ကံကောင်းလွန်းတဲ့ စစ်တွေမြို့က (၃)တန်း ကျောင်းသူလေး
|ကံကောင်းလွန်းတဲ့ စစ်တွေမြို့က (၃)တန်း ကျောင်းသူလေး
ကျပ်သိန်းတစ်သောင်းခွဲဆု ကို စစ်တွေမြို့က (၃) တန်းကျောင်း သူလေး ဆွတ်ခူး
ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ် လိုက်သည့် (၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဆွတ်ခူးသွားပါတယ်။
စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် ငပိန်လမ်းနေ ဦးအောင်ဆန်းဝင်း နှင့် ဒေါ်မေကြီးဖြူ တို့၏ သမီး မကြည်ဖြူစင်သိန်းက ဃ ၃၁၃၁ဝ၂ ဂဏန်းဖြင့် သိန်းတစ်သောင်းခွဲ ထီဆုကြီးကို ဆွတ်ခူးရရှိသွားခြင်းဖြစ်ပါတယ်။
“အခုလို ထီဆုကြီးပေါက် လို့ အတိုင်းမသိ ပျော်မိပါတယ်။
အလှူတွေ လုပ်သွားမယ်။ စစ်ဘေးရှောင်တွေ ကိုလည်း လှူသွားမယ်။
ထီကိုယ်စားလှယ် ကိုလည်း ကားတစ်စီးဝယ်ပေးဖို့ စိတ်ကူး ထားပါတယ်။”ဟု မကြည်ဖြူစင်သိန်း၏ မိခင် ဒေါ်မေကြီးဖြူက ပြောပါတယ်။
ထီပေါက် သည့် မကြည်ဖြူစင်သိန်းသည် ရွာကြီးတောင် မူလွန်ကျောင်းတွင် တတိယတန်းကို ဖြေဆိုထားသူဖြစ်ပါတယ်။
ဒေါ်မေကြီးဖြူ တို့သည် မေလ လဆန်းပိုင်းတွင် တွန်းလှည်းဖြင့် လည်၍ ရောင်းချသည့် ထီးကိုယ်စားလှယ် ထံမှ ထီ ၅ စောင်တွဲကို သမီးဖြစ်သူအမည်ဖြင့် ထိုးခဲ့ခြင်းဖြစ်ပါတယ်။
ထီပေါက်သည့် မကြည်ဖြူစင်သိန်း ၏ ဖခင်သည် သုံးဘီး ဆိုင်ကယ်မောင်းပြီး မိခင်ဖြစ်သူမှာ အိမ်တွင် ကြက်ဥနှင့် မုန့်တီဖတ် ရောင်းချကြကြောင်း၊ သူတို့ မိသားစုတွင် မုန့်တီဖတ်လုပ်သည့်ဖိုတစ်ခု ရှိတယ်လို့လည်း သိရပါတယ်။
၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ဖွင့်လှစ် ခဲ့သည့် ကျပ်သိန်းတစ်သောင်း ထီဆုကြီးကိုလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နာရီစင်အနီးတွင် နေထိုင်သူ ဦးစံရွှေခိုင်က ဆွတ်ခူး ခဲ့ဖူးပါတယ်။