ရန်ကုန် ဆေးရုံကြီး ရဲ့ လက်ရှိ အခြေအနေ မှန် နှင့် ဖြစ်ရင် အိမ်မှာပဲ ကြိတ်မကု ကြပါနဲ့

ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေ့နေရကြားနေရတာ တကယ်ပဲစိတ်မကောင်းလို့ ဒီပို့စ်လေး ကို တင်တာဖြစ်ပါတယ် လူတွေတချို့အထင်မှားနေကြတာလေးကိုလည်း အမှန်သိစေချင်လို့ပါ ခုချိန်မှာ လူတော်တော်များများ ကိုဗစ် ဖြစ်နေကြပါတယ် ဒါပေမဲ့လည်းတော်တော်များများဟာ ဖြစ်နေချိန်ဆေးရုံမသွားပဲ အိမ်မှာပဲ ကျိတ်ကုနေကြပါတယ် ဒါကတကယ့်ကိုမှားနေပါတယ်၊ တချို့ကပြောတယ် ဆေးရုံရောက်တာနဲ့သေတယ်တဲ့ သေမှာပေါ့အချိန်အရမ်းနောက်ကျပြီးမှ သွားမှတာ့ ဘယ်ဆရာဝန်ကကုပေးနိုင်မှာလည်း ဘုရားမှမဟုတ်တာလေနော် သူတို့မှာလည်း သူတို့ကုပေးနိုင်လောက်တဲ့အခြေနေမှပဲကုပေးမှာလေ ဘာဖြစ်လို့ခုလိုပြောလည်းဆိုတော့ ကိုယ်တွေလက်တွေ့မို့ပါနော် အိမ်ကအမေ ဒီရောဂါကိုစတင်ခံရချိန်မှပဲကိုယ်လည်းသိတာပါ အမေကဒီရောဂါစဖြစ်တာ စစချင်းမသိပါဘူး

ပထမနှစ်ရက်ဖျားပါတယ် ကိုယ်တွေဒီတိုင်းရာသီဖျားတယ်ထင်ပါတယ်၊ ဘာလို့လည်း ဆိုတော့ သူကတစ်နှစ်တစ်ခေါက်တောင် အိမ်ပေါ်ကနေအောက်မဆင်းတဲ့သူပါ၊၊ နောက်ရက်ကျတော့အဖျားသက်သာလာပါတယ်၊ ဒါပေမဲ့ချောင်းဆိုးလာပါတယ် အဲ့ထိလည်းမသိသေးပါဘူး ချောင်းက (၃)ရက်လောက်အဆက်မပြတ်ဆိုးလာပါတယ်၊ အဲ့အချိန်နည်းနည်းသံသရဝင်ပါတယ်၊ ဒါပေမဲ့လည်းမဟုတ်လောက်ပါဘူးဆိုပြီး ဒီတိုင်းပိုးသတ်ဆေးသောက် ချောင်းဆိုးပျောက်ဆေးသောက်ပြီးနေပါတယ်၊ အခြေနေပိုဆိုးလာပါတယ်၊ နောက်ရက်ကြတော့ဝမ်းစလျောလာပါပြီ အဲ့ချိန်လည်းပိုးသတ်ဆေးကြောင့် ဝမ်းလျောတယ်လို့ပဲထင်သေးတာပါ၊ နောက်ရက်ကျတော့မောလာပါပြီ မထနိုင်တော့ဘူး၊ ကိုယ်တွေသူများတွေလိုပါပဲ ဆေးရုံသတင်းတွေကြားရတော့ ကြောက်ပြီးမသွားချင်တာပါ၊

၂၆.၉.၂၀၂၀ ပါ (အဓိကပြောချင်တာခုမှစမှာပါ)၊ ဟိုရောက်တော့ဦးဆုံးလူနာကို (ICU ward)ထဲခေါ်သွားပါတယ်၊ အမေကအသက် (၆၉နှစ်ပါ) အသက်ကြီးတဲ့အပြင် oxygen ပါကျနေတော့ အဖော်အမကို ဝင်ခွင့်ပေးပါတယ်၊ အဲ့ထဲရောက်တာနဲ့ချက်ချင်းကုသမှုစတင်ပေးပါတယ် လူနာကိုဓာတ်မှန်ရိုက် သွေးဖောက်စစ် ဆီးချို သွေးတိုး နှလုံးအကုန်စစ်ပါတယ် ပြီးတော့ ကိုဗစ် test ယူပါတယ်၊ အဲ့အခန်မှာ (၃)နာရီလောက်ကြာပါတော့၊ ပြီးတော့လူတွေအရမ်းကြောက်တယ်ဆိုတဲ့အခန်း (PUI ward)ထဲပို့လိုက်ပါတယ်၊ မှန်ပါတယ်အဲ့အခန်းမှာလူတွေအရမ်းကိုများပါတယ်၊ positive မဖြစ်တဲ့လူအတွက်လည်း ရောနေရတဲ့အတွက် ကူးနိုငိခြေအရမ်းများပါတယ်၊ အဲ့တစ်ခုကတော့သိပ်အဆင်မပြေပါဘူး အဲ့အခန်းထဲရောက်ရင်သူတို့ပြန်ပေးမထွက်မချင်း ပြန်ထွက်လို့လည်းမရပါဘူး ပိတ်ထားပါတယ် ထားပါတော့လေအဲ့ဒါကတော့လည်းသူတို့မှာနေရာမှမရှိတာကို အဲ့ရောက်တော့စစချင်းမှာ ကုတင်တွေဘာတွေမရဘူး လူနာကိုခုံတစ်ခုံပေါ်မှာ oxygen ပေးထားပါတယ် ရောက်တာနဲ့တော့ချက်ချင်းတော့ကုသမှုစတာပါနော် ဓာတ်မှန်ပုံမှန်မဟုတ်တော့ချက်ချင်းပိုးသတ်ဆေးသွင်း လိုအပ်တဲ့ treatment အကုန်လုပ်ပေးပါတယ် ၂ နာရီခြားတခါကိုသေချာလာကြည့်ပေးပါတယ် drip သွင်းဆေးသွင်းလိုတာအားလုံးသေချာဂရုတစိုက်လုပ်ပေးပါတယ် ညဘက်လောက်ရောက်တော့ ဝန်ထမ်းလေးတွေကူညီပေးလို့ ကုတင် တလုံးရပါတယ် (ကျေးဇူးကမ္ဘာပါ) အဲ့အချိန်ကုတင်ရဖို့ဆိုတာမလွယ်လွန်းလို့ပါ အဲ့ ward ထဲမှာ (၃)ရက်တောင်နေလိုက်ရပါတယ် ကိုဗစ် test အဖြေမရသေးလို့စောင့်ရတာပါ ကိုယ်တွေပဲကံဆိုးလားမသိကိုယ့်အလှည့်မှတော်တော်ကြာသလိုပါပဲ အဲ့ထဲမှာကြာသွားတော့ လူနာအခြေနေနဲနဲဆိုးလာပါတယ်

အဖြေမရတော့ ဆရာဝန်တွေလည်း ဘာမှမတတ်နိုင်ဘူးလေ သူတို့လုပ်နိုင်တာကိုတော့ တကယ့်ကိုအပြည့်ဝလုပ်ပေးတာပါ၊ သူတို့ကပြောပါတယ် ညဘက်လောက်အဖြေရလို့ positive ဆို မနက်ဖောင်ကြီး (သို့)တစ်နေရာပို့မယ်ဆိုပြီး ၂၉ ည ၁၁:၃၀ မှာအဖြေရပါတယ် positive တဲ့ကိုယ်လည်းအဲ့လိုဘဲထင်ထားတာဆိုတော့ ok ပေါ့ အဲ့အချိန်မှာပဲ oxygen ကကျနေပါပြီ အဲ့ချိန်မှာပဲ ward ထဲကဆရာဝန် တယောက်ဟာအမကို လှမ်းခေါ်ပြီးလူနာကစိုးရိမ်ရတယ် ရအောင်ကယ်မလားကယ်မယ်ဆိုရင် ပထမအဆင့်ကတော့ အောက်ဆီဂျင်ပေါ့နော် ပြီးဒုတိယ ventilator ကိုလည်ချောင်းကထည့်မယ် မရရင်တော့နောက်ဆုံးလည်ပင်းဖောက်ပြီးထည့်မယ်ဆိုလား ကိုယ်ကလည်းဆရာရအောင်ကြိုးစားပေးပါလို့မေတ္တာရပ်ခံပါတယ် ည ၁၂ လောက်မှာ အမေကအရမ်းခြေနေဆိုးပြီး အဲ့မှာဆရာဝန်ကချက်ချင်း ambulance နဲ့အမေကို isolation ward (emergency ICU) ကိုရွေ့ပါတော့တယ် သွားရင်လမ်းမှာလည်း ဆရာဝန်လေးက တလမ်းလုံးအမေကိုဂရုစိုက်ရင်း ကြီးကြီးမအိပ်နဲ့နော်မအိပ်နဲ့နော်ဆို တလမ်းလုံးတဖွဖွပြောရှာပါတယ် Ward ရောက်တော့ကားပေါ်ကချအမေသတိမရတော့ပါဘူး တကယ့်ကိုလေးစားထိုက်တဲ့ဆရာဝန်ပါ လူနာ positive ဆိုတာသိသိကြီးနဲ့ သူကိုယ်တိုင်လူနာတင်လှည်းကိုတွန်းပေးပြီး ward ထဲအရောက်ပို့ပါတယ် (ဒေါက်တာရယ်ကျေးဇူးဆပ်ပါရစေဆိုတော့ လူ့အသက်တချောင်းက အရေးကြီးဆုံးပါ မလိုပါဘူးတဲ့ အဲ့ဒေါက်တာလေးနဲ့ သူ့မိသားစုဝင်များအားလုံးသက်တော်ရာကျော်ရှည်ပါစေလို့ ဒီကပ်ရောဂါကိုအမြန်ဆုံးတိုက်ထုတ်နိုင်ပြီး မိသားစုများနဲ့ပျော်ပျော်ရွှင်ရွှင်အမြန်ဆုံးနေရပါစေလို့ ရင်ထဲကနေဆုတောင်းပေးပါတယ်) ward ထဲရောက်တော့လည်း အဲ့ဒီwardမှာရှိတဲ့ဒေါက်တာတွေရောချက်ချင်း(PPE) ဝတ်ချက်ချင်းရောက်လာပြီး vantilator တတ် လိုအပ်တာတွေလုပ်တော့အမေသတိရလာပါတယ် အချိန်ကြာတာမျိုးလုံးဝမရှိပါဘူးနော်

Isolation ward မှာအမေ (၁၃)ရက်နေရပါတယ် အဲ့ရက်တွေနေသမျှကာလပတ်လုံးဆရာဝန် ဆရာမများအားလုံးအထူးဂရုစိုက်တာပါနော် အစရက်တွေ ၂ နာရီခြားတခါလာကြည့်ပါတယ် သူတို့မှာတကယ့်ကိုပင်ပန်းပါတယ် တခါလာတိုင်း(PPE)ဝတ်ရတာတကယ့်ကိုမလွယ်ပါဘူး နောက်ရက်တွေမှာလည်းသူကြည့်ရမယ့်အချိန်မှန်လာကြည့်ပါတယ် ဘယ်လောက်ကောင်းတဲ့ဆရာဝန်တွေလည်းဆို အမေကဝမ်းသွားထားလို့ပေကျံနေတာတွေ အမတယောက်ထဲလုပ်နေရလို့ ဆရာဝန်တွေကိုယ်တိုင်ဝိုင်းကူသန့်ရှင်းရေးလုပ်ပေးတာပါနော် ပထမရက်များမှာ အမေဟာတော်တော်ကိုအဆင်ပြေသက်သာလာတာပါ ဆရာဝန်တွေကလည်းအခြေနေ တိုးတက်လို့ဝမ်းသာနေတာ သူတို့တောင်အမေကြီးက ဒီအခန်းမှာအကြာဆုံးဆိုတော့ သံယောဇဉ်ဖြစ်နေပြီးတဲ့ တခြားသူဆိုဒီအခန်း ၄ ၅ ရက်အလွန်ဆုံးလို့ပြောတာ ကောင်းပြီးမှ အမေက ၁၁ ရက်မြောက်မှာပြန်ဖောက်လာတာ အမေအဆုတ်ကလုံးဝပျက်စီးသွားပြီးတဲ့ သူတို့ရတဲ့ထိကြိုးစားပေးပါမယ် ကောင်းလာမှာလို့မမြဲအားပေးကြပါတယ် ရအောင်လည်းတကယ့်ကိုကြိုးစားပေးပါတယ်

နောက်ဆုံးညမှာတောင် အခြေနေမရတော့ဘူးဆိုတာသိတော့ ကိုယ်ဆန္ဒနဲ့ ပိုက်ချွတ်မယ်ဆိုတာတောင်ဆရာဝန်တွေကမလုပ်ပါနဲ့ နောက်ဆုံးချိန်ထိသူတို့တာဝန်ပါမလုပ်ပါနဲ့လို့ပြောရှာပါတယ် တညလုံးအပြင်ဘက်မှာထိုင်စောင့်ကြည့်ပေးရှာပါတယ် နောက်ဆုံးနှလုံးရပ်သွားတော့လည်း ချက်ချင်းပဲနှလုံးရပ်ကြောင်းပြောပေးပြီး ဝမ်းနည်းကြောင်းပြောကြပါတယ် ဆေးရုံတက်ရက်တွေမှာ အမေတင်မကအမေကိုတောက်လျှောက်စောင့်ပေးတဲ့အမကိုလည်း ဂရုစိုက်ပေးတာပါနော် အဲ့လိုဆရာများရဲ့လမ်းညွှန်ပေးမှုတွေလိုက်နာပြီးနေလို့ ဆေးရုံမှာတောက်လျှောက်စောင့်တဲ့အမ စစ်တော့ negative ဖြစ်ပါတယ် ရန်ကုန်ဆေးရုံကြီးအဆင်မပြေဘူးလို့ပြောတဲ့သူတွေနဲ့ ကိုယ်တွေတွေ့ရတာတကယ့်ကိုတခြားစီဖြစ်နေသလိုပါပဲ (ကိုယ်တွေဘယ်ကံအရမ်းကောင်းနေလို့လားမသိပါ)

ခုလိုပြောပြတာကဆေးရုံကြီးက တကယ်ကောင်းဆိုကိုပြောပြချင်လို့ပါနာ် ဖြစ်ပြီးဆိုရင်ဆေးရုံသွားဖို့လုံးဝမကြောက်ပါနဲ့ သူတို့တကယ့်ကိုအကောင်းဆုံးကုပေးပါတယ် ဆေးရုံရောက်ရင် သေပါတယ်ပြောတော့အချိန်နောက်ကျပြီးမှ oxygen တွေကျမှသွားတော့သူတို့ဘယ်လိုလုပ်ရမလဲ သူတို့ဘက်ကတော့အကောင်းဆုံးလုပ်ပေးတာပဲလေ သူတို့တွေတကယ်သနားဖို့ကောင်းတာပါ အရမ်းပင်ပန်းရပါတယ် နေ့နေ့ညညမနားရပါဘူးစားချိန်အိပ်ချိန်မရှိပါဘူး ကိုယ့်မျက်မြင်ကိုယ်တွေ့ပါ အရမ်းလေးစားထိုက်ပါတယ် ဖြစ်ရင်မကြောက်ပါနဲ့အချိန်မှီဆေးရုံသွားကုသမှုခံယူပါ အချိန်မှီရင်ပြန်ကောင်းပါတယ် ကျေးဇူးပြု၍မိသားစုကိုတကယ်ချစ်ရင်အိမ်မှာကျိတ်မကုပါနဲ့အချိန်မှီဆေးရုံသွားကြပါလို့ P.s ဆေးရုံတက်တဲ့ကာလပတ်လုံးသူတို့မှာမရှိတဲ့ ဆေးဝယ်ပေးရတာကလွဲလို့ ကျန်တာ လိုအပ်တဲ့ဆေးတွေကို ကိုယ်ဘာမမပေးရပါဘူးနော် အကုန်သူတို့ပေးတာပါ အခကြေးငွေလည်းမယူပါဘူးနော် ကိုယ့်ဘက်ကပေးချင်တော့ အလှုငွေပဲပေးရပါတယ် တကယ့်ကို လှုသင့်တဲ့နေရာလေးတစ်ခုပါနော် အားလုံးသိရအောင်ပြောပြချင်လိုခုလိုတင်တာပါရှင် ဒီပို့စ်ကြောင့် လူတယောက်ဆေးရုံရောက်လို့ အသက်ရှင်ခဲ့မယ်ဆို ကုသိုလ်အများကြီးရပါတယ်ရှင်

(Sohail Mulla)