ရန်ကုန်ဆေးရုံကြီး မှာ အရင်လို ပြွတ်သိပ်ကြပ် နေတာမျိုး မရှိတော့ဘူးလို့ ပြောလိုက် တဲ့ ဒေါက်တာနန္ဒဝင်း

“အသက်တိုင်းကို ထည့်တွက်ပါ” ကူးစက်ရောဂါ နှိမ်နှင်းရေး လုပ်ငန်း တစ်ခု မှာ ဆရာကြီးတစ်ဦးက ဆုံးမသွားတာပါ။ လူတစ်သောင်းဖြစ်တာ တစ်ယောက်ပဲသေတယ် ရောဂါဖြစ်သူသေနှုန်းCase fatality rate သုည ဒဿမ ဘယ်လောက်ဘယ်လောက် လို့ ယေဘုယျ ခြုံငုံပြောဖြေသိမ့်ကျေနပ်လို့ရပေမယ့် အဲဒီသေဆုံးသွားတဲ့ သူ မိသားစုအတွက်ကတော့ ၁၀၀% ဆုံးရှုံးမှုပါပဲ။ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ။ လူနာတိုင်း ကတော့ သူတို့ မိသားစုတိုင်းအတွက် VIP ပါပဲ။ လူတိုင်းရဲ့ သောက နဲ့ ဆန္ဒ ကို နားလည်ပေးလိုက်ပါ။ တန်းတူညီမျှ Equality ပေးသင့်တဲ့နေရာမှာပေးနိုင်အောင် သာတူညီမျှ Equity ပေးသင့်တဲ့နေရာမှာ ပေးနိုင်အောင် ကုသရေး မှာရော ကာကွယ်ရေးမှာရော SOP တွေ Protocol တွေရှိပါစေ။

ရင်ထဲမှာ ဆွဲသွားတဲ့ ဆုံးမစကားတွေကြောင့် ခုရက်ပိုင်း အတွင်း အတော့်ကို နှလုံးသွင်း မှန်အောင် နေနိုင်ခဲ့ပါတယ်။ ဆေးရုံအတွက် လိုအပ်ချက်တွေ လှူပေးနေတဲ့အလှူရှင် အမေကြီး၊ ဆရာဝန် ဆရာမတွေ အတွက် သူ့ပိုင်တိုက်ခန်းကို အခမဲ့နေခွင့်ပေးပြီးနေ့စဉ်ချက်ပြုတ်ကျွေးနေတဲ့အမ၊ ညီအကိုလိုခင်နေတဲ့ သတင်းအယ်ဒီတာအမတ်လောင်း၊ ဌာနတစ်ခုက အဆင့်မြင့် အရာရှိတစ်ဦးရဲ့ မိခင်၊ သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ့ ဦးလေး၊ လုပ်အားပေးလူငယ်ရဲ့အဘွား၊ ကျွန်တော့်ဆရာမရဲ့ သူငယ်ချင်း၊ ကျွန်တော့် ဖခင်ရဲ့ မိတ်ဆွေ၊ ကျွန်တော့်အဒေါ်ရဲ့တပည့်၊ အသိတစ်ယောက်ရဲ့ ဘာသာရေး လေးစားရသူ စသည်စသည်ဖြင့် ခင်မင်ရသူ ချစ်ခင်ရသူ ကျေးဇူးရှိသူ အားလုံး အားလုံး အရေးပေါ်ကိုရောက်လာတဲ့အခါ ကျွန်တော့်မှာ အလုပ်တွေ ပင်ပန်းမှုတွေ ဖိစီးမှုတွေ ရှိနေပါစေ အတတ်နိုင်ဆုံး ကိုယ်စီကိုယ်စီရဲ့ လိုအပ်ချက်တွေ ပြောကြားချက်တွေကို နားထောင်ကူညီပေးနိုင်အောင် ကြိုးစားခဲ့ပါတယ်။

မသိမသာ ရော သိသိ သာသာပါ ရန်တွေ့ တတ်သူတွေ နားလည်ပေး သူတွေ ဖိအားပေးသူတွေ စာနာတတ်သူတွ အားလုံး အားလုံးပေးတဲ့ ခံစားချက်တွေကို ကုလ လာဘ ဘယ ကင်းစွာ သဒ္ဓါ အားဖြင့် ခံယူလျက်ပါ။ ဝန်နှင့်အားနှင့်မမျှစွာ ပင်ပန်းစွာ စောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန် ဆရာမတွေလည်း ဖိအားမဖြစ်အောင် အသီးသီးရဲ့ ဆန္ဒလေး တွေလည်း ပြည့်အောင် ရောဂါ အနေအထားပေါ်မူတည်ပြီး ကျန်ခံစားနေရသူများလည်း သူတို့ကို ဦးစား ပေးတာကြောင့် ဘေးဖယ်ခံရခြင်းမဖြစ်ရအောင် ကြိုးစားစီမံပေးပါတယ်။ ကျေနပ်သွားသူတွေ ရှိသလို မကျေနပ်သူတွေလည်း ရှိနိုင်ပါတယ်။ မကျေနပ်သူ တစ်ယောက်ခြင်းစီတိုင်းကို အနူးအညွတ် တောင်းပန်ပါတယ်။ အားလုံးပြေလည်အောင် အထက်က စေခိုင်းတဲ့ တာဝန်ရော လုပ်ဆောင်ရင်းတွေ့ကြုံရတဲ့ အလုပ်တွေကိုရော ပြည့်စုံအောင် ရှိတဲ့ အင်အား စုမိတဲ့ အား နှင့် အကောင်းဆုံး ကြိုးစားနေရပါတယ်။

ခုဆိုရင် ဟိုးအရင်ကလိုတော့ ပြွတ်သိတ်ကြပ်မနေတော့ပါဘူး။ နေစရာမရှိလို့ ကြမ်းခင်းပေါ် ချ အိပ်နေရတာမျိုး ကုလားထိုင်လေးပေါ် ကျုံ့ကျုံ့လေး နေရတာမျိုး မရှိတော့ပဲ လူတိုင်း ကုတင်ပေါ်တော့ ရောက်အောင် ပါမောက္ခချုပ်ကြီးဒေါက်တာဇော်ဝေစိုး နှင့် ဆေးရုံအုပ်ကြီး(ဒုချုပ်) ဒေါက်တာ မြင့်မြင့်အေး တို့ ဦးဆောင်တဲ့ အဖွဲ့က စီမံနိုင်ခဲ့ပါပြီ။ ရောက်လာသမျှသော လူနာတိုင်းကို အဆင်ပြေစေရန် ရန်ကုန်ဆေးရုံကြီးက ကြိုးစားနေပါတယ်။ ကုတင်ပြည့်နေလို့ လူများလို့ဆိုပြီး ငြင်းဆန်တာမရှိတဲ့အခါ ရောဂါ ပြင်းထန်မှု အနေအထားပေါ်မူတည်ပြီး ဦးစားပေးစနစ်ကို ဆောင်ရွက်ပါတယ်။ ဉပမာ အသက် ၈၂ နှစ် အမေကြီး အစာအိမ်ပေါက်နေတယ်လို့ အဖြေသိပြီး ကြိုတင်ဆက်သွယ်ထားတဲ့ ကိုဗစ်ပိုးတွေ့လူနာကို လူနာတင်ယာဉ်နှင့် သူ့ကို ခွဲစိတ်ကုသပေးမယ့်အဆောင် အနားအထိ တန်းသယ်ပို့တာမျိုးလုပ်ပေးပါတယ်။ တဆင့်ဆင့် စစ်ဆေးတဲ့အဆင့်တွေကို ကျွန်တော်တို့ လက်ထောက်ဆရာဝန်လေးတွေပဲ လိုက်လုပ်ပေးတာမျိုးရှိပါတယ်။ ဆိုခဲ့သလိုပါပဲ “လူနာတိုင်း ကတော့ သူတို့အိမ်မှာ အရေးကြီးပုဂ္ဂိုလ်ပါပဲ” ကျွန်တော်တို့ကလည်း ထပ်ဆိုပါရစေ လူနာတိုင်းဟာ ကျွန်တော်တိုအတွက် အရေးကြီးပုဂ္ဂိုလ် တွေပါခင်ဗျာ….

ဒေါက်တာနန္ဒဝင်း

zawgyi

“အသက္တိုင္းကို ထည့္တြက္ပါ” ကူးစက္ေရာဂါ ႏွိမ္ႏွင္းေရး လုပ္ငန္း တစ္ခု မွာ ဆရာႀကီးတစ္ဦးက ဆုံးမသြားတာပါ။ လူတစ္ေသာင္းျဖစ္တာ တစ္ေယာက္ပဲေသတယ္ ေရာဂါျဖစ္သူေသႏႈန္းCase fatality rate သုည ဒႆမ ဘယ္ေလာက္ဘယ္ေလာက္ လို႔ ေယဘုယ် ၿခဳံငုံေျပာေျဖသိမ့္ေက်နပ္လို႔ရေပမယ့္ အဲဒီေသဆုံးသြားတဲ့ သူ မိသားစုအတြက္ကေတာ့ ၁၀၀% ဆုံးရႈံးမႈပါပဲ။ အစားထိုးမရတဲ့ ဆုံးရႈံးမႈပါပဲ။ လူနာတိုင္း ကေတာ့ သူတို႔ မိသားစုတိုင္းအတြက္ VIP ပါပဲ။ လူတိုင္းရဲ႕ ေသာက နဲ႔ ဆႏၵ ကို နားလည္ေပးလိုက္ပါ။ တန္းတူညီမွ် Equality ေပးသင့္တဲ့ေနရာမွာေပးႏိုင္ေအာင္ သာတူညီမွ် Equity ေပးသင့္တဲ့ေနရာမွာ ေပးႏိုင္ေအာင္ ကုသေရး မွာေရာ ကာကြယ္ေရးမွာေရာ SOP ေတြ Protocol ေတြရွိပါေစ။

ရင္ထဲမွာ ဆြဲသြားတဲ့ ဆုံးမစကားေတြေၾကာင့္ ခုရက္ပိုင္း အတြင္း အေတာ့္ကို ႏွလုံးသြင္း မွန္ေအာင္ ေနႏိုင္ခဲ့ပါတယ္။ ေဆး႐ုံအတြက္ လိုအပ္ခ်က္ေတြ လႉေပးေနတဲ့အလႉရွင္ အေမႀကီး၊ ဆရာဝန္ ဆရာမေတြ အတြက္ သူ႔ပိုင္တိုက္ခန္းကို အခမဲ့ေနခြင့္ေပးၿပီးေန႔စဥ္ခ်က္ျပဳတ္ေကြၽးေနတဲ့အမ၊ ညီအကိုလိုခင္ေနတဲ့ သတင္းအယ္ဒီတာအမတ္ေလာင္း၊ ဌာနတစ္ခုက အဆင့္ျမင့္ အရာရွိတစ္ဦးရဲ႕ မိခင္၊ သူငယ္ခ်င္းအရင္းေခါက္ေခါက္ရဲ႕ ဦးေလး၊ လုပ္အားေပးလူငယ္ရဲ႕အဘြား၊ ကြၽန္ေတာ့္ဆရာမရဲ႕ သူငယ္ခ်င္း၊ ကြၽန္ေတာ့္ ဖခင္ရဲ႕ မိတ္ေဆြ၊ ကြၽန္ေတာ့္အေဒၚရဲ႕တပည့္၊ အသိတစ္ေယာက္ရဲ႕ ဘာသာေရး ေလးစားရသူ စသည္စသည္ျဖင့္ ခင္မင္ရသူ ခ်စ္ခင္ရသူ ေက်းဇူးရွိသူ အားလုံး အားလုံး အေရးေပၚကိုေရာက္လာတဲ့အခါ ကြၽန္ေတာ့္မွာ အလုပ္ေတြ ပင္ပန္းမႈေတြ ဖိစီးမႈေတြ ရွိေနပါေစ အတတ္ႏိုင္ဆုံး ကိုယ္စီကိုယ္စီရဲ႕ လိုအပ္ခ်က္ေတြ ေျပာၾကားခ်က္ေတြကို နားေထာင္ကူညီေပးႏိုင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။

မသိမသာ ေရာ သိသိ သာသာပါ ရန္ေတြ႕ တတ္သူေတြ နားလည္ေပး သူေတြ ဖိအားေပးသူေတြ စာနာတတ္သူတြ အားလုံး အားလုံးေပးတဲ့ ခံစားခ်က္ေတြကို ကုလ လာဘ ဘယ ကင္းစြာ သဒၶါ အားျဖင့္ ခံယူလ်က္ပါ။ ဝန္ႏွင့္အားႏွင့္မမွ်စြာ ပင္ပန္းစြာ ေစာင့္ေရွာက္မႈေပးေနတဲ့ ဆရာဝန္ ဆရာမေတြလည္း ဖိအားမျဖစ္ေအာင္ အသီးသီးရဲ႕ ဆႏၵေလး ေတြလည္း ျပည့္ေအာင္ ေရာဂါ အေနအထားေပၚမူတည္ၿပီး က်န္ခံစားေနရသူမ်ားလည္း သူတို႔ကို ဦးစား ေပးတာေၾကာင့္ ေဘးဖယ္ခံရျခင္းမျဖစ္ရေအာင္ ႀကိဳးစားစီမံေပးပါတယ္။ ေက်နပ္သြားသူေတြ ရွိသလို မေက်နပ္သူေတြလည္း ရွိႏိုင္ပါတယ္။ မေက်နပ္သူ တစ္ေယာက္ျခင္းစီတိုင္းကို အႏူးအၫြတ္ ေတာင္းပန္ပါတယ္။ အားလုံးေျပလည္ေအာင္ အထက္က ေစခိုင္းတဲ့ တာဝန္ေရာ လုပ္ေဆာင္ရင္းေတြ႕ႀကဳံရတဲ့ အလုပ္ေတြကိုေရာ ျပည့္စုံေအာင္ ရွိတဲ့ အင္အား စုမိတဲ့ အား ႏွင့္ အေကာင္းဆုံး ႀကိဳးစားေနရပါတယ္။

ခုဆိုရင္ ဟိုးအရင္ကလိုေတာ့ ႁပြတ္သိတ္ၾကပ္မေနေတာ့ပါဘူး။ ေနစရာမရွိလို႔ ၾကမ္းခင္းေပၚ ခ် အိပ္ေနရတာမ်ိဳး ကုလားထိုင္ေလးေပၚ က်ဳံ႕က်ဳံ႕ေလး ေနရတာမ်ိဳး မရွိေတာ့ပဲ လူတိုင္း ကုတင္ေပၚေတာ့ ေရာက္ေအာင္ ပါေမာကၡခ်ဳပ္ႀကီးေဒါက္တာေဇာ္ေဝစိုး ႏွင့္ ေဆး႐ုံအုပ္ႀကီး(ဒုခ်ဳပ္) ေဒါက္တာ ျမင့္ျမင့္ေအး တို႔ ဦးေဆာင္တဲ့ အဖြဲ႕က စီမံႏိုင္ခဲ့ပါၿပီ။ ေရာက္လာသမွ်ေသာ လူနာတိုင္းကို အဆင္ေျပေစရန္ ရန္ကုန္ေဆး႐ုံႀကီးက ႀကိဳးစားေနပါတယ္။ ကုတင္ျပည့္ေနလို႔ လူမ်ားလို႔ဆိုၿပီး ျငင္းဆန္တာမရွိတဲ့အခါ ေရာဂါ ျပင္းထန္မႈ အေနအထားေပၚမူတည္ၿပီး ဦးစားေပးစနစ္ကို ေဆာင္႐ြက္ပါတယ္။ ဉပမာ အသက္ ၈၂ ႏွစ္ အေမႀကီး အစာအိမ္ေပါက္ေနတယ္လို႔ အေျဖသိၿပီး ႀကိဳတင္ဆက္သြယ္ထားတဲ့ ကိုဗစ္ပိုးေတြ႕လူနာကို လူနာတင္ယာဥ္ႏွင့္ သူ႔ကို ခြဲစိတ္ကုသေပးမယ့္အေဆာင္ အနားအထိ တန္းသယ္ပို႔တာမ်ိဳးလုပ္ေပးပါတယ္။ တဆင့္ဆင့္ စစ္ေဆးတဲ့အဆင့္ေတြကို ကြၽန္ေတာ္တို႔ လက္ေထာက္ဆရာဝန္ေလးေတြပဲ လိုက္လုပ္ေပးတာမ်ိဳးရွိပါတယ္။ ဆိုခဲ့သလိုပါပဲ “လူနာတိုင္း ကေတာ့ သူတို႔အိမ္မွာ အေရးႀကီးပုဂၢိဳလ္ပါပဲ” ကြၽန္ေတာ္တို႔ကလည္း ထပ္ဆိုပါရေစ လူနာတိုင္းဟာ ကြၽန္ေတာ္တိုအတြက္ အေရးႀကီးပုဂၢိဳလ္ ေတြပါခင္ဗ်ာ….

ေဒါက္တာနႏၵဝင္း