စည်းစိမ်တစ်ဝက် ပုံပေးပြီး လက်ထပ်ခွင့် တောင်းခံ ရတဲ့ အကြောင်း ပြောပြ လာတဲ့ မမဆောင်း
မမဆောင်းနာမည်နဲ့ လူမှုကွန်ယက်မှာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး ဆောင်းအိန္ဒြေထွန်းကတော့ ဇာတ်ကားများစွာကို ရိုက်ကူးသရုပ်ဆောင်ပြီး အားပေးတဲ့ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။မီဒီယာများနဲ့တွေ့ဆုံလျှင်လည်း ဟန်ဆောင်မှုကင်းပြီး ဒဲ့ဒိုးပြောဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားသူတစ်ဦးပါ။ မမဆောင်းကတော့ အလှူအတန်းပြုလုပ်ရာမှာ ဝါသနာပါသူတစ်ဦးဖြစ်သလို သူမရဲ့ ရိုးသားတဲ့ အင်တာဗျူးဖြေဆိုဟန်တွေကြောင့် လည်း လူမှုကွန်ယက်မှာ လူအများစိတ်ဝင်စားခြင်းကိုခံနေရတာဖြစ်ပါတယ်။ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မမဆောင်းက သူမကို စည်းစိမ်တဝက်ပုံပေးပြီး လက်ထပ်ခွင့်တောင်းခံရတဲ့အကြောင်း ပြောပြလာခဲ့တာပါ။
“ပိုက်ဆံလိမ်ခံရတာတွေရှိတယ် သရုပ်ဆောင်ထဲကပဲ အမနာမည်တော့မပြောတော့ပါဘူး ပိုက်ဆံသူ့ဆီမှာ သိန်း ၅၀ လောက်ပါသွားတယ် ကိုယ်ကရိုးတော့လေ ကိုယ့်ကိုလိမ်နေမှန်းလည်း ကိုယ်မသိဘူး အဲ့လိုပြောပြရမှာကို အားနာတယ် အဲ့ဒီမောင်လေးကိုလေ ပြောလည်းမပြောပြချင်ပါဘူး
သူလည်းအခုပြန်ဆပ်သင့်သလောက် ဆပ်ပြီးပါပြီ အမလည်းတချို့ဟာတွေ ၁၀ သိန်း ၁၅ သိန်းလောက်မယူဖြစ်တော့ဘူး အမပြောချင်တာက အမကအရမ်းရိုးတဲ့အခါကျတော့ သူများကို အရမ်းယုံတယ် အမ အခုလိုပြောတာ အမစိတ်ဆိုးလို့ပြောတာမဟုတ်ဘူး မေးလာတဲ့သူရှိလို့ ဘဝမှာကြုံခဲ့ဖူးလားဆိုလို့ ပြောပြတာပါ ကိုယ်တောင်သူ့ကို ၁၅ သိန်းမုန့်ဖိုးပြန်ပေးလိုက်သေးတယ်
လိုင်းပေါ်ကနေ လူတစ်ယောက်က သူ့စည်းစိမ်ကို တဝက်ခွဲပြီးပေးမယ် ဘာညာနဲ့ အဲ့လိုမျိုး Propose အတင်းလုပ်တာတွေတော့ရှိတယ် ကိုယ့်ကို အတဲ့ပုံစံမျိုးကြီးထင်နေလားမသိပါဘူး အဲ့လိုပုံစံမျိုးနဲ့ ပြောတော့ ကိုယ်ကရိုးပေမယ့် အတော့မအဘူးပေါ့နော် မမဆောင်းက သူတို့က အတဲ့ပုံစံမျိုးဆက်ဆံတာရှိတယ် ကိုယ်က ကိုယ့်ဘာသာကြည့်ရှောင်ရတာပေါ့နော် ” လို့ဆိုလာခဲ့တာဖြစ်ပါတယ် မမဆောင်းကတော့ သူ့ကို လူတွေကအတဲ့ စာရင်းထဲသွင်းထားပြပေမယ့် သူမဟာ ရိုးသာရိုးတာဖြစ်ပြီး မအ တဲ့အကြောင်း ရှင်းပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
Writer – Magic(Shwe Yaung Myanmar)
zawgyi