မိခင်ဖြစ်သူ ကို မောင်နှမ(၈)ယောက် တိုင်ပင်ပြီး တစ်လပြည့်တာ နဲ့ မိသားစုဆုံကာ ကန်တော့လေ့ ရှိကြောင်းပြောပြ ခဲ့တဲ့ မနော

မိခင်ဖြစ်သူ ကို မောင်နှမ(၈)ယောက် တိုင်ပင်ပြီး တစ်လပြည့်တာ နဲ့ မိသားစုဆုံကာ ကန်တော့လေ့ ရှိကြောင်းပြောပြ ခဲ့တဲ့ မနော

မနောကတော့ အနုပညာလောက မှာ ပရိသတ် အားပေးမူကိုအခိုင်အမာရရှိထားတဲ့မြန်မာသံစဉ်အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်။ နယ်ပရိသတ်တွေရဲ့အားပေးဝန်းရံမူကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့သူတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး။ သူ့ရဲ့ထွက်သမျှ သီချင်းတိုင်းကလည်း ပရိသတ်တွေ အကြိုက်နဲ့ထပ်တူကျခဲ့ပြီး ရရှိလာတဲ့ အနုပညာကြေးလေးနဲ့ ကောင်းမူ ကုသိုလ်ပြုရင်း မိသားစုနဲ့အတူတူဘဝကိုပျော်ရွှင်စွာဖြတ်သန်း နေတာဖြစ်ပါတယ်။

မိဘအပေါ်မှာလည်း သိတတ် လိမ္မာတဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်သလို မောင်နှမ ၈ ယောက်တိုင်ပင်ပြီး မိမိကန်တော့နိုင်သောငွေတစ်ရက်မှာ ၅ ရာ သို့မဟုတ် ၁ ထောင်ပဲဖြစ်ဖြစ် ၁ သောင်းဖြစ်ဖြစ်စုကာ မိမိတတ်နိုင်သလောက် နေ့စဉ်စုဗူးနဲ့မေမေ့အတွက်ဆိုပြီးစု ကြတယ်လို့သိရပါတယ်။ တစ်လပြည့်တာနဲ့ မိသားစုဆုံပြီး ကန်တော့ကာ မေမေအတွက်တစ်လကိုပုံမှန်ဝင်ငွေ ၅၅၀၀၀၀ လစဉ်တစ်သက်လုံးကန်တော့သွားမှာဖြစ်ကြောင်းနဲ့ ခုဆိုရင်မိခင်ဖြစ်သူမှာ ဘယ်နေ့ ဘယ်ကျောင်းမှာဘာလှူမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိနေပြီ ဖြစ်ကြောင်းလည်း မနောကသူ့ရဲ့လူမှုကွန်ရက်မှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင့်မိဘများကိုလည်း အလေးထားပြီး ဂရုစိုက်သင့်ကြောင်း”မိဘများကို အလေးထားဂရုစိုက်သင့်တယ်ဗျို့ အသက်ကြီး လာရင် သားသမီးများ ပေးတာလေးကန်တော့တာလေးနဲ့ ခြွေတာသုံးရရှာတာပါ ဘယ်နေ့ဘယ်သားသမီးကလာကန်တော့မလဲ လာပေးမလဲနဲ့မျှော်နေရမှာလည်း မိဘများသနားစရာပါ ရည်ရွယ်ချက်တွေ ပျောက်ပြီး ရှင်လျှက်နဲ့ ဘဝ သေနေတတ်ပါတယ်” ဆိုပြီးတော့လည်း ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးရေ မိဘအပေါ် သိတတ်တဲ့ မနောတို့မောင်နှမ(၈)ယောက်ရဲ့ အလှူအတွက်သာဓုခေါ်ခဲ့ကြပါဦးနော်….

Source:မနော Manaaw

Add a Comment

Your email address will not be published. Required fields are marked *

10 + 9 =