဲ့သူေတြကလည္း မဲေပးပါ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ ပါတီေတြကလည္း ကိုဗစ္စည္းကမ္းေတြကို သတိျပဳၿပီး ဝန္းရံၾကပါ။

ေရာဂါကပ္ႀကီးကို ေက်ာ္ေအာင္ အရင္ဆုံးလုပ္ရမယ္။ က်န္းမာေအာင္ေနၾကပါ။ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာပါ။ Mask ေတြတပ္ပါ။ လူစုလူေဝးကို ေရွာင္ပါ။ အိမ္ကိုလာတဲ့ ဧည့္သည္ေတြကို Mask တပ္ဖို႔ ေျပာပါ။ လက္ေဆးဖို႔ေျပာပါ။ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာကို ထပ္တလဲလဲ ေျပာရတာ ျဖစ္ပါတယ္။ က်န္းမာေအာင္ ေနၾကပါလို႔ေမတၱာရပ္ခံခ်င္ပါတယ္။

#MyanmaPlatform #News #Domestic