မ‌နေ့ညက ဦးကျော်သူ ပြောတဲ့ ဝေဘာဂီ သို့ကြွရောက်လာသည့် မိုင်းဖုန်း ဆရာတော်ဘုရားကြီး

ယမန်နေ့ညဖက် ဝေဘာဂီဆေးရုံတွင် ညမအိပ်ခင် လွယ်အိတ် ထဲမှ မိမိကိုယ်နှင့် မကွာယူဆောင်လေ့ရှိသော သာသနာပြု လွယ်အိတ်ငယ်လေးထဲမှ မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတော် အသေးအားခေါင်းအုံးပေါ် တင်၍ ဘုရားဝတ်ပြု၊ ဂုဏ်တော်ပွားကာ နဂါးမင်းများအားမေတ္တာပို့သခဲ့ပါသည်။

ယနေ့နံနက်စာ စားအပြီး မိမိအား လူကြုံပစ္စည်းရ၍ ကြည့်လိုက်ရာ အစားအသောက် ဒါနပြုသူတို့၏ စားဖွယ်ရာများအပြင် စာအိတ်အညိုအကြီးတစ်ခုပါလာ၍ ဖွင့်ကြည့်လိုက်ရာ မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော်အကြီးနှင့် ပရိတ်ရည်ဗူး၊ အဆောင်လက်ပါတ်ကြိုးတို့အား ဝမ်းမြောက်ပီတိဖြစ်ကာ မြင်တွေ့ရတော့သည်။

ယနေ့ညအဖို့တော့ ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ကြီး၏ ပုံတော်ကြီးကား ကုတင်ဘေးရှိစားပွဲပေါ်တွင် အနီးကပ် သီတင်းသုံးလျက်ရှိနေပြီဖြစ် တော့သည်။ ကိုဗစ်ကပ်ဘေးရောဂါ အမြင်ချုပ်ငြိမ်းပျောက်ကွယ်ပါစေသား။ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာဝပြောကြပါစေ။

(Kyaw Thu)

zawgyi

ယမန္ေန႔ညဖက္ ေဝဘာဂီေဆး႐ုံတြင္ ညမအိပ္ခင္ လြယ္အိတ္ ထဲမွ မိမိကိုယ္ႏွင့္ မကြာယူေဆာင္ေလ့ရွိေသာ သာသနာျပဳ လြယ္အိတ္ငယ္ေလးထဲမွ မိုင္းဖုန္းဆရာေတာ္ႀကီး၏ ပုံေတာ္ အေသးအားေခါင္းအုံးေပၚ တင္၍ ဘုရားဝတ္ျပဳ၊ ဂုဏ္ေတာ္ပြားကာ နဂါးမင္းမ်ားအားေမတၱာပို႔သခဲ့ပါသည္။

ယေန႔နံနက္စာ စားအၿပီး မိမိအား လူႀကဳံပစၥည္းရ၍ ၾကည့္လိုက္ရာ အစားအေသာက္ ဒါနျပဳသူတို႔၏ စားဖြယ္ရာမ်ားအျပင္ စာအိတ္အညိဳအႀကီးတစ္ခုပါလာ၍ ဖြင့္ၾကည့္လိုက္ရာ မိုင္းဖုန္းဆရာေတာ္ႀကီး၏ပုံေတာ္အႀကီးႏွင့္ ပရိတ္ရည္ဗူး၊ အေဆာင္လက္ပါတ္ႀကိဳးတို႔အား ဝမ္းေျမာက္ပီတိျဖစ္ကာ ျမင္ေတြ႕ရေတာ့သည္။

ယေန႔ညအဖို႔ေတာ့ ႂကြေရာက္လာသည့္ မိုင္းဖုန္းဆရာေတာ္ႀကီး၏ ပုံေတာ္ႀကီးကား ကုတင္ေဘးရွိစားပြဲေပၚတြင္ အနီးကပ္ သီတင္းသုံးလ်က္ရွိေနၿပီျဖစ္ ေတာ့သည္။ ကိုဗစ္ကပ္ေဘးေရာဂါ အျမင္ခ်ဳပ္ၿငိမ္းေပ်ာက္ကြယ္ပါေစသား။ တစ္ကမာၻလုံး ၿငိမ္းခ်မ္းသာယာဝေျပာၾကပါေစ။

(Kyaw Thu)