ဘာဘဲဖြစ်ဖြစ် အမေ့ကိုပါ ကူးချင် ကူးပါစေတော့ သမီးလေး နဲ့ အတူ အမေဘေးမှာ ရှိနေပေး မယ်နော်

ထုတ်ပြန်ထားတဲ့စည်းကမ်းတွေလိုက်နာကြပါ ပတ်ဝန်း ကျင်က ဘဝတွေ ခံစားကြေကွဲမှုတွေကို ကိုယ်ချင်းစာကြပါ.. “အမေဘာဘဲဖြစ်ဖြစ် အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ ဆရာမတွေကို ပြောပြီးသမီးလေးနဲ့အတူ အမေဘေးမှာရှိနေပေးမယ်နော်” တဲ့.. မှတ်မှတ်ရရ ၂၂.၁၀ .၂၀ရက်နေ့ ကိုဗစ်ကြောင့်ကျနော့ နှလုံးသားအရင့်အမာကြီးကို မျက်ရည်ကျအောင် ဖန်တီးလိုက်တဲ့ မေ့မရနိုင်တော့မယ့် ကြေကွဲစရာနေ့ တနေ့ဆိုလည်းမမှားပါဘူး။

ယ္ခင် အကြိမ်တွေလိုဘဲ Q စင်တာ ကနေ ပိုးမရှိတဲ့သူဆို ပျော်ရွှင်စွာအိမ်ပြန်ကြ ပိုးတွေ့တဲ့သူတွေဆို ဆက်လက်နေပြီး နောက်ရက်မှာ ကုသရေးစင်တာကို သွားကြရတယ်။ အဲ့နေ့မှာ ဖြစ်သွားတဲ့ဖြစ်စဥ်လေးပါ… “အမေ! အဖေ! သမီးတယောက်ထဲ ဒီမှာ နေခဲ့ရမှာလား ဟင်” “အေးပေါ့သမီးလေးရယ် သမီးက
ပို့တွေ့လူနာဖြစ်နေတော့ ဆေးကုသခံရမယ်လေ သမီးလေးရဲ့” “ဟုတ်လားဟင် မေရီး ဖေရီးပြောတာ” “သမီးလေး ဆေးကုသခံလိုက်နော်သမီး ဘာကြောက်စရာမဟုတ်ပါဘူး ကျန်းမာသွားရင် အမေကိုယ်တိုင် လာခေါ်မယ်နော် သမီးလေးရယ် တိတ် တိတ်”

“ဟင့်အင်း ဟင့်အင်း မလိုက် ပါရစေနဲ့ မေမေနဲ့ ဖေဖေရယ် နော် သမီးကြောက်တယ် နော် ဖေရီး” ကြေကွဲစရာ ရင်နင့်စရာ မြင်ကွင်းနဲ့ အသံလေးတွေကြားမှာ ကျနော် စီးမျောရင်း စွံ့အနေတဲ့အချိန်မှာ “ကဲဘာသမီးရယ်… အမေ ရင်ခွင်ထဲမှာဘဲနေတော့နော်” မိခင်ဖြစ်သူမှ ခလေးအနားပြန်သွားရင်း “အမေဘာဘဲဖြစ်ဖြစ် အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ဆရာမတွေကို ပြောပြီးသမီးလေးနဲ့အတူ အမေဘေးမှာရှိနေပေးမယ်နော်”တဲ့ ဒိထက်ကြေကွဲ သေပွဲတွေနဲ့ခွဲခွာ ခံစားကြရတဲ့ ပုံရိပ်တွေဟာ ဘယ်လောက်တောင် ဖြစ်နေပြီလဲဆိုတာ…

(အုန်းဟန် အုန်းဟန်)

zawgyi

ထုတ္ျပန္ထားတဲ့စည္းကမ္းေတြလိုက္နာၾကပါ ပတ္ဝန္း က်င္က ဘဝေတြ ခံစားေၾကကြဲမႈေတြကို ကိုယ္ခ်င္းစာၾကပါ.. “အေမဘာဘဲျဖစ္ျဖစ္ အေမ့ကိုပါ ေရာဂါကူးခ်င္ ကူးပါေစေတာ့ ဆရာမေတြကို ေျပာၿပီးသမီးေလးနဲ႔အတူ အေမေဘးမွာရွိေနေပးမယ္ေနာ္” တဲ့.. မွတ္မွတ္ရရ ၂၂.၁၀ .၂၀ရက္ေန႔ ကိုဗစ္ေၾကာင့္က်ေနာ့ ႏွလုံးသားအရင့္အမာႀကီးကို မ်က္ရည္က်ေအာင္ ဖန္တီးလိုက္တဲ့ ေမ့မရႏိုင္ေတာ့မယ့္ ေၾကကြဲစရာေန႔ တေန႔ဆိုလည္းမမွားပါဘူး။

ယၡင္ အႀကိမ္ေတြလိုဘဲ Q စင္တာ ကေန ပိုးမရွိတဲ့သူဆို ေပ်ာ္႐ႊင္စြာအိမ္ျပန္ၾက ပိုးေတြ႕တဲ့သူေတြဆို ဆက္လက္ေနၿပီး ေနာက္ရက္မွာ ကုသေရးစင္တာကို သြားၾကရတယ္။ အဲ့ေန႔မွာ ျဖစ္သြားတဲ့ျဖစ္စဥ္ေလးပါ… “အေမ! အေဖ! သမီးတေယာက္ထဲ ဒီမွာ ေနခဲ့ရမွာလား ဟင္” “ေအးေပါ့သမီးေလးရယ္ သမီးက
ပို႔ေတြ႕လူနာျဖစ္ေနေတာ့ ေဆးကုသခံရမယ္ေလ သမီးေလးရဲ႕” “ဟုတ္လားဟင္ ေမရီး ေဖရီးေျပာတာ” “သမီးေလး ေဆးကုသခံလိုက္ေနာ္သမီး ဘာေၾကာက္စရာမဟုတ္ပါဘူး က်န္းမာသြားရင္ အေမကိုယ္တိုင္ လာေခၚမယ္ေနာ္ သမီးေလးရယ္ တိတ္ တိတ္”

“ဟင့္အင္း ဟင့္အင္း မလိုက္ ပါရေစနဲ႔ ေမေမနဲ႔ ေဖေဖရယ္ ေနာ္ သမီးေၾကာက္တယ္ ေနာ္ ေဖရီး” ေၾကကြဲစရာ ရင္နင့္စရာ ျမင္ကြင္းနဲ႔ အသံေလးေတြၾကားမွာ က်ေနာ္ စီးေမ်ာရင္း စြံ႕အေနတဲ့အခ်ိန္မွာ “ကဲဘာသမီးရယ္… အေမ ရင္ခြင္ထဲမွာဘဲေနေတာ့ေနာ္” မိခင္ျဖစ္သူမွ ခေလးအနားျပန္သြားရင္း “အေမဘာဘဲျဖစ္ျဖစ္ အေမ့ကိုပါ ေရာဂါကူးခ်င္ ကူးပါေစေတာ့ဆရာမေတြကို ေျပာၿပီးသမီးေလးနဲ႔အတူ အေမေဘးမွာရွိေနေပးမယ္ေနာ္”တဲ့ ဒိထက္ေၾကကြဲ ေသပြဲေတြနဲ႔ခြဲခြာ ခံစားၾကရတဲ့ ပုံရိပ္ေတြဟာ ဘယ္ေလာက္ေတာင္ ျဖစ္ေနၿပီလဲဆိုတာ…

(အုန္းဟန္ အုန္းဟန္)