ပေါက်တူး ကို တရုတ်ပြည် ကနေ ကွန်တိန်နာ လိုက်မှာပြီး သုံးနေရတဲ့ ရွှေမြန်မာ တို့ရဲ့ အဖြစ်

ပေါက်တူး ကို တရုတ်ပြည် ကနေ ကွန်တိန်နာ လိုက်မှာပြီး သုံးနေရတဲ့ ရွှေမြန်မာ တို့ရဲ့ အဖြစ်

ကွန်တိန်နာ ကားနဲ့ ကြုံလို့တွေ့တာ နဲ့ ဘာတွေလဲ လို့ ဒီလိုပဲ မေးလိုက်တာပါ။ ပေါက်တူးတွေပါတဲ့။ စက္ကူပုံးကိုတောင် သေချာဖွင့်ပြလိုက်သေးတယ်။

ပေါက်တူးတောင် တရုတ်ပြည်က ကွန်တိန်နာ လိုက်သွင်းပြီး သုံးနေရတဲ့ မြန်မာပြည်ပါလားလို့။ ကိုယ့်တိုင်းပြည်က ရင်းမြစ်တွေကို တန်ဖိုးမြင့် နည်းပညာမြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ် ဖို့ပဲ အသုံးပြုနေတာမို့ ဒီလို နည်းပညာမလိုတဲ့ တန်ဖိုးနည်းကုန်စည်တွေကို နိုင်ငံခြားက ဝယ်သုံးနေတာမျိုး ဖြစ်မှာပေါ့လို့ပဲ စိတ်ထဲက ဖြေတွေးလိုက်ပါတယ်။

အဲဒါနဲ့ပဲ ဂုဏ်ယူစွာဖြင့် မှတ်တမ်း တင်ခဲ့သည်။

ရန်အောင်ကျော်