မည်သည့် အငြိမ်းစား ဝန်ထမ်းမဆို လျှောက်ထားနိုင်တဲ့ အိမ်ခန်းများ ရောင်းချ ပေးတော့မည်
|မည်သည့် အငြိမ်းစား ဝန်ထမ်းမဆို လျှောက်ထားနိုင်တဲ့ အိမ်ခန်းများ ရောင်းချ ပေးတော့မည်
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေ ကို နေပြည်တော်မှာ အိမ်ခန်းများ ရောင်းချ ပေးတော့မှာ ဖြစ်ပါတယ်။ အငြိမ်းစားဝန်ထမ်းဖြစ်ကြောင်း စာရွက်စာတမ်းသက်သေနဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ မည်သည့်ခုနှစ်ကမဆို ၂၀၁၉ အထိ အငြိမ်းစားယူခဲ့သူများနှင့်၂၀၂၀ ခုနှစ်အတွင်းမှာ အငြိမ်းစား ယူမယ့်သူများ အကျုံးဝင်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးက အငြိမ်းစား ဝန်ထမ်းအားလုံး လျှောက်ထားနိုင်ပါတယ်။ အရပ်ဖက်ဌာနများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများထဲက နေပြည်တော်မှာ အခြေချဖို့ စဉ်းစားထားတဲ့သူတိုင်း ဝယ်ယူခွင့်ရှိပါတယ်။ မြို့မဈေးနဲ့ နီးတယ်။ ဓါတ်ဆီဆိုင်၊ အထက်တန်းကျောင်း၊ ဘုန်းကြီးကျောင်း နဲ့ နီးတယ်။ အနာဂတ် အဝေးပြေးကားဂိတ် လျာထားနေရာနဲ့ နီးတယ်။ အိမ်ရာအနီးမှာ commercial zone လေးတွေ ရှိ လာပါဦးမယ်။
အခန်းအကျယ် ၆၅၀ စတုရန်းပေ ရှိပါတယ်။ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနှင့် ထမင်းစားခန်းတွဲလျက်၊ မီးဖိုချောင်၊ ရေချိုးခန်းအိမ်သာ တစ်စုံ စသဖြင့် ပါဝင်ပါတယ်။လေးခန်းတွဲ၊ လေးထပ်တိုက်တွေ ဖြစ်ပါတယ်။ မြေဧရိယာ ဧက(၇၀) ခန့်မှာ အခန်း ၃၀၀၀ ကျော် တည်ဆောက်မှာ ဖြစ်ပါတယ်။ ဇွန် ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ လျှောက်ထား နိုင်ပါတယ်။
Ye Min Oo