ကြောင်ခံ တွင်းပျက်နှင့် ဇရက်တောင်ပံကျိုး (သို့) ပွဲကြိုက်တဲ့ မြန်မာ လူမျိုး

ကမ္ဘာပေါ်မှာ ပွဲလန်းသဘင်အမက်ဆုံး ကို ပြောပါဆိုရင် မြန်မာ ကိုပဲ လက်ညှိုး ထိုးပြ ရပေလိမ့်မည်။ တနှစ်မှာ(၁၂)လ ရှိရာ လစဉ်လတိုင်းပွဲမရှိတဲ့လ ဆိုတာ မရှိပါဘူး။ (၁၂)လရာသီ ပွဲတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ရှိကြသော်လည်း အဲဒီတိုင်းရင်းသားအားလုံးထဲမှာ အကဲအပိုဆုံးကတော့ ဗမာ လူမျိုးတွေလို့ပြောရင်ရပါတယ်။ ဗမာ လူမျိုးတွေ ဘယ်လောက်အထိပွဲလန်းသဘင်မက်ကြလဲဆိုရင် (၁၂)လရာသီ ပွဲတွေ အပါအဝင် ဘုရားပွဲ ပဲဖြစ်ဖြစ် အလှူပဲပေးပေး အထူးသဖြင့် သာရေး ပွဲတွေမှာပိုဆိုးပေါ့ အတီးအမှုတ်အကအခုံ တွေ ဆိုင်း၊အငြိမ့်၊ဇာတ်သဘင် တွေကတော့ ပွဲတိုင်း မပါမဖြစ်။

နာရေးတောင်မလွတ်ပါဘူး ဘုန်းကြီးပျံ၊ခမည်းတော်ပျံ မယ်တော်ပျံ စသည်ဖြင့် ပွဲလန်းသဘင် တွေထည့်သွင်းပြီး ကကြခုန်ကြပေါ့။ ဒါတင်ပဲလား ဘယ်ဟုတ်ပါ့မလဲ အဲလောက်နှင့်အားမရသေးဘူး ကိုယ်နှင့်မဆိုင်တဲ့ ခရစ္စမတ် တို့လို Happy New Year လို ပွဲတွေမှာ ဝင်ကဲလိုက်တာက အဆစ်ပါသေး။ အဲလောက်ပွဲလန်းသဘင်မက်မောတဲ့ ရွှေမြန်မာတွေဟာ တကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကိုဗစ် နှင့်တွေ့တော့ ပျော်ချင်ပါးချင် ကဲချင်တဲ့စိတ်ကို အောင့်အီးမျိုသိပ်နေရတော့တာပေါ့။ ပျော်ဖို့အားခဲထားတဲ့ သင်္ကြန်ပွဲလည်း လွတ်၊ပွဲမှန်သမျှအကုန်လွတ်ပြီး နေမထိ ထိုင်မသာ ဖြစ်နေကြတယ် ဆိုတာ မပြောဘဲနှင့် သိနေပါတယ်။ မျိုသိပ်ထားခဲ့ရတဲ့ လတွေကလည်း ကြာရှည်လာခဲ့ပြီလေ။ “ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုး” ဆိုတဲ့ စကားပုံကို အသက်သွင်းလိုက် တာက အခုတလော ပွဲဆူ နေတဲ့ မဲဆွယ်ပွဲ ဖြစ်ပါတယ်။ မဲဆွယ်ပွဲ ဆိုပြီး တအုံးအုံးတဂွမ်းဂွမ်း ဖြင့် ယာဉ်ကြီးယာဉ်ငယ်အသွယ်သွယ် ဖြင့် လှည့်လည်နေကြတာကို ကြည့်မိတော့ သင်္ကြန်ပွဲ၏ အငွေ့အသက် ကိုခံစားမိသလို ရှင်ပြုအလှူ တွေမှာ ရှင်လောင်းလှည့်ကြတဲ့ဓလေ့ကိုလည်း ခံစားလာမိပြန်တယ်။ နောက်ပြီး ဆွမ်းလောင်းပွဲတွေ မှာ သူ့အရပ် ကိုယ့်အရပ်၊ သူ့ရွာကိုယ့်ရွာ အပြိုင်အဆိုင် ကခုန်ကြတဲ့ သဘောကိုလည်း ခံစားလာမိပြန်တယ်။ ဒါတင်ဘယ်ကအုံးမှာလဲ ရဲကိုကို ၊ရဲမင်းပိုင် ၊သီဟတင်စိုး နေထူးနိုင်တို့ ရိုက်နေတဲ့ ဖိုက်တင်ခန်း တွေ မြင်ရတာက အဆစ်ပါလိုက်သေး။ ကိုယ့်အရပ်နှင့်ကိုယ့်ဇာတ်တော့ ဟုတ်နေကြတာပဲ။ လပေါင်းများစွာ မျိုသိပ်လာရတဲ့ ‌အပျော်မက်တဲ့ စိတ်တွေကို မဲဆွယ်ပွဲမှာ ပွင့်အန်ထွက်ကြလာသလို ဖြစ်နေတယ်။

ပြောချင်တာက ကိုယ်ထောက်ခံတဲ့ပါတီကို မဲပေးရမည့်နေ့မှာ မပျက်မကွက် ထည့်ကြဖို့က လိုရင်းအချက်ပါ။ မဲဆွယ်တယ် ဆိုတာက နဂို ထောက်ခံပြီးသား ဝန်းရံပြီးသား လူတွေကို ဆွယ်တာမဟုတ်ပါဘူး၊နဂို ထောက်ခံပြီးသား လူမျိုးတွေကတော့ မဲဆွယ်စရာမလိုပဲနှင့်ကို ထောက်ခံကြပြီးသားပါပဲ။ ကြားထဲက ဟိုလိုလို ဒီလိုလို ဖြစ်နေတဲ့ သူတွေကို မဲဆွယ်ရတာပါ။ ဒါကို ကားဂိတ် ခရီးသည်လုကြတဲ့ ကယ်ရီ သမားတွေလို လုလို့ရတဲ့ အမျိုးလည်းမဟုတ်ပါဘူး။ ဈေးရောင်းတဲ့သူလို ကိုယ့်ဆိုင်ဝယ်ချင်လာအောင် အပြင်အဆင်နှင့်တမျိုး အပြောချိုချိုနှင့်တဖုံ ဖောက်သည် ရှာရတာနှင့်တူပါတယ်။ အပေါက်ဆိုးဆိုး ဘုကလန့် ဈေးသည် ဆိုရင် ဖောက်သည်ရဖို့မလွယ်ပါဘူး။ အဲဒါကြောင့်မဲဆွယ်တယ်ဆိုတာ ကြားထဲကလူတွေ ပါလာအောင် ဆိုရင် အပြောအဆိုအမူအယာ ယဉ်ကျေးဖို့လိုအပ်ပါတယ်။ မဲဆွယ်လှည့်လည်သူတွေကိုပြောချင်တာက ယခုလို ကိုဗစ်ကာလမှာအဓိကနှင့်သာမည ခွဲခြားသိဖို့ လိုပါတယ်။

Zin Yaw

zawgyi

ကမာၻေပၚမွာ ပြဲလန္းသဘင္အမက္ဆုံး ကို ေျပာပါဆိုရင္ ျမန္မာ ကိုပဲ လက္ညႇိဳး ထိုးျပ ရေပလိမ့္မည္။ တႏွစ္မွာ(၁၂)လ ရွိရာ လစဥ္လတိုင္းပြဲမရွိတဲ့လ ဆိုတာ မရွိပါဘူး။ (၁၂)လရာသီ ပြဲေတြရွိပါတယ္။ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားေပါင္းစုံ ဘာသာေပါင္းစုံ ရွိၾကေသာ္လည္း အဲဒီတိုင္းရင္းသားအားလုံးထဲမွာ အကဲအပိုဆုံးကေတာ့ ဗမာ လူမ်ိဳးေတြလို႔ေျပာရင္ရပါတယ္။ ဗမာ လူမ်ိဳးေတြ ဘယ္ေလာက္အထိပြဲလန္းသဘင္မက္ၾကလဲဆိုရင္ (၁၂)လရာသီ ပြဲေတြ အပါအဝင္ ဘုရားပြဲ ပဲျဖစ္ျဖစ္ အလႉပဲေပးေပး အထူးသျဖင့္ သာေရး ပြဲေတြမွာပိုဆိုးေပါ့ အတီးအမႈတ္အကအခုံ ေတြ ဆိုင္း၊အၿငိမ့္၊ဇာတ္သဘင္ ေတြကေတာ့ ပြဲတိုင္း မပါမျဖစ္။ နာေရးေတာင္မလြတ္ပါဘူး ဘုန္းႀကီးပ်ံ၊ခမည္းေတာ္ပ်ံ မယ္ေတာ္ပ်ံ စသည္ျဖင့္ ပြဲလန္းသဘင္ ေတြထည့္သြင္းၿပီး ကၾကခုန္ၾကေပါ့။ ဒါတင္ပဲလား ဘယ္ဟုတ္ပါ့မလဲ အဲေလာက္ႏွင့္အားမရေသးဘူး ကိုယ္ႏွင့္မဆိုင္တဲ့ ခရစၥမတ္ တို႔လို Happy New Year လို ပြဲေတြမွာ ဝင္ကဲလိုက္တာက အဆစ္ပါေသး။ အဲေလာက္ပြဲလန္းသဘင္မက္ေမာတဲ့ ေ႐ႊျမန္မာေတြဟာ တကမာၻလုံးကို ဒုကၡေပးေနတဲ့ ကိုဗစ္ ႏွင့္ေတြ႕ေတာ့ ေပ်ာ္ခ်င္ပါးခ်င္ ကဲခ်င္တဲ့စိတ္ကို ေအာင့္အီးမ်ိဳသိပ္ေနရေတာ့တာေပါ့။ ေပ်ာ္ဖို႔အားခဲထားတဲ့ သၾကၤန္ပြဲလည္း လြတ္၊ပြဲမွန္သမွ်အကုန္လြတ္ၿပီး ေနမထိ ထိုင္မသာ ျဖစ္ေနၾကတယ္ ဆိုတာ မေျပာဘဲႏွင့္ သိေနပါတယ္။ မ်ိဳသိပ္ထားခဲ့ရတဲ့ လေတြကလည္း ၾကာရွည္လာခဲ့ၿပီေလ။

“ေၾကာင္ခံတြင္းပ်က္ႏွင့္ ဇရက္ေတာင္ပံက်ိဳး” ဆိုတဲ့ စကားပုံကို အသက္သြင္းလိုက္ တာက အခုတေလာ ပြဲဆူ ေနတဲ့ မဲဆြယ္ပြဲ ျဖစ္ပါတယ္။ မဲဆြယ္ပြဲ ဆိုၿပီး တအုံးအုံးတဂြမ္းဂြမ္း ျဖင့္ ယာဥ္ႀကီးယာဥ္ငယ္အသြယ္သြယ္ ျဖင့္ လွည့္လည္ေနၾကတာကို ၾကည့္မိေတာ့ သၾကၤန္ပြဲ၏ အေငြ႕အသက္ ကိုခံစားမိသလို ရွင္ျပဳအလႉ ေတြမွာ ရွင္ေလာင္းလွည့္ၾကတဲ့ဓေလ့ကိုလည္း ခံစားလာမိျပန္တယ္။ ေနာက္ၿပီး ဆြမ္းေလာင္းပြဲေတြမွာ သူ႔အရပ္ကိုယ့္အရပ္၊ သူ႔႐ြာကိုယ့္႐ြာ အၿပိဳင္အဆိုင္ ကခုန္ၾကတဲ့ သေဘာကိုလည္း ခံစားလာမိျပန္တယ္။ ဒါတင္ဘယ္ကအုံးမွာလဲ ရဲကိုကို ၊ရဲမင္းပိုင္ ၊သီဟတင္စိုး ေနထူးႏိုင္တို႔ ႐ိုက္ေနတဲ့ ဖိုက္တင္ခန္း ေတြ ျမင္ရတာက အဆစ္ပါလိုက္ေသး။ ကိုယ့္အရပ္ႏွင့္ကိုယ့္ဇာတ္ေတာ့ ဟုတ္ေနၾကတာပဲ။ လေပါင္းမ်ားစြာ မ်ိဳသိပ္လာရတဲ့ ‌အေပ်ာ္မက္တဲ့ စိတ္ေတြကို မဲဆြယ္ပြဲမွာ ပြင့္အန္ထြက္ၾကလာသလို ျဖစ္ေနတယ္။

ေျပာခ်င္တာက ကိုယ္ေထာက္ခံတဲ့ပါတီကို မဲေပးရမည့္ေန႔မွာ မပ်က္မကြက္ ထည့္ၾကဖို႔က လိုရင္းအခ်က္ပါ။ မဲဆြယ္တယ္ ဆိုတာက နဂို ေထာက္ခံၿပီးသား ဝန္းရံၿပီးသား လူေတြကို ဆြယ္တာမဟုတ္ပါဘူး၊နဂို ေထာက္ခံၿပီးသား လူမ်ိဳးေတြကေတာ့ မဲဆြယ္စရာမလိုပဲႏွင့္ကို ေထာက္ခံၾကၿပီးသားပါပဲ။ ၾကားထဲက ဟိုလိုလို ဒီလိုလို ျဖစ္ေနတဲ့ သူေတြကို မဲဆြယ္ရတာပါ။ ဒါကို ကားဂိတ္ ခရီးသည္လုၾကတဲ့ ကယ္ရီ သမားေတြလို လုလို႔ရတဲ့ အမ်ိဳးလည္းမဟုတ္ပါဘူး။ ေဈးေရာင္းတဲ့သူလို ကိုယ့္ဆိုင္ဝယ္ခ်င္လာေအာင္ အျပင္အဆင္ႏွင့္တမ်ိဳး အေျပာခ်ိဳခ်ိဳႏွင့္တဖုံ ေဖာက္သည္ ရွာရတာႏွင့္တူပါတယ္။ အေပါက္ဆိုးဆိုး ဘုကလန္႔ ေဈးသည္ ဆိုရင္ ေဖာက္သည္ရဖို႔မလြယ္ပါဘူး။ အဲဒါေၾကာင့္မဲဆြယ္တယ္ဆိုတာ ၾကားထဲကလူေတြ ပါလာေအာင္ ဆိုရင္ အေျပာအဆိုအမူအယာ ယဥ္ေက်းဖို႔လိုအပ္ပါတယ္။ မဲဆြယ္လွည့္လည္သူေတြကိုေျပာခ်င္တာက ယခုလို ကိုဗစ္ကာလမွာအဓိကႏွင့္သာမည ခြဲျခားသိဖို႔ လိုပါတယ္။

Zin Yaw