နေမကောင်းဖြစ်နေတဲ့ အချိန် ဘယ်လောက်ပဲ တရားမှတ်မှတ် ရှေ့ဆက်အသက်ရှင်ဖို့ မတွေးတောနိုင်တော့ကြောင်း ရင်ဖွင့် လာတဲ့ “ထက်ထက်မိုးဦး”

နေမကောင်းဖြစ်နေတဲ့ အချိန် ဘယ်လောက်ပဲ တရားမှတ်မှတ် ရှေ့ဆက်အသက်ရှင်ဖို့ မတွေးတောနိုင်တော့ကြောင်း ရင်ဖွင့် လာတဲ့ “ထက်ထက်မိုးဦး”

မင်းသမီးချော ထက်ထက်မိုးဦး ကတော့ နာမည်တစ်လုံး နဲ့ အနုပညာလောကမှာ ယနေ့ထက်တိုင် အောင်အောင်မြင်မြင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးချူချာလာပြီး မကြာခဏဆိုသလို ဆေးရုံဆေးခန်း တက်ရောက်ရသူပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦး က သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများကိုလည်း ခွဲစိတ်ထားရပြီး အမြဲတမ်းလိုလို နေမကောင်းဖြစ်သူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ထက်ထက်မိုးဦးက “လူက တကယ်နေမကောင်းဖြစ်လာရင် စိတ်ရောလူရောကျလာတာပဲ။ ဘယ်လောက်ပဲတရားမှတ်မှတ် ရင်ထဲမှာပလောင်ဆူနေတာပဲ။ ရှေ့ဆက် ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာ မတွေးတတ်တော့ဘူး။ ကိုယ့်ကို ချစ်တဲ့ခင်တဲ့သူတွေကတော့ စိတ်ပူပေးနေကြတာ ကျေးဇူးတင်ပါတယ်။ ကိုယ့်ရင်ထဲမှာတော့ နေလို့ မကောင်းတာအမှန်ပါ။” ဆိုပြီး ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာပါတယ်။

ထက်ထက်မိုးဦး ကတော့ သူမရဲ့ ကျန်းမာရေးအခြေအနေ ကို သူမကိုယ်တိုင် အားမရဖြစ်နေပြီး စိတ်ရောလူပါ ကျနေတာပဲ ဖြစ်ပါတယ်။ ထက်ထက်တစ်ယောက် အမြန်ဆုံးနေကောင်းပြီး ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Htet Htet Moe Oo’s fb

Add a Comment

Your email address will not be published. Required fields are marked *

twelve + 20 =