သင့္ရဲ႕ အနာဂတ္ အတြက္ ဒီလို မိန္းကေလးမ်ိဳး ကိုသာ ဇနီးေလာင္း အျဖစ္ ေရြးခ်ယ္ပါ
|အခုေခတ္မွာ လူေတြက ကိုယ္နဲ႔ လိုက္ဖက္ညီ တဲ့ လက္တြဲေဖာ္ေတြ ရွာေနၾက ပါတယ္။ ဒီလို ခ်စ္သူ ေကာင္မေလးမ်ိဳးကို ပိုင္ဆိုင္ထားရင္ေတာ့ အျမန္ဆံုး လက္ထပ္ႏိုင္ေအာင္ ၾကိဳးစား လိုက္ပါေတာ့ေနာ္ …။
၁။ သူမက မင္းကို ယုံၾကည္ အားကိုးရင္
အခ်စ္ဆိုတဲ့အရာက လူေတြ ကိုေတာင္ ႐ူးသြပ္ေစတတ္ ပါတယ္။ တစ္စုံတစ္ေယာက္ ရဲ့ အခ်စ္ကို ရရွိထားတာဟာ အလြန္ေကာင္းမြန္တဲ့အရာပဲ ျဖစ္ပါတယ္ …။
ဒါေပမဲ့ မင္းက မင္းကို ခ်စ္ေနတဲ့ ခ်စ္သူရ ထားရင္ ကံေကာင္းေနၿပီလို႔ ထင္ပါလိမ့္မယ္
အခ်စ္ဆိုတာဟာ အစြန္းႏွစ္ဖက္ကို ေရာက္ တတ္ပါတယ္။ ဒါေၾကာင့္ မင္းရဲ့ ဘဝလက္တြဲေဖာ္ကို အခ်စ္တစ္ခုတည္းနဲ႔ ဆုံးျဖတ္ၿပီး မေရြးလိုက္ပါနဲ႔ …။
သူမက မင္းကို ယုံၾကည္အားကိုးၿပီး မင္းရဲ့ အရည္အခ်င္းေတြ ကို ယုံၾကည္ၿပီး အျမဲ စိတ္ဓာတ္ခြန္အားေပးတတ္တဲ့ ေကာင္မေလးမ်ိဳး ရထားရင္ေတာ့ လက္မလႊတ္ လိုက္ပါနဲ႔ …။
၂။ သူမက မင္း ရဲ့ ေဒါသကို ေျဖေလ်ာ့ေပးနိုင္ရင္
လူတိုင္း ေဒါသထြက္ တတ္ပါတယ္။ ကၽြန္ေတာ္တို႔အားလုံးမွာ သည္းခံနိုင္စြမ္းေတြ မတူညီၾကပါဘူး။ မင္းရဲ႕ ခ်စ္သူက မင္းရဲ႕ ေဒါသကို ဘယ္လို ထိန္းခ်ဳပ္ေပး ေျဖေလ်ာ့ေပးနိုင္လဲ ဆိုတာကို သတိထားၾကည္႔လိုက္ပါ …။
မင္းရဲ့ ခ်စ္သူေလးက စိတ္အေႏွာင့္ အယွက္မေပးဘဲ မင္းေဒါသကို ေျဖေလ်ာ့ေပးနိုင္ရင္ သူမက မင္းအတြက္ သင့္ေတာ္တဲ့ သူတစ္ေယာက္ျဖစ္ပါတယ္ …။
၃။ မင္းအေပၚ ယုံၾကည္မႈရွိရင္
ယုံၾကည္မႈဆိုတဲ့အရာဟာ အလြယ္တကူ နဲ႔ ပ်က္စီး လြယ္ပါတယ္။ ယုံၾကည္မႈဆိုတဲ့အရာက လွပတဲ့အရာတစ္ခုျဖစ္ၿပီး ခ်စ္သူႏွစ္ဦးၾကား အေရးႀကီးတဲ့အရာျဖစ္ပါတယ္။ မင္းရဲ့ ခ်စ္သူရဲ့ ယုံၾကည္မႈကို ရရွိထားရင္ေတာ့ မင္းဟာ ကံေကာင္းတဲ့ သူတစ္ေယာက္ပါ …။
၄။ သူမက မင္းရဲ့ မိသားစုကို ေလးစားတန္ဖိုးထားရင္
မင္းရဲ့ မိသားစုနဲ႔ မင္းရဲ့ ခ်စ္သူနဲ႔ အတူတူ ညစာစားတာမ်ိဳး ေတြ႕ဆုံေပးတာေကာင္းပါတယ္။ မင္းရဲ့ ခ်စ္သူဟာ မင္းမိသားစုနဲ႔ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ေနတတ္ၿပီး ေလးစားတန္ဖိုးထားတယ္ဆိုရင္ သူမက မင္းအတြက္ သင့္ေတာ္တဲ့ သူတစ္ေယာက္ပါ …။
၅။ မင္းရဲ့ ဝါသနာေတြကို မၽွေဝခံစားေပးနိုင္ရင္
မင္းႀကိဳက္ႏွစ္သက္တဲ့ သီခ်င္းေတြ နားေထာင္ရတာ ဇာတ္လမ္းေတြၾကည့္ရတာ အလြန္ပဲေကာင္းၿပီး စိတ္အပန္းေျပေစ ပါတယ္။ ( ကိုယ္ဝါသနာပါတဲ့ အားကစားပြဲေတြ ၾကည့္ရတာ ဥပမာ ေဘာလုံးပြဲ စသည္ျဖင့္) ဒါေတြကို မင္းရဲ့ ခ်စ္သူနဲ႔ အတူ လုပ္ရရင္ေတာ့ ပိုၿပီး ေကာင္းတာေပါ့ဗ်ာ …။
၆။ မင္းရဲ့ ကိုယ္ပိုင္အခ်ိန္ေတြကို တန္ဖိုးထားေပးတတ္ရင္
ေကာင္မေလးေတြေတာ္ေတာ္မ်ားမ်ားက သူတို႔ခ်စ္သူေတြကို အျမဲတမ္း သူတို႔နဲ႔ ပဲ အခ်ိန္ျဖဳန္းေစခ်င္ၾကပါတယ္။ လူေတြ မွာ သူတို႔ အတြက္ ကိုယ္ပိုင္အခ်ိန္ေတြ လိုအပ္ပါတယ္ …။
၇။ မင္းရဲ႕ အိမ္မက္ေတြ အေကာင္ အထည္ေဖာ္ဖို႔ အျမဲ အေထာက္အပံ့ေပးေနရင္
ကၽြန္ေတာ္တို႔ ဘဝမွာ ေအာင္ျမင္ဖို႔ အတြက္ ကိုယ္တိုင္တင္သာမက တစ္ျခားသူေတြရဲ့ အကူအညီအေထာက္အပံ့ေတြ လိုအပ္ပါတယ္။ စိတ္ဓာတ္ခြန္အားေတြ ေပးနိုင္တဲ့ ခ်စ္သူမ်ိဳးရထားရင္ေတာ့ မင္းကံေကာင္းပါတယ္ …။
တကယ္လို႔ မင္းရဲ့ ခ်စ္သူေကာင္မေလးက မင္းရဲ့ ေအာင္ျမင္မႈ အတြက္ အျမဲလိုလားၿပီး အကူအညီအေထာက္အပံ့ေပးနိုင္တယ္ဆိုရင္ လက္မလႊတ္လိုက္ပါနဲ႔ေတာ့ေနာ္ …။ ။
ေဆာင္းပါးေရးသားသူ – Christine
unicode
အခုခေတ်မှာ လူတွေက ကိုယ်နဲ့ လိုက်ဖက်ညီ တဲ့ လက်တွဲဖော်တွေ ရှာနေကြ ပါတယ်။ ဒီလို ချစ်သူ ကောင်မလေးမျိုးကို ပိုင်ဆိုင်ထားရင်တော့ အမြန်ဆုံး လက်ထပ်နိုင်အောင် ကြိုးစား လိုက်ပါတော့နော် …။
၁။ သူမက မင်းကို ယုံကြည် အားကိုးရင်
အချစ်ဆိုတဲ့အရာက လူတွေ ကိုတောင် ရူးသွပ်စေတတ် ပါတယ်။ တစ်စုံတစ်ယောက် ရဲ့ အချစ်ကို ရရှိထားတာဟာ အလွန်ကောင်းမွန်တဲ့အရာပဲ ဖြစ်ပါတယ် …။
ဒါပေမဲ့ မင်းက မင်းကို ချစ်နေတဲ့ ချစ်သူရ ထားရင် ကံကောင်းနေပြီလို့ ထင်ပါလိမ့်မယ်
အချစ်ဆိုတာဟာ အစွန်းနှစ်ဖက်ကို ရောက် တတ်ပါတယ်။ ဒါကြောင့် မင်းရဲ့ ဘဝလက်တွဲဖော်ကို အချစ်တစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီး မရွေးလိုက်ပါနဲ့ …။
သူမက မင်းကို ယုံကြည်အားကိုးပြီး မင်းရဲ့ အရည်အချင်းတွေ ကို ယုံကြည်ပြီး အမြဲ စိတ်ဓာတ်ခွန်အားပေးတတ်တဲ့ ကောင်မလေးမျိုး ရထားရင်တော့ လက်မလွှတ် လိုက်ပါနဲ့ …။
၂။ သူမက မင်း ရဲ့ ဒေါသကို ဖြေလျော့ပေးနိုင်ရင်
လူတိုင်း ဒေါသထွက် တတ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ သည်းခံနိုင်စွမ်းတွေ မတူညီကြပါဘူး။ မင်းရဲ့ ချစ်သူက မင်းရဲ့ ဒေါသကို ဘယ်လို ထိန်းချုပ်ပေး ဖြေလျော့ပေးနိုင်လဲ ဆိုတာကို သတိထားကြည့်လိုက်ပါ …။
မင်းရဲ့ ချစ်သူလေးက စိတ်အနှောင့် အယှက်မပေးဘဲ မင်းဒေါသကို ဖြေလျော့ပေးနိုင်ရင် သူမက မင်းအတွက် သင့်တော်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် …။
၃။ မင်းအပေါ် ယုံကြည်မှုရှိရင်
ယုံကြည်မှုဆိုတဲ့အရာဟာ အလွယ်တကူ နဲ့ ပျက်စီး လွယ်ပါတယ်။ ယုံကြည်မှုဆိုတဲ့အရာက လှပတဲ့အရာတစ်ခုဖြစ်ပြီး ချစ်သူနှစ်ဦးကြား အရေးကြီးတဲ့အရာဖြစ်ပါတယ်။ မင်းရဲ့ ချစ်သူရဲ့ ယုံကြည်မှုကို ရရှိထားရင်တော့ မင်းဟာ ကံကောင်းတဲ့ သူတစ်ယောက်ပါ …။
၄။ သူမက မင်းရဲ့ မိသားစုကို လေးစားတန်ဖိုးထားရင်
မင်းရဲ့ မိသားစုနဲ့ မင်းရဲ့ ချစ်သူနဲ့ အတူတူ ညစာစားတာမျိုး တွေ့ဆုံပေးတာကောင်းပါတယ်။ မင်းရဲ့ ချစ်သူဟာ မင်းမိသားစုနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ပြီး လေးစားတန်ဖိုးထားတယ်ဆိုရင် သူမက မင်းအတွက် သင့်တော်တဲ့ သူတစ်ယောက်ပါ …။
၅။ မင်းရဲ့ ဝါသနာတွေကို မျှဝေခံစားပေးနိုင်ရင်
မင်းကြိုက်နှစ်သက်တဲ့ သီချင်းတွေ နားထောင်ရတာ ဇာတ်လမ်းတွေကြည့်ရတာ အလွန်ပဲကောင်းပြီး စိတ်အပန်းပြေစေ ပါတယ်။ ( ကိုယ်ဝါသနာပါတဲ့ အားကစားပွဲတွေ ကြည့်ရတာ ဥပမာ ဘောလုံးပွဲ စသည်ဖြင့်) ဒါတွေကို မင်းရဲ့ ချစ်သူနဲ့ အတူ လုပ်ရရင်တော့ ပိုပြီး ကောင်းတာပေါ့ဗျာ …။
၆။ မင်းရဲ့ ကိုယ်ပိုင်အချိန်တွေကို တန်ဖိုးထားပေးတတ်ရင်
ကောင်မလေးတွေတော်တော်များများက သူတို့ချစ်သူတွေကို အမြဲတမ်း သူတို့နဲ့ ပဲ အချိန်ဖြုန်းစေချင်ကြပါတယ်။ လူတွေ မှာ သူတို့ အတွက် ကိုယ်ပိုင်အချိန်တွေ လိုအပ်ပါတယ် …။
၇။ မင်းရဲ့ အိမ်မက်တွေ အကောင် အထည်ဖော်ဖို့ အမြဲ အထောက်အပံ့ပေးနေရင်
ကျွန်တော်တို့ ဘဝမှာ အောင်မြင်ဖို့ အတွက် ကိုယ်တိုင်တင်သာမက တစ်ခြားသူတွေရဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ ချစ်သူမျိုးရထားရင်တော့ မင်းကံကောင်းပါတယ် …။
တကယ်လို့ မင်းရဲ့ ချစ်သူကောင်မလေးက မင်းရဲ့ အောင်မြင်မှု အတွက် အမြဲလိုလားပြီး အကူအညီအထောက်အပံ့ပေးနိုင်တယ်ဆိုရင် လက်မလွှတ်လိုက်ပါနဲ့တော့နော် …။ ။
ဆောင်းပါးရေးသားသူ – Christine