ရန်ကုန်သားတွေ ရဲ့ Stay Home ဆိုတာ ဒီလိုမျိုးပါ (ဒါတွေ ကတော့ ဖြစ်မှာပါပဲ)

စပေ ..တွေရမယ်.. စပေ ရွှေယူ မလားရွှေ ငွေယူမလားငွေ (စပယ်ပန်းသည် ရဲ့အော်သံက လှပနေတဲ့အိမ်မက်ကလေးကို အာရုံဦးမှာ လှုတ်နိုးလိုက်ပါပြီ ဟာ အေးလိုက်တာကွာ အဲယားကွန်းက စောင်လေးခြုံပြီးပြန်ကွေးလိုက်အုံးမှ) ပဲ 6:15Am

ပေး….ပြုပ်….နံပြား … ၊ ပေး…ပြုပ်.နံပြား .. (မိန်းမတစ်ယောက် အတွက်တော်တော်လေးကိုစူးရှတဲ့အသံ မဆွေ မေဆွိနဲ့တောင်တူသလိုဘဲ) သူဟာကျွန်တော်ရဲ့နှိုးစက်ပါ ။ 6:45Am

အမှိုက်..အမှိုက်ပြစ်မလား .. အမှိုက် အမှိုက်..အမှိုက်ပြစ်မလား .. အမှိုက် (အကြိမ်ရေအများကြီး အော်ထားမိသည့်အတွက် အသံဝင်နေပြီး မြေညီထပ်မှ အထပ်အားလုံးကြားရန် အားကောင်းမောင်းသန် အသံနက်ကြီးဖြင့်အော်သံ) 7:30Am

ကေ…ညှင်း…..ကျန်….ပေါင်း…၊ ငချိတ်ပေါင်း..အိအိလေး .. ကေ…ညှင်း…ကျန်….ပေါင်း.. (အော်…အန်တီရယ် အောင်လိုက်တဲ့အသံ ညာသံကို အပြည့်ပဲ အဖြတ်အတောက်ကောင်းလိုက်တာ The voice မှာဆို လေးယောက်လုံးလှည့်ကြည့်မှာပါ) 8:30Am

ဟုတ်ကဲ့မင်္ဂလာပါ။ သန့်ရှင်းလတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို လူကြီးမင်းတို့ အိမ်တိုင် ရာရောက် လာရောက်ရောင်းချ ပေးနေပါပြီ။ Non Stop … (ဒီ Hand speaker က recording မဆိုးဘူးပဲ အသံနေအသံထားက အလူခံတွေမှာ အော်ခဲ့ဘူးတဲ့အသံမျိုးနဲ့ အသံဖမ်းထားတာပဲ … ကန်စွန်းရွက်လေးကြော်စားမယ်လို့ ထွက်ကြည့်တာ စပီကာလှည်းက တွန်းပြေးပြေးသွားပါပြီ) 8:45Am

ငါးမြင်းရမယ်၊ ငါးကြင်းရမယ်၊ ပုဇွန်တွေပါတယ်၊ ပြည်ကြီးငါးတွေရမယ် (သူလည်း လှည်းနဲ့ ဟန်းစပီကာကြီး နဲ့ပါလား)8:50Am

မန်းမြို့တော် …. ပေါက်စီ … ပေါက်စီ ၊အသားပေါင်း၊ မန်းမြို့တော် …. ပေါက်စီ … ပေါက်စီ ၊အသားပေါင်း၊ မန်းမြို့တော် …. ပေါက်စီ … ပေါက်စီ ၊အသားပေါင်း (ကားလေးနဲ့ဟ အမိုးပေါ်မှာ စပီကာကိုကြိုးနဲ့ချည်ထားတယ် ၊ညဘက် လမ်းဘေးရပ်ထားရင် အဲ့စပီကာကြီး အခိုးခံရတော့မှာပဲ လို့ ပူပန်မိလိုက်တယ်) 9:00 Am

ဟုတ်ကဲ့မင်္ဂလာပါ .. သန့်ရှင်းလတ်ဆတ်သောကြက်တစ်ကောင်ကို ငွေ ၃၀၀၀ ကျပ်၊၄၀၀၀ကျပ်၊၅၀၀၀ ကျပ်နှင့်ရောင်းချပေးနေပါသညိ ။ ဗမာကြက်များလည်းပါပါသည်။ 9:20Am

555 သောက်ရေသန့် …. ရေသန့်ရမယ် ရေသန့် …555 သောက်ရေသန့် ရေသန့်ရမယ်ရေသန့် 555 သောက်ရေသန့်..9:40Am

ဝါးလုံးရမယ် Gas ဝါးလုံး…ထည့်ကြအုံးမလား ထောပတ် Gas ဘိန်းမုန့် အုန်းစိမ်းရည် ပူပူလေး… (ဟာ…လန့်လိုက်တာ ဘာတွေလည်း ထကြည့်ပါအုံးဟ …အစ်ကိုကြီး ဈေးသည်တွေအော်နေတာပါ ။ တစ်ယောက်က ဝါးလုံးရောင်းတဲ့အသည်။ တစ်ယောက်က Gas ထည့်မလား Gas . ထောပတ် ဘိန်းမုန့် ပူပူလေး ရယ် အုန်စိမ်းရည် ရယ် ….ဝူး …) 10:30Am

ဒုန်း …ဒုန်း … ဒုန်း … (တံခါးခေါ်က်သံ ဟ Mask လေးကို ကမှန်းက ကတန်းတပ်ပြီ သွားထကြည့်အုံး မှပဲ … Panda လေးဟ ပန်းရောင်လေးနဲ့ Delivery တဲ့ ဟာ ဘာမှ မမှာထားပါဘူး ဆိုတော့ အခန်းNo, က …ဘလာ ဘလာ 23456 မှားနေတယ် ဟိုဘက်အခန်းပါ …စော်တီးတဲ့ ) 11:36Am

ရွှင်လန်း သောက်ရေသန့် … ရွှင်လန်း သောက်ရေသန့်.. ရွှင်လန်း သောက်ရေသန့် တို့ပူးသုပ်၊ ကြာဇံသုပ်၊ ပဲပြားသုပ်၊ ခေါက်ဆွဲသုပ်၊ ရှောက်သီးသုပ်၊ သင်္ဘောသီးသုပ်၊ မြင်းခွာရွက်သုပ် ၊အစုံသုပ် ….. (အော်ရပါပြီဟာ မရပ်မနားအော်နေရလား ဟန်းစပီကာ ရဲ့ ဘက်ထရီကက တော်တော်အားပြည့်တယ်) 1:30Pm

မုန့်လက်ဆောင်း ၊ ရွှေရင်အေး ..၊မုန့်ကြာစိ သာကူပူပူလေး…. မဆိုးဘူးဟ ဒီhand speaker က နည်းနည်းတိုးပြီးအော်တယ် ဟ 1:35Pm

ဟုတ်ကဲ့မင်္ဂလာပါ ..သန့်ရှင်းလတ်ဆတ်သော ဟင်းသီး ဟင်းရွက်များ ကို လူကြီးမင်းတို့ အိမ်တိုင် ရာရောက် လာရောက်ရောင်းချ ပေးနေပါပြီ ခင်ဗျာ လူကြီးမင်းတို့ အသင့်စားသုံးနိုင်ရန် ငါးနီတူးခြောက်ကြော် ၊ချဉ်ပေါင်ကြော်၊ ငံပြာရည်ကြော်၊ ဆပ်ပြာအဆီဗူးလည်းပါပါတယ် ခင်ဗျာ …. Non Stop …. 1:50 Pm

21 ကြိမ်မြောက် သိန်းတစ်သောင်းခွဲထီလာပါပြီ။ ထီတစ်စောင်ကို 1000 ကျပ်။ (ထပ်ခါထပ်ခါ Hand speaker) 3:50PM

ဟုတ်ကဲ့ ခင်ဗျာ .. ကိုဖိုးဇော်တို့ မိသားစုကလည်း အလှူတော်ငွေ ၅၀၀၀. ကျပ်ကို လှူဒါန်းသွားပါတယ် သာဓု သာဓု သာဓု ပါ ခင်ဗျ။ ပေး၍ မကုန် လှူ၍ မခန်း ပဒုမ်မ္မာ ရွှေကြာပန်းလို ပွင့်လန်းနိုင်ကြပါစေ။ ကိုဖိုးဇော်တို့ မိသားစုတွေလည်း သိန်း ၁၅၀၀၀. ထီဆုကြီးများ ပေါက်၍ အလှူကြီး အတန်းကြီးများလည်း ပေးလှူ နိုင်ကြပါစေ။ မရှိလို့ မလှူ ၊ မလှူလို့ မရှိ ၊မဖြစ်ရလေအောင် ကျွန်တော်များ ဤနေရာ ၊ဤဌာနကနေပြီးတော့ နိဗ္ဗာန် ကို အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် . ဘယ်ဘက်က တစ်ဆုပ်ကြဲလို့ ညာဘက်ကလည်း တစ်လှည့် ဝင်နိုင်ကြပါစေ… အိပ်စိတန် ( က္ကိုစ္ဆိတံ ) ပတ် စိတန် တုံချန် ဂလုံဂလွမ်.. (ကြုံးပီဗျာ အိမ်ဘက်ကို ကြည့် ပြီး စပီကာကြီးနဲ့ နိဗ္ဗန်ကို အရောက်ပို့ပါတယ်) ။3:55Pm