မိဘတွေလို စီးပွားရေး မသောင်းကျန်းပဲ ပရဟိတ အလုပ်တွေပဲ လုပ်ချင်တယ်လို့ ရင်ဖွင့်လာတဲ့ စိန်နန်းတော် ရဲ့ အမွေ ဆက်ခံသူ သက်ရတနာကျော်ဝင်း

ပရိတ်သတ်ကြီး ရေ The Voice Myanmar ပြိုင်ပွဲဝင် G ကတော့ နိုင်ငံကျော် စိန်နန်းတော် စိန်ရွှေရတနာဆိုင် ရဲ့ သမီးဖြစ်ပေမယ့် ပကာသန မမက်ပဲ ပရဟိတ အလုပ်တွေသာ လုပ်ကိုင်ရင်း ပျော်မွေ့နေသူတစ်ယောက်ပါ။ ပြိုင်ပွဲဝင်စဉ်တုန်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဖူးလို့ ပြောခဲ့ မိတာကြောင့် တချို့သော သူတွေနဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သက်ရတနာကျော်ဝင်း ကတော့ The Voice Myanmar မှာ နီနီခင်ဇော်ရဲ့ Team အဖွဲ့သားတွေနဲ့အတူတူ ကြိုးစားနေပြီး အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင်သွားမှာလို့ ပြောပြခဲ့ပါသေးတယ်။

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခု မှာတော့ သက်ရတနာကျော်ဝင်းက မိဘတွေလို စီးပွားရေး မသောင်းကျန်း ချင်ဘူး လို့ အစချီပြီး သူမနေချင်တဲ့ Life Style လေးတစ်ခုကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။တစ်ဘဝလုံးမှာ ဘာဖြစ်ချင်လည်းဆိုတော့ အေးအေးချမ်းချမ်းနဲ့ အရမ်းကြီး ပိုက်ဆံမရှိရင်တောင် ကားကို Aircon ကောင်းကောင်းလေး နဲ့ တိုက်ခန်းတခန်းလောက် နဲ့ ပရဟိတ ကောင်းကောင်း ဆက်လုပ်နိုင်ရင်ရပြီ။ဘာလို့ဆို အဖေကိုကြည့်ရင်လည်း သူစီးပွားရေးလုပ်ပြီးတော့ အရမ်း Stress များတာတွေလည်းရှိတယ် အဲ့လိုဘဝလည်းမဖြစ်ချင်ဘူး သူတို့ ၂ ယောက်လုံး Stress များတယ်ကွာ ညီမသူတို့ဘဝလိုမျိုးကြီး မဖြစ်ချင်ဘူး ကိုယ့်ဟာ ကိုယ်အေးဆေးပျော်နေရင် ရပြီ အရမ်းကြီး ဘယ်ဟာမှကို မသောင်းကျန်းပဲနဲ့ လုံလောက်ရင်ရပြီလို့ ပြောချင်တာပါ” လို့ ပြောလာခဲ့တာဖြစ်ပါတယ်

သက်ရတနာကျော်ဝင်းကသူမ အနေနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်အချိန်ကလွဲရင် မြန်မာနိုင်ငံမှာရှိနေသမျှ ပရဟိတအလုပ်တွေကို လုပ်ဆောင်သွားမယ်လို့ ပြောပြခဲ့ပါသေးတယ်။ အိမ်မှာနေရတာထက် သက်တူရွယ်တူ လူငယ်တွေနဲ့ အတူတူ ပရဟိတလုပ်နေရတာကို ပိုပျော်တယ်လို့လည်း ဆိုလာခဲ့တာဖြစ်ပါတယ်။ သက်ရတနာကျော်ဝင်းကတော့ မိဘတွေနဲ့မတူတဲ့ နေထိုင်မှုပုံစံတစ်ခုနဲ့ပဲ နေချင်တဲ့ အကြောင်း ပြောပြခဲ့တာပါ ပရိသတ်ကြီးရေ အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်နော်

crd

zawgyi




crd