တောင်သူကြီး တွေ အတွက် မိုး အထူး သတိပေး ချက်

ရိတ်သိမ်းချိန်ရောက် ရှိနေ တဲ့ ဧရာဝတီတိုင်း ပဲခူးတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တို့မှ အမျိုးတို့ရေ ရက်ဝေးကြိုတင်ခန့်မှန်းပေးခဲ့တဲ့အတိုင်းပါပဲ ၂၀၂၀ အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အတွင်းမှာ မိုးတွေရွာလာနိုင်ပါတယ် ထပ်ခါထပ်ခါလည်း သတိတွေပေးနေခဲ့တာဖြစ်ပါတယ်… ပျက်စီးမှုနဲ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

၂၀၂၀ အောက်တိုဘာလ ၂၇ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အတွင်း ရခိုင်ပြည်နယ် မကွေးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းတစ်ခုလုံးနဲ့ ချင်းပြည်နယ်တွေမှာလည်း မိုးတွေရွာလာပါလိမ့်ဦးမယ်

အရင်မိုးကြောင့် အထိနာနေတဲ့ ဖောင်းပြင် ပင်လယ် ဘူး ဝန်းသို ကောလင်း နမ်းခမ်း အင်းတော် ကသာ ဗန်းမောက် မော်လူး မော်ဟန် နန့်စီအောင် မိုးညှင်း ဟိုပင် ပင်ဘော နမ္မတီး မိုးကောင်းဒေသတွေမှာ တောင်သူလယ်သမားများလည်း အောက်တိုဘာလ ၃၀ ရက်နေ့ နိုဝင်ဘာလ ၁ရက်နေ့တွေမှာ မိုးတွေရွာလာနိုင်သဖြင့် ၂၈ရက်နေ့မတိုင်မှိ အပြီး ရိတ်သိမ်းပြီး အမိုးအကာအောက်ရောက်ရှိအောင် ဆောင်ရွက်ကြပါလို့အကြံပြုလိုက်ပါတယ် ပျက်စီးဆုံးရှုံးမှုမရှိပါစေနှင့်

25/10/2020 at 3:00pm (MMT) Su SuSan

zawgyi



