နာမည်ကြီးနေတဲ့ လိမ္မော်သီး နဲ့ အတူတူ မိန်းကလေး အချစ်တော်တွေ အဖြစ် သရုပ်ဆောင်ထားတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ “SUNSHINE” Official (ရုပ်သံဖိုင်)

နာမည်ကြီးနေတဲ့ လိမ္မော်သီး နဲ့ အတူတူ မိန်းကလေး အချစ်တော်တွေ အဖြစ် သရုပ်ဆောင်ထားတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ “SUNSHINE” Official (ရုပ်သံဖိုင်)

ချစ်စရာကောင်းတဲ့ မိန်းကလေး ဝိုင်းစုခိုင်သိန်း ကတော့ ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့်လည်း အဆိုတော်တစ်ယောက်အဖြစ် ပိုမိုအောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းက သူမရဲ့ ဂီတသက်တမ်းတစ်လျှောက် တေးအယ်လ်လမ်များကိုလည်း အောင်မြင်စွာ ထုတ်လုပ်နိုင် ခဲ့ပြီး Single Song တွေကိုလည်း တစ်လမှာ တစ်ပုဒ် ချပြနိုင်ဖို့ ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဝိုင်းစုခိုင်သိန်းက သူမ ရဲ့ “SUNSHINE” သီချင်းလေး ကို MV နဲ့တကွ ချပြလာပါတယ်။ ထို MV လေးမှာ ဝိုင်းစုခိုင်သိန်းက အဆိုတော် လိမ္မော်သီး နဲ့ အတူတူ မိန်းကလေးအချစ်တော်တွေအဖြစ် ထူးထူးခြားခြားလေး သရုပ်ဆောင်ထားတာမို့ ပရိသတ်ကြီးအတွက် မျှဝေပေး လိုက်ပါ တယ်နော်။

ဝိုင်းစုခိုင်သိန်းရဲ့ “SUNSHINE” သီချင်းလေးက အလွမ်းအဆွေး သီချင်းလေး ဖြစ်လို့ နားထောင် ကောင်းသလို လိမ္မော်သီးနဲ့အတူတူ သရုပ်ဆောင်ချက်တွေကလည်း တကယ့်ကို ဆွဲဆောင်မှုရှိလှပါတယ်။ ပရိသတ်ကြီးလည်း ဝိုင်းစုရဲ့ “SUNSHINE” MV အသစ်စက်စက်လေးကို သဘောကျကြမယ် ထင်ပါတယ်နော်။

Source: Wyne Su Khaing Thein’s fb

Add a Comment

Your email address will not be published. Required fields are marked *

7 − 1 =