ကိုဗစ် ကို လက်ဝါးကပ်တိုင် နဲ့ ‌ပရိတ်ရေ သုံးပြီး ပယောဂချွတ် ဖို့ကြိုးစားနေကြတဲ့ ဖိလစ်ပိုင် ဘုန်းတော်ကြီးတွေ

ကိုဗစ် ကို လက်ဝါးကပ်တိုင် နဲ့ ‌ပရိတ်ရေ သုံးပြီး ပယောဂချွတ် ဖို့ကြိုးစားနေကြတဲ့ ဖိလစ်ပိုင် ဘုန်းတော်ကြီးတွေ

ဖိလစ်ပိုင်နိုင်ငံက ကက်သလစ် ဘုန်းတော်ကြီးတွေဟာ လက်ဝါးကပ်တိုင်တွေ ‌ပရိတ်ရေတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို နှိမ်နင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ “ဒီရောဂါမှာ မကောင်းတဲ့အရာတစ်ခုရှိနေတယ်။ ဒါကို မကောင်းဆိုးဝါးတစ်ကောင်က လုပ်နေတာ” လို့ မနီလာမြို့ Caloocan ရဲ့ ဖာသာ Eduardo Carino Vasquez Jr ကပြော ပါတယ်။

အခြားနိုင်ငံတွေမှာလိုပဲ ဖိလစ်ပိုင်နိုင်ငံ ဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားခြင်းကို ဟန့်တားကာကွယ်ဖို့အတွက် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားပါတယ်။ စီးပွားရေး လုပ်ငန်းတွေနဲ့ အဖွဲ့အစည်းဆိုင်ရာဌာနတွေကိုလည်း ပိတ်သိမ်းထားခဲ့ပါတယ်။

ဘုရားကျောင်းတွေကိုလည်း လူစု လူဝေးများတာကြောင့် အာဏာပိုင်တွေက ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကက်သလစ်ဘုန်းတော်ကြီးက ဘုရားကျောင်း မှာပဲ အငြိမ်မနေဘဲ သူတို့ရဲ့ဘုရားကျောင်းတက်သူတွေကို ကူညီနိုင်တယ်ဆိုပြီး အပြင်ထွက်ဖို့ကြိုးစားခဲ့ကြတာပါ။

BBC ရဲ့အစီရင်ခံစာတစ်ခုအရ ဖာသာက သူ့ရဲ့ အပေါင်းအဖော်တွေနဲ့အတူ ဘုရားကျောင်းတက်သူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ အပြင်ကိုမကြာခဏထွက်လေ့ရှိတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေမျိုးမှာလည်း ဘုရားကျောင်းကို စိတ်ထဲ မှာရှိရမယ် လို့ ဖာသာကပြောပါတယ်။

အဆိုပါ ဘုန်းတော်ကြီးတွေဟာ နေ့တိုင်း PPE ဝတ်စုံတွေ မျက်နှာ အကာတွေဝတ်ဆင်ပြီးတော့ သေဆုံးသူတွေအတွက် ဆုတောင်းပေးခြင်း ကောင်းချီးမင်္ဂလာတောင်းခံပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိ ပါတယ်။ ပြီးတော့ သူတို့ဆီမှာ သူတို့ရဲ့ အထူးပစ္စည်းကိရိယာတွေက အမြဲတမ်းအဆင်သင့်ရှိ နေတယ်လို့လဲ သိရပါတယ်။

“မြင့်မြတ်တဲ့ရေစင်နဲ့ မြင့်မြတ်တဲ့ဆားကို ငါတို့က ကုသခြင်းနဲ့ သန့်စင်ခြင်း အတွက်သုံးတယ်။ ပြီးတော့ ပယောဂချွတ်တဲ့နေရာမှာလည်း သုံးတယ်။ ဒီကိုဗစ်ရောဂါမှာ မကောင်းတဲ့ အရာတစ်ခု ရှိနေတယ်။ ဒါဟာ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ လုပ်ရပ်ပဲဖြစ်တယ်” လို့ ဖာသာကရှင်းပြပါတယ်။

သူတို့ရဲ့အသက်ကိုစွန့်ပြီး အများ အကျိုးဆောင်နေတဲ့ အဆိုပါဘုန်းတော်ကြီးတွေ ကို တစ်ချို့က အားပေးချီးမွမ်းနေကြသော်လည်း ကောင်းသောအမှုထက် မကောင်းသောအကျင့်ကို ကျင့်ကြံနေကြတဲ့ အခြားသော ဘုန်းတော်ကြီးတွေလည်း များစွာရှိနေပါသေးတယ်။

Writer -Arkar
Source -Elite Readers